ဒါအရေးကြီးပါတယ်။ အနာသက်သာစေသလို မွေးချိန်မှာ သိပ်မပင်ပန်းအောင် လုပ်ပေးနိုင်ပါတယ်။ သားအိမ်ညှစ်လို့ ဗိုက်ကြီး လုံးတက်လာတာနဲ့ အသက်ကို မျှင်းပြီး ဆွဲရှူပါ။ ရှည်ရှည်ရှူပြီး နှာခေါင်းနဲ့ ပါးစပ်ကနေ လေကို ဖြည်းဖြည်းချင်း ပြန်ထုပ်ပါ။ ဒီနည်းက အသက်ရှူတဲ့နေရာမှာ စိတ်ရောက်နေတဲ့အတွက် နာတာကို သိပ်သတိမထားမိတော့ပါဘူး။
နာနေတဲ့အချိန်မှာ အာရုံပြောင်းတဲ့အနေနဲ့ ကိုယ်နှစ်သက်တဲ့ပုံလေးတွေ ကြည့်တာ၊ သီချင်းလေးတွေ နားထောင်တာမျိုး လုပ်လို့ရပါတယ်။ ပြီးတော့ ဘေးနားက မိသားစုဝင်တွေရဲ့ အားပေးစကားသံကို နားထောင်တာကလည်း နာတာကို အာရုံသိပ်မရောက်တော့ဘဲ အနာသက်သာသွားပါတယ်။
သားအိမ်ကောင်းကောင်းမပွင့်သေးဘူး။ မွေးဖို့ လိုသေးတယ်ဆိုရင် ရေနွေးနွေးလေးနဲ့ ရေချိုးပေးနိုင်ပါတယ်။ အကြောတွေ ပြေလျော့လို့ အနာသက်သာစေတဲ့အပြင် စိတ်လည်း ကြည်စေပါတယ်။ ဒါကြောင့် တချို့နိုင်ငံတွေမှာ water birth လို့ ခေါ်တဲ့ နည်းလမ်းနဲ့ မမွေးခင်မှာ လေထိုးကန်ထဲကို ရေနွေးလေးထည့်ပြီး စိမ်လေ့ရှိပါတယ်။
ခုနကပြောသလိုပဲ အိပ်ရာထဲမှာပဲ လှဲနေစရာမလိုပါဘူး။ ကိုယ်သက်သာတဲ့ အနေအထားနဲ့ နေလို့ရပါတယ်။ လမ်းလျှောက်တာ၊ ထိုင်လိုက် ထလိုက်လုပ်တာ စသဖြင့်သက်သာသလို နေပါ။
ရေမချိုးချင်ဘူး။ တစ်ခုခုဖြစ်မှာ ကြောက်တယ်ဆိုရင် ရေနွေးအိတ်လေးနဲ့ နာတဲ့နေရာ (ဆီးစပ်၊ ဝမ်းဗိုက်၊ ခါး)ကို ရေနွေးအိတ်လေး ကပ်ပေးပါ။
ခန္ဓာကိုယ်မှာ နာတာကို လက်ခံတဲ့ အာရုံကြောရှိတယ်။ ထိတာကို သိတဲ့ အာရုံကြောရှိတယ်။ အထိအတွေ့အာရုံကြောက နာကျင်တဲ့အာရုံကြောကို မသိအောင် တားနိုင်ပါတယ်။ ဒါကြောင့် တစ်ခုခုနဲ့ တိုက်မိလို့ နာသွားရင် ပွတ်လိုက်တာနဲ့ သက်သာသွားတာပေါ့။
ခုလည်း ဒီလိုပါပဲ။ နာတဲ့နေရာကို ပွတ်သပ်တာ၊ ညင်ညင်သာသာ နှိပ်နယ်ပေးရင် နာတာ သက်သာသွားပါတယ်။
ကလေးမွေး ချိန်မှာ အနာသက်သာစေဖို့
ဒါတွေက ကလေးမမွေးခင်မှာ ဗိုက်နာတာကို သက်သာစေနိုင်တဲ့ သဘာဝနည်းလမ်းတွေပါ။ တစ်ခါတစ်လေ မွေးတဲ့အချိန် မနာအောင်လို့ ဆေးပေးတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် အပေါ်ကနည်းလမ်းတွေရော ဆေးတွေရော လုံးဝမနာအောင် မတတ်နိုင်ပါဘူး။
သက်သာအောင်ပဲ လုပ်နိုင်တာပါ။ သဘာဝအရလည်း နာမှ အမေက ညှစ်ဖို့ တွန်းအားတစ်ခုဖြစ်ပြီး ကလေးကောင်းကောင်းမွေးနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် ဒီနည်းလမ်းတွေက ကလေးမမွေးခင် အချိန်ပိုင်းလေးမှာ နာတာနည်းနည်းသက်သာအောင်တော့ ကူညီပေးနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။