backup og meta

ဖခင်လောင်းတွေအတွက် ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖခင်လောင်းတွေအတွက် ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း

    ကိုယ်ဝန်ဆောင်တဲ့အကြောင်းပြောကြရင် လူတိုင်းကတော့ မိခင်ပေါ်မှာပဲ အာရုံစိုက်မိကြတာပါ။ ကျွန်တော်တို့အားလုံးဟာ မိခင်လောင်းတွေအတွက် ကျန်းမာရေးဆိုင်ရာ သတိပြုရမယ့်အချက်အချို့ကို သိနေကြပါတယ်။ ဥပမာ- ဆေးလိပ်သောက်တာ အရက်သောက်တာမျိုးကို ရပ်လိုက်ဖို့၊ အားဆေးသောက်ဖို့၊ ကာကွယ်ဆေးထိုးဖို့၊ များများအနားယူဖို့ နဲ့ အခြားသောအရာတွေပေါ့။ ဒါပေမယ့် လူအများစုကတော့ ဒီကိုယ်ဝန်ဆောင်ကာလမှာ ဖခင်ရဲ့ကျန်းမာရေးကလည်း ကလေးရဲ့ကျန်းမာရေးအပေါ်မှာ အများကြီးလွှမ်းမိုးမှုရှိတယ်ဆိုတာ သတိထားမိကြမှာမဟုတ်ပါဘူး။

    တကယ်တမ်းတော့ အမျိုးသားအများစုကလည်း သူတို့ရဲ့ သုက်ပိုးတွေဟာ မမျိုးဥတွေလိုပဲ အရေးကြီးတယ်ဆိုတာ မသိကြပါဘူး။ လေ့လာမှုတွေကတော့ ဆီးချို သို့မဟုတ် အဝလွန်ရောဂါရရိသူတွေရဲ့ သုက်ပိုးတွေက ကလေးမှာလည်း အဝလွန်ရောဂါဖြစ်နိုင်ချေကို တိုးစေပါတယ်လို့ သက်သေပြထားပါတယ်။ ဒါကြောင့် သင်က ကျန်းမာသန်စွမ်းတဲ့ ကလေးလေးရဲ့အဖေဖြစ်လိုတယ်ဆိုရင် သင့်ရဲ့ ဘဝနေထိုင်မှုပုံစံကို ခုပဲချိန်ညှိလိုက်ပါ။

    ၁။ အရက်သောက်ခြင်းကို ထိန်းချုပ်ပါ။

    လေ့လာသူတွေကတော့ အရက်သောက်ခြင်းဟာ အမျိုးသားတွေဆီမှာ ပုံမှန်မဟုတ်တဲ့ သုက်ပိုးတွေကို ထုတ်လွှတ်ပေးနေရခြင်းရဲ့ အကြောင်းရင်းပါလို့ဆိုပါတယ်။ သင်က တစ်ရက်ကို တစ်ခွက် သို့မဟုတ် ၂ခွက်သောက်နိုင်ပေမယ့် ဒီထက်တော့ ပိုမသောက်မိပါစေနဲ့။

    ၂။ တက်တက်ကြွကြွနေပါ။

    လှုပ်လှုပ်ရှားရှားနေဖို့ အချိန်တန်ပါပြီ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ အမျိုးသားတွေမျိုးအောင်နိုင်စွမ်းကို တိုးစေပါတယ်။ သင်ကတစ်ပတ်ကို ၃ကြိမ် နာရီဝက်လောက်အချိန်ပေးပြီး နှလုံးကြွက်သားတွေအတွက် လေ့ကျင့်ခန်းတွေကို စတင်သင့်ပါပြီ။ ပြေးခြင်း၊စက်ဘီးစီးခြင်း၊ ရေကူးခြင်း အစရှိသဖြင့်ပေါ့။ ဒါတွေထဲက သင်ကြိုက်ရာကိုရွေးပြီးသာ ပုံမှန်လုပ်ပါ။

    ၃။ အလေးချိန်ထိန်းပါ။

    အလေးချိန်များလွန်းနေတာဟာ သုက်ပိုးအရည်အတွက်ရော အရည်အသွေးတွေနဲ့ပါ ဆက်စပ်နေပါတယ်။ ပြီးတော့ အဝလွန်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင်က အလေးချိန်များနေတယ်ဆိုရင် ပေါင်အနည်းငယ်ကျသွားအောင် ကြိုးစားပါလို့ အကြံပြုထားပါတယ်။ ကလေးအတွက် (သင့်အတွက်ရောပေါ့ ) ကာဘိုဟိုက်ဒရိတ်နည်းပြီး ပရိုတိန်းများတဲ့ မျှတတဲ့ စားသောက်မှုအလေ့အထကို မွေးမြူပါ။ ပြီးရင်တော့ လေ့ကျင့်ခန်းလုပ်ပါ။

    ၄။ အားဆေးသောက်ပါ။

    မိခင်လောင်းကပဲ ဗီတာမင်တွေလိုနေတာမဟုတ်ပါဘူး။ သုက်ပိုးအတွက် တာဝန်ရှိသူကလည်း ဗီတာမင်တွေ လိုတာပါပဲ။ ဗီတာမင်တွေဟာ သုက်ပိုးတွေရဲ့ကျန်းမာရေးကို သိသာထိရောက်စွာ ကောင်းမွန်စေတာကြောင့် ဒါဟာလည်း ကျန်းမာတဲ့ကလေးကို ရစေနိုင်တာပါပဲ။

    ကလေးတစ်ယောက် ရဖို့ဆိုတာ မိခင်တစ်ယောက်တည်းပေါ်ပဲ မူတည်နေတာမဟုတ်ပါဘူး။ သင်က ဖခင်တစ်ယောက်ဖြစ်လိုတယ်ဆိုရင် သင့်ကျန်းမာရေးကို ဂရုစိုက်ပါ။ မိဘနေရာမှာနေဖို့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ သင်တို့ နှစ်ယောက်လုံးအတွက် မလွယ်ကူလှပါဘူး။ သင်က ကျန်းမာရေးကောင်းနေမှသာ သင့်ဇနီးကို ဂရုတစိုက်နဲ့ ကူညီနိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာလည်းကလေးကို ပြုစုစောင့်ရှောက်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement