ဘယ်နှကြိမ်ထိ ဗိုက် ခွဲမွေး လို့ရသလဲ။
တကယ်တော့ ဘယ်နှကြိမ်ထိ ခွဲလို့ရတယ်ဆိုတာ တိတိကျကျ မရှိပါဘူး။ ၆ခါအထိ ခွဲမွေး ကြပြီး ဘာမှမဖြစ်တဲ့သူတွေပဲ ရှိသလို၊ ၂ခါမြောက်ခွဲအမွေးမှာ ပြဿနာတက်သွားကြတဲ့သူတွေလည်း ရှိပါတယ်။
ဒါကြောင့် ဘယ်နှကြိမ်ထိပဲ ခွဲမွေးလို့ရတယ်လို့ အတိအကျပြောလို့မရပါဘူး။ ယေဘုယျအားဖြင့်တော့ ခွဲမွေးတဲ့ အကြိမ်ရေများလေလေ၊ နောက်ဆက်တွဲ ပြဿနာတွေ ကြုံနိုင်လေဆိုတာကိုတော့ သတိထားသင့်ပါတယ်၊၊ သားဖွားမီးယပ်ဆရာဝန်တွေကတော့ ၂-၃ကြိမ်ထက် ပိုမခွဲသင့်ဘူးလို့ အကြံပေးကြပါတယ်။
ခွဲမွေး လို့ရမရ ဘယ်လိုသိနိုင်မလဲ။
အရင်ဆုံးတော့ ကိုယ်ဝန်က အန္တရာယ်နည်းတဲ့ ကိုယ်ဝန်လား။ ရိုးရိုးမွေးလို့ရတဲ့ ကိုယ်ဝန်လားဆိုတာ အရင်စမ်းသပ်မေးမြန်းရပါတယ်။ အဆင်ပြေတယ်။ ရိုးရိုးမွေးလည်း ရတယ်။ ဒါပေမယ့် မိခင်က ရိုးရိုးမမွေးချင်ဘူး ခွဲမွေးချင်တယ်ဆိုမှ မိခင်ရဲ့ ဆန္ဒအတိုင်း လုပ်ပေးတာပဲ ဖြစ်ပါတယ်။
ခွဲမွေးမယ် မမွေးဘူးဆိုတာ ဆရာဝန်နဲ့ မိခင်တို့ရဲ့ ဆုံးဖြတ်ချက်တစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ်ဝန်အနေအထားလည်း ပါပါသေးတယ်။ တချို့ကိုယ်ဝန်တွေက ခွဲမွေးမှ ဖြစ်မယ့်အခြေအနေမို့လို့ မွေးလိုက်ရတာတွေ ရှိပါတယ်။ မိခင်က ရိုးရိုးမွေးချင်ပါတယ်ဆိုရင်တောင် မရပါဘူး။
တစ်ခါခွဲမွေးပြီး နောက်တစ်ခါ ခွဲမွေးလို့ရမရ
ဒါက လက်ရှိကိုယ်ဝန်အပေါ် မူတည်ပါတယ်။ ခုနကပြောခဲ့တဲ့အချက်တွေနဲ့ပဲ ဆုံးဖြတ်ရမှာပါ။ ပိုကောင်းတာကတော့ ကိုယ်ဝန်မယူခင်တည်းက ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်လိုမျိုးမွေးရင်ကောင်းမလဲ။ ထပ်ပြီး ခွဲမွေးလို့ အဆင်ပြေနိုင်ပါ့မလားဆိုတာကို ကြိုတိုင်ပင်ထားသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။