backup og meta

ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ

    ရင်သွေးလေးရဖို့ ကြိုးစားနေတဲ့ကာလမှာ သင့်အနေနဲ့ စိတ်ဖိစီးမှုတွေ ကြုံတွေ့နေရပါသလား။ သင့်အဖြေက ဟုတ်တယ်ဆိုရင် သင့်ကို ကလေးမရစေတဲ့ အဓိက တရားခံတွေက အဲဒီ စိတ်ဖိစီးမှုတွေပဲ ဖြစ်တယ်ဆိုတာ သိထားသင့်ပါတယ်။ ဆိုတော့ ဒီ စိတ်ဖိစီးမှုတွေကို ဘယ်လိုလျှော့ချမလဲ။ ဒီဆောင်းပါးလေးက သင့်ကို အကြံဉာဏ်လေးတွေ ပေးနိုင်မှာပါ။ ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာ ဆက်ကြည့်လိုက်စို့နော်။

    ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ

    ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတော့

    (၁) ရင်ဖွင့်ဖို့ ဒိုင်ယာရီရေးပါ။

    ဒိုင်ယာရီရေးတာ ကလေးကလားဆန်ပြီး ခေတ်လည်းနောက်ကျနေပြီလို့ သင်ထင်ကောင်းထင်နေမှာပါ။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ သုတေသနပြုချက် အများအပြားအရ ဒိုင်ယာရီရေးတာဟာ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့နဲ့ သင့်ရင်ထဲရှိတာတွေ ဖွင့်ထုတ်လိုက်ဖို့အတွက် အင်မတန်မှ အကျိုးရှိတဲ့ နည်းလမ်းတခု ဖြစ်တယ်လို့ သိရပါတယ်။

    ဒိုင်ယာရီကို နေ့တိုင်းရေးရမယ်လို့ မဆိုလိုပါဘူး။ အလှအပဆင်စရာလည်း မလိုပါဘူး။ ဒီစာအုပ်လေးဟာ သင့်စိတ်ထဲရှိသမျှကို ဖွင့်ချနိုင်တဲ့ အဖော်မွန်တယောက် ဒီလောက်ပါပဲ။

    သင် စိတ်ထဲမတွေ့တဲ့၊ သင်စိတ်အလိုမကျတဲ့ ဖိစီးမှုတွေအားလုံးကို ဒိုင်ယာရီထဲ သင်ရေးတတ်သလို ကြိုက်သလို ရေးထည့်ပါ။ မျိုသိပ်ထားရတာထက် အများကြီးနေလို့ ကောင်းသွားတာ တွေ့ရပါလိမ့်မယ်။

    ဒိုင်ယာရီကို သင်အနေအများဆုံးနေရာ ဒါမှမဟုတ် အသင့်တော်ဆုံးလို့ထင်တဲ့နေရာ (ဥပမာ ကုတင်ဘေးက စားပွဲပေါ် စသဖြင့်ပေါ့) မှာ ထားပါ။ ဒီလိုဆိုတော့ သင်အိပ်မပျော်တဲ့ ညမျိုးမှာ ဒါမှမဟုတ် သင့်ကို တခုခုက စိတ်အနှောင့်အယှက်ပေးနေတဲ့ အချိန်မျိုးမှာ ဒိုင်ယာရီထဲ ချရေးလိုက်ရုံပါပဲ။

    သင့်အနေနဲ့ ဒိုင်ယာရီကို သူများတွေမြင်မှာစိုးတယ်ဆိုရင်လည်း ဖုန်း၊ တက်ဘလက်၊ ကွန်ပြူတာ စသဖြင့် တကိုယ်ရည်သုံး digital ပစ္စည်းတွေထဲမှာ application အနေနဲ့ ဒါမှမဟုတ် note အနေနဲ့ ရေးထားနိုင်ပါတယ်။

    (၂) သူငယ်ချင်းတွေနဲ့ တွေ့ဆုံရင်ဖွင့်ပါ။

    သင့်အနေနဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်အနှောင့်အယှက်ဖြစ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ သင့်အချစ်ဆုံးအရင်းနှီးဆုံး သူငယ်ချင်းတွေဆီမှာ ရင်ဖွင့်လိုက်ရတာထက် ပိုကောင်းတဲ့ နည်းလမ်းဘယ်မှာများ ရှိနိုင်ဦးမှာလဲ။ လူချင်းတွေ့ပြီး ပြောလို့ရတယ်။

    ဖုန်းဆက်လို့ရတယ်။ အင်တာနက်က ပြောလို့ရတယ် ဒါမှမဟုတ် တယောက်ယောက်အိမ်မှာ မုန့်လုပ်စား၊ ဟင်းချက်စားကြရင်း အချင်းချင်း စကားတွေပြောကြ၊ တယောက်သတင်း တယောက်ဖလှယ်ကြနဲ့ ဘယ်လောက်ပျော်စရာကောင်းမလဲ။

    သင့်အနေနဲ့ သင့်ပြဿနာတွေ၊ ဖိစီးမှုတွေအကြောင်း သူတို့ကို ပြောပြလို့ရတဲ့အပြင် ဖြစ်နိုင်ရင် သူတို့ဆီက အကြံဉာဏ်တောင် တောင်းလို့ရပါသေးတယ်။ ဒီလို သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တွေ့ပြီးစကားပြောပေးတာဟာ သင့်ကို ပိုပြီး သက်သောင့်သက်သာ ရှိစေမှာဖြစ်သလို အားအင်အသစ်တွေလည်း ပြန်လည်ရရှိလာစေမှာပါ။

    (၃) အပြင်ထွက်ပါ။

    တခါတလေ အိမ်ထဲအနေများတာ၊ အခန်းအောင်းနေတာဟာ သင့်ကို စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျမှုတွေကို ပိုလာစေရုံပဲ ရှိပါတယ်။ အပြင်ထွက်ပါ။ ပြင်ပလောကကြီးကို တောက်ပတဲ့ နေခြည်အောက်မှာ တဝကြီးကြည့်ပါ။ အထူးသဖြင့် စိမ်းစိမ်းစိုစိုရှိတဲ့ နေရာတွေကို သွားပါ။

    ဖြစ်နိုင်ရင် သင့်ခင်ပွန်း ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ခရီးတိုလေးတွေသွားပါ။ ပေါ့ပေါ့ပါးပါး အားကစားလေးတွေကို အတူကစားပါ။ဥပမာ ရေကူးတာ၊ ယောဂကျင့်တာ စသဖြင့်ပေါ့။ ခရီးသွားတာဟာ သင့်ကို စိတ်ပျော်ရွှင်စေရုံသာမက သင့်ချစ်သူခင်သူ၊ ယုံကြည်ရသူတွေနဲ့ တွယ်တာချစ်ခင်မှုတွေကို ပိုလာစေမှာပါ။

    သင်ကိုယ်ဝန်ရှိဖို့ ကြိုးစားနေတဲ့ အချိန်မှာ အလုပ်၊ အိမ်ထောင်ရေး ဒါမှမဟုတ် စီးပွားရေးကိစ္စတွေရဲ့ ဖိစီးမှုကို ခံရမှာလည်း အမှန်ပါပဲ။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ အချက်လေးတွေကို စိတ်ထဲထည့်ထားပြီး မှန်မှန်ကန်ကန် လိုက်နာကျင့်သုံးသွားမယ်ဆိုရင် သင့်အနေနဲ့ တရက်ပြီးတရက် နေရထိုင်ရတာ ပိုပြီးသက်သောင့်သက်သာရှိလာတာကို တွေ့ရမှာပါ။

    သင့်အနေနဲ့ သိထားသင့်တာက ဒီအချိန်မှာ သင့်စိတ်နဲ့ ခန္ဒ္ဓာသာလျှင် အရေးအကြီးဆုံး ဆိုတာပါပဲ။ တခြားအာရုံနောက်စရာတွေကို တတ်နိုင်သမျှ ဘေးချိတ်ထားပြီး သင်အဆင်သင့်ဖြစ်တဲ့အချိန်၊ စိတ်ဓာတ်အင်အား ပိုပြီးတောင့်တင်းလာတဲ့အချိန်ကျမှ ရင်ဆိုင်ဖြေရှင်းလိုက်တာ အကောင်းဆုံး ဖြစ်ပါကြောင်း။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement