မိခင်သေဆုံးနှုန်းများရတဲ့ အကြောင်းရင်းတွေထဲမှာ မွေးဖွားပြီးသွေးသွန် တာက ထိပ်ဆုံးကပါပါတယ်။ ခုထက်ထိ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မွေးဖွားပြီးသွေးသွန် တာကြောင့် အမေတွေ ဒုက္ခရောက်နေရတုန်းပါ။ ဒါကြောင့် အမေတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ ဂရုစိုက်ရသလို မွေးပြီးပြီးချင်း မီးတွင်းထဲမှာလည်း ဂရုစိုက်ရပါမယ်။ ဒါဆိုရင် ကလေးမွေးပြီးပြီးချင်း ဘာအကြောင်းတွေက သွေးသွန်စေတာလဲ။ ဘယ်လိုကုသမှုတွေပေးနေလဲ။ ဘယ်လိုကာကွယ်မလဲဆိုတာကို ရေးသားသွားပါ့မယ်။