backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

အတက်ရောဂါရှိတဲ့ မေမေကိုယ်ဝန်ဆောင်တဲ့အခါ

အတက်ရောဂါရှိတဲ့ မေမေကိုယ်ဝန်ဆောင်တဲ့အခါ

ရောဂါတစ်ခုခုခံစားနေရရင် ကိုယ်ဝန်ဆောင်တဲ့အခါ မွေးလာမယ့် ကလေးကို ထိခိုက်မလား၊ ကိုယ်ဝန်ရောဆောင်လို့ရပါ့မလားဆိုပြီး စိတ်ပူတတ်ကြတာ အမျိုးသမီးတိုင်းနီးပါးပါ။ မေမေဖြစ်ချင်ပေမယ့် အတက်ရောဂါရှိနေလို့ မေမေဖြစ်ခွင့်ရပါ့မလားလို့ တွေးနေတဲ့ မေမေတို့အနေနဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ အတက်ရောဂါရှိတဲ့ မေမေကိုယ်ဝန်ဆောင်တဲ့အခါ ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို ကိုယ်တိုင် လေ့လာလိုက်ပါဦးနော်။

အတက်ရောဂါရှိတဲ့ မေမေကိုယ်ဝန်ဆောင်တဲ့အခါ

အတက်ရောဂါရှိတဲ့ မေမေကိုယ်ဝန်ဆောင်တဲ့အခါ သိထားသင့်တာလေးတွေက

အမျိုးသမီးများနဲ့ အတက်ရောဂါ

အတက်ရောဂါက အမျိုးသမီးတွေအနေနဲ့ မပေါ့သင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အတက်ရောဂါကို ခံစားရပုံချင်းက အမျိုးသမီးတစ်ဦးနဲ့ တစ်ဦးမှာလည်း မတူတတ်ကြပြန်ပါဘူး။ တစ်ခါတလေမှာ အတက်ရောဂါက ကိုယ်တွင်းက ဟော်မုန်းပမာဏ၊ ရာသီစက်ဝန်း၊ ကိုယ်ဝန်ဆောင်ကာလ၊ သွေးဆုံးချိန်တွေပေါ်မှာလိုက်ပြီး ကွာခြားနိုင်ပါတယ်။

အတက်ရောဂါရှိသူတွေ ကိုယ်ဝန်ဆောင်လို့ရလား။

အတက်ရောဂါရှိသူ အမျိုးသမီးအများစုက ကိုယ်ဝန်ဆောင်လို့ရပါတယ်။ ဒါပေမယ့် သာမန်အမျိုးသမီးတွေထက်စာရင်တော့ အန္တရာယ်များတာပေါ့။ အတက်ရောဂါကြောင့် မိခင်ကျန်းမာရေးကို ထိခိုက်နိုင်သလို ဘေဘီလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒီလိုဆိုတာနဲ့ ကိုယ်ဝန်မဆောင်ရတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ အတက်ရောဂါရှိနေပေမယ့်လည်း ကျန်းမာရေးကို သေချာလေးဂရုစိုက်မယ်ဆိုရင် ကိုယ်ဝန်ဆောင်နိုင်မှာပါ။

မိခင်မှာ အတက်ရောဂါရှိနေပေမယ့် ကျန်းမာတဲ့ ကလေးကို မွေးဖွားနိုင်ပါသေးတယ်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Epilepsy and pregnancy: What you need to know. http://www.mayoclinic.org/healthy-lifestyle/pregnancy-week- by-week/in- depth/pregnancy/art-20048417.  Accessed June 12, 2019.

Epilepsy and pregnancy https://www.nhs.uk/pregnancy/related-conditions/existing-health-conditions/epilepsy/ Accessed June 12, 2019.

Antiepileptic drugs in pregnancy: updated advice following comprehensive safety review https://www.gov.uk/drug-safety-update/antiepileptic-drugs-in-pregnancy-updated-advice-following-comprehensive-safety-review#:~:text=For%20any%20antiepileptic%20drug%20that,particularly%20for%20lamotrigine%20and%20phenytoin. Accessed June 12, 2019.

Anti-Seizure Medications During Pregnancy https://www.epilepsy.com/stories/anti-seizure-medications-during-pregnancy Accessed June 12, 2019.

Is Pregnancy Safe for Women with Epilepsy? 7 Myths About Epilepsy and Pregnancy https://www.pennmedicine.org/updates/blogs/neuroscience-blog/2019/august/myths-about-epilepsy-and-pregnancy Accessed June 12, 2019.

ယခုပုံစံ

09/02/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 09/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement