American College of Obstetricians and Gynecologistsက အကြံပြုတာတော့ ရေထဲမှာ မွေးမယ်ဆိုရင် အောက်ကအချက်တွေနဲ့ ကိုက်ညီဖို့လိုပါတယ်။
- ကိုယ်ဝန်ပတ် ၃၇ပတ်ကနေ ၄၁ပတ်၊ ၆ရက်ကြား ဖြစ်ရမယ်။
- အန္တရာယ်မရှိတဲ့ ကိုယ်ဝန်ဖြစ်ရမယ်။
- ရေမြွာရည်ကြည်ရမယ်။
- ကလေး အနေအထားမှန်ရမယ်။
- အမြွာကိုယ်ဝန် မဖြစ်ရဘူး။
မမွေးသင့်တဲ့ သူတွေကတော့
- အသက် ၁၇နှစ်အောက် ဒါမှမဟုတ် ၃၅နှစ်အထက်
- ကိုယ်ဝန်ဆိပ်တက်နေတာ၊ ဆီးချိုရှိတာ
- အမြွာကိုယ်ဝန်ဆောင်ထားတာ
- အရင်က နှစ်ခေါက်နဲ့အထက် ဗိုက်ခွဲမွေးဖူးတာ
- ကလေးအနေအထား မမှန်တာ (ဥပမာ ဆုံပိုင်း)
- လမစေ့တဲ့ ကိုယ်ဝန်ဆိုရင်
- ကလေးက ကိုယ်အလေးချိန်များပြီး ကြီးနေရင်
- မွေးနေတဲ့အချိန်မှာ ကိုယ်ဝန်ကို တောက်လျှောက်ကြည့်နေဖို့ လိုပြီး ရေထဲမှာ ကိုယ်ဝန်ကို ကြည့်ဖို့ အဆင်မပြေတဲ့အခါ (ဥပမာ ကလေးရဲ့ နှလုံးခုန်နှုန်းကို ဆက်တိုက်ကြည့်ဖို့ လိုတဲ့အခါမျိုး)
- အမေက ဖျားနေတာ၊ အရေပြားမှာ ပိုးဝင်နေတာ
- မိန်းမကိုယ်ကနေ သွေးဆင်းများနေတာဆိုရင်တော့ မမွေးသင့်ပါဘူး။
ခေတ်မီလာတဲ့ ဆေးပညာအရ ကလေးမွေးတာကို သက်သာအောင် အမျိုးမျိုး ပြုလုပ်လာကြပါပြီ။ ရေထဲမှာ ကလေးမွေး တာက ကလေးအတွက်တော့ ထူးထူးခြားခြား ကောင်းကျိုးမရှိပါဘူး။ အမေအတွက်တော့ နာတာတွေ၊ စိတ်ဖိစီးတာတွေ လျော့ပြီး မြန်မြန်မွေးနိုင်အောင် ကူညီပေးပါတယ်။ ဒီနည်းနဲ့ မွေးဖို့ စဉ်းစားထားတယ်ဆိုရင် မမွေးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။