မေမေတိုင်း ရင်ခုန်စွာ စောင့်ဆိုင်းကြတဲ့ ဘေဘီလေး မွေးဖွားမယ့်အချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 15, 2020 . 2 mins read
Share now

မေမေတစ်ယောက် ဖြစ်ရတာ မလွယ်ပါဘူး။ ကျော်ဖြတ်ရတဲ့ အခက်အခဲ များစွာနဲ့ပါ။ ကိုယ်ဝန် စရှိပြီလို့ သိချိန်ကစပြီး ကိုယ်တိုင်ရော ဗိုက်ထဲက ဘေဘီလေးပါ ကျန်းမာစေဖို့ ဂရုစိုက်ရတဲ့ အရာတွေက အများကြိးပါ။ အနေအထိုင် အစားအသောက်ကစလို့ပေါ့။

ကိုယ်ဝန်ရှိပြီလို့ လက္ခဏာတွေ တွေ့ရပြီဆိုတာနဲ့ ဘေဘီလေး ရှိနေပြီလားဆိုတာကို စစ်ဆေးရပါတယ်။ ဆီးစစ်တံ သုံးပြီး စစ်တာရှိသလို ဆေးခန်းကို သွားပြီး ဆီးစစ်တာမျိုး လုပ်ရတာလည်း ရှိပါတယ်။

ကဲ ကိုယ်ဝန်ရှိပြီ သေချာပြီဆိုတော့ မေမေတွေ ထပ်သိချင်တာတစ်ခုက ဘေဘီလေးကို ဘယ်တော့ မွေးမလဲဆိုတာပေါ့။ ဒီတော့ ဘာလုပ်ကြသလဲဆိုရင် ဆရာဝန်ကို ပြသပြီး ( ဗိုက်အပ်ရင်း) မွေးဖွားမယ့်ရက် (Due Date) ကို တွက်တာလေ။

ဒါက တကယ်လည်း သိသင့်တဲ့အရာပါ။ မေမေအနေနဲ့ ဘေဘီလေးကို ဘယ်နေ့ ဘယ်လမှာ မျက်ဝါးထင်ထင် မြင်ရမလဲဆိုတာက သိသင့်တဲ့ အချက်ပါ။ ဒီလို သိမှလည်း ကိုယ်ဝန်ဆောင် ကာလတလျှောက် လိုအပ်တဲ့ စစ်ဆေး စောင့်ရှောက်မှုတွေကို အချိန်ကိုက် လုပ်ဆောင်နိုင်မှာလေ။

ဘေဘီလေးနဲ့ မေမေတို့အတွက် အရေးပါတဲ့ Due Date ( မွေးဖွားမယ့်ရက်)

မေမေ့ အနေနဲ့ ဘေဘီလေးကို စလွယ်ထားရပြီဆိုတာနဲ့ ပထမဆုံး အကြိမ် အယ်လ်ထရာဆောင်း မရိုက်ခင်မှာ အရင်ဆုံး လုပ်ရမှာက မွေးဖွားမယ့်ရက် (Due Date) ကို တွက်တာပါ။

ဘေဘီလေးရဲ့ မွေးဖွားမယ့်ရက် (Due Date) က အလွယ်ဆုံး ပြောပြရရင် မေမေ နောက်ဆုံး ရာသီသွေးပေါ်ခဲ့တာရဲ့ နောက်ထက် ရက်သတ္တပတ် ၄၀ ပါ။ ဒါကိုမမှတ်မိဘူးဆိုရင်တော့ Due Date Calendar လေးသုံးပြီး ကိုယ်တိုင် တွက်ချက်လို့ ရပါတယ် မေမေ။

ပထမဆုံး အယ်လ်ထရာဆောင်း ရိုက်ယူပြီးတဲ့အခါ အိုဂျီက ဘေဘီလေးရဲ့ အရွယ်အစားကို တိုင်းတာရယူတာ၊မွေးဖွားမယ့်ရက်ကို တိတိကျကျ တွက်ချက်ပေးတာမျိုး လုပ်ပေးပါတယ်။

ပထမဆုံးအကြိမ် အယ်လ်ထရာဆောင်း ရိုက်တဲ့အခါ အိုဂျီက မြေပဲဆန်ပုံစံ ဘေဘီလေးရဲ့ ကြီးထွားမှုကို တိုင်းတာပေးရင်း ချိုမြိန်လှတဲ့ ဘေဘီလေးရဲ့ နှလုံးခုန်သံကို နားထောင်နိုင်ဖို့ လုပ်ပေးပါလိမ့်မယ်။ ဒီကာလက ကိုယ်ဝန် ၅ ပတ် ကနေ ၆ပတ်လောက်ရှိနေပါပြီ။

မွေးဖွားမယ့်ရက် သေချာ သိပါစေ။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတစ်ယောက်အနေနဲ့ စစ်ဆေးရမယ့် ကျန်းမာရေး စစ်ဆေးမှုတွေ ရှိသလို ထိုးနှံရမယ့် ကာကွယ်ဆေးတွေလည်း ရှိပါတယ်။ အားဆေးသောက်တာက စလို့ပေါ့။

ကိုယ်ဝန်ဆောင်ချိန်မှာ လုပ်ဆောင်ရမယ့် စစ်ဆေးမှုတွေကို အကုန် ပြည့်စုံအောင် လုပ်ဖို့လိုသလို အချိန်ကို အတိအကျ လုပ်ဆောင်နိုင်ဖို့လည်း လိုပါမယ်။ အချို့သော ကိုယ်ဝန်ဆောင်ချိန် ခံယူရမယ့် စစ်ဆေး စောင့်ရှောက်မှုတွေက အချိန် လွဲလို့ မဖြစ်ပါဘူး။ ဒါတွေကို အချိန်ကိုက် လုပ်ဆောင်နိုင်ဖို့ ဆိုရင် Due Date ကအရေးကြီးပါတယ်။

တကယ်လို့ မွေးဖွားမယ့်ရက်ကို သေချာ မတွက်ချက်ထားဘူးဆိုရင် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ စစ်ဆေးမှုတွေကို အချိန်ကိုက် မလုပ်နိုင်ဘဲ မေမေ့မှာ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ရှိလာနိုင်သလို ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် မွေးဖွားမယ့်ရက် (Due Date) ကို သေချာသိဖို့ လိုပါမယ်။

ဘေဘီလေး မျက်နှာမြင်ရမယ့် မေမေတို့ ရင်ခုန်စွာ စောင့်ဆိုင်းရတဲ့ ရက်ကလေးကို Helloဆရာဝန်ရဲ့ ဒီ Due Date Calendar အက်ပ်လေးမှာ ကိုယ်တိုင် တွက်ချက်ကြည့်လို့လည်း ရပါတယ် မေမေ……….

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သင့်ကလေးရဲ့ ကာကွယ်ဆေးတွေထဲမှာ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကိုပါ ဘာကြောင့်ဦးစားပေးထိုးသင့်တာလဲ

ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ကို လူတိုင်းထိုးထားသင့်ပါတယ်။ အကြောင်းကတော့ ဂျပန်ဦးနှောက်ရောင်ရောဂါက သေဆုံးနိုင်သည်အထိ ပြင်းထန်တာကြောင့်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုယ်ဝန်ဆောင်မေမေ ကော်လာဂျင် သောက်လို့ရလား………………….

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးလည်ပတ်မှုကောင်းတာကြောင့် အသားအရေက ကြည်လင်လှပနေသလို ဆံသားကလည်း နက်မှောင်နေတတ်ပါတယ်။ ဒါဆို ဒီလိုကာလမှာရော ကော်လာဂျင်က လိုဦးမှာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား ... ချင်း က ဘေဘီလေးတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေဖြစ်စေနိုင်လဲဆိုတာ မေမေတွေ သိထားဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
Uncategorized ဇန်နဝါရီ 20, 2021 . 2 mins read

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဘေဘီလေးက ကြက်သွန်နီ (onions) စားလို့ရရဲ့လား။ ဘယ်အရွယ်မှာ စစားလို့ ရတာလဲ။ ဒီမေးခွန်းက မေမေတိုင်း မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ရပ်ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 20, 2021 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ အကြောင်း

ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
စိတ်ဖိစီးနေပေမဲ့ အိပ်ပျော်ဖို့ လိုပါတယ်

စိတ်အရမ်းဖိစီးနေလည်း အိပ်ပျော်ဖို့ လိုပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read
ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read
မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး ရောဂါ (၆) မျိုး ကနေ ကလေးတွေကိုဘယ်လိုကာကွယ်မလဲ။

မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး ရောဂါ (၆) မျိုး ကနေ ကလေးတွေကိုဘယ်လိုကာကွယ်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 29, 2021 . 2 mins read