မီးနေသည်တွေ မိုးရေကိုင် ရင် ဘာဖြစ်တတ်သလဲ
မီးနေသည်တွေ မိုးရေ မထိရဘူး။ မိုးရေထိရင် အဆစ်တွေ နာတတ်တယ်။ နောက်ပိုင်းကျရင် ဒဏ်ဖြစ်ပြီး ခံရတတ်တယ်လို့ ပြောကြတယ်။ ဒါက တကယ်ပဲလား။ မီးနေသည်တွေ မိုးရေကိုင် ရင် ဘာဖြစ်တတ်သလဲ။ မိုးရေက အဆိပ်သင့်စေလား။ မိုးရေကလည်း ရိုးရိုးရေပါပဲ။ နေထိုင်ရာဒေသကို လိုက်ပြီး ဖုန်တွေ၊ အမှိုက်သရိုက်တွေ ပါနိုင်ပေမယ့် သေချာသန့်စင်ပြီး ချိုးရေ၊ သုံးရေအနေနဲ့ သုံးနိုင်ပါတယ်။ ရေရှားတဲ့ ဒေသတွေမှာဆို ရေသန့်စက်နဲ့ သန့်ပြီး သောက်ရေအဖြစ်တောင် သုံးလို့ရပါတယ်။ ဒါကြောင့် မိုးရေက သာမန်လူတွေကိုရော ကိုယ်ဝန်ဆောင်၊ မီးနေသည်တွေကိုပါ ထိတွေ့မိရုံနဲ့ အဆိပ်မသင့်စေပါဘူး။ မီးနေသည်များနဲ့ ရေပြဿနာ လူကြီးတွေက မီးနေသည်တွေကို မိုးရေတင်မကပါဘူး။ မီးတွင်းမှာ ရေမကိုင်ရဘူးတို့၊ ဆပ်ပြာမကိုင်ရဘူးတို့ပါ တားတတ်ကြပါတယ်။ ဘာကြောင့်လဲလို့ မေးလိုက်ရင် ခြေလက်တွေ ထုံတတ်တယ်။ အဆစ်တွေ နာတတ်တယ်ဆိုပြီး ပြောကြပါတယ်။ မီးနေသည်တွေ မိုးရေကိုင် ရင် […]