တခုသိထားရမှာက ဒီလေ့လာမှုမှာ ပါဝင်ခဲ့တဲ့ အမျိုးသားတွေ အားလုံးဟာ ကိုယ်ကာယကြံ့ခိုင်သန်စွမ်းကြသူတွေချည်းဖြစ်ကြပြီး သူတို့ရဲ့ မျိုးပွားနိုင်စွမ်းကို ထိခိုက်စေနိုင်မယ့် တခြားဘာရောဂါမှလည်း မရှိကြပါဖူး။
အံ့ဩစရာ တွေ့ရှိရတာကတော့ trans-fat တွေ အမြောက်အမြားပါဝင်တဲ့ အသင့်စား အစာတွေကို စားလေ့ရှိသူတွေရဲ့ သုက်ကောင်တွေဟာ ဆိုးဆိုးရွားရွားထိခိုက်နေပြီး ဒီအတိုင်းသာ ဆက်ပြီးစားသွားမယ်ဆိုရင် မျိုးမအောင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
ကြက်ကြော်၊ဟမ်ဘာဂါတွေကြောင့် မျိုးမအောင်နိုင်တဲ့ ကိစ္စ
အခုချိန်ထိ ကျွန်တော်တို့သိထားတာက ဒီလို အစားအစာတွေဟာ ဆီးချိုဖြစ်စေတယ်၊ကိုလက်စထရောတက်စေတယ်၊အဝလွန်စေတယ် စတာတွေကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ဖူးဆိုတာတွေပါ။
ဒါပေမယ့် ဒီလေ့လာမှုအရ သင်ကြိုက်လှပါချည်ရဲ့ဆိုတဲ့ ကြက်ကြော်တို့၊ဟမ်ဘာဂါတို့ဟာ ကလေးမရအောင်ပါ နှောင့်ယှက်တားဆီးပေးနိုင်တယ်ဆိုတာပါပဲ။ ဖြစ်နိုင်တာကတော့ ဒီလိုအစားအစာတွေအများစုမှာ ပါဝင်လေ့ရှိတဲ့ မျိုးဗီဇပြုပြင် ပြောင်းလဲထားတဲ့ ပါဝင်ပစ္စည်းတွေကြောင့်လို့ ထင်မြင်ယူဆရပါတယ်။
ဓါတုဗေဒနည်းနဲ့ လုပ်ထားတဲ့ အသားတွေ၊e-cigaretteမှာထည့်ရတဲ့ အရည်တွေ၊ ဆီလီကွန်ရင်သားတုလုပ်ရာမှာ သုံးတဲ့ ပစ္စည်းတွေအပြင် မျိုးဗီဇပြုပြင် ပြောင်းလဲထားတဲ့ ပစ္စည်းတွေ ပါဝင်ပြုလုပ်ထားတဲ့ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော အသင့်စား အစာတွေဖြစ်ပါတယ်။
၂၀၀၈ခုနှစ်က ဩစတျေးလျပညာရှင်တွေ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ GMO လို့အတိုကောက်ခေါ်တဲ့ မျိုးဗီဇပြုပြင်ထားတဲ့ အစားအစာတွေဟာ မျိုးပွားအဖွဲ့အစည်းကို ထိခိုက်စေတဲ့အတွက် မျိုးမအောင်တာ(ကလေးမရတာ)ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။