home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆေးတွေလျှောက်သောက်လို့မရတဲ့ ကိုယ်ဝန်သည်တွေ လေထိုးလေအောင့်ဖြစ်ရင် ဘာလုပ်ကြမလဲ ။ ။

ဆေးတွေလျှောက်သောက်လို့မရတဲ့ ကိုယ်ဝန်သည်တွေ လေထိုးလေအောင့်ဖြစ်ရင် ဘာလုပ်ကြမလဲ ။ ။

လေထိုးလေအောင့် ဖြစ်တယ်ဆိုတာ သာမာန် အချိန်တွေမှာတောင် တော်တော်ခံရခက်တာ အမျိုးသမီးတို့ရဲ့ အရေးကြီးဆုံး အချိန်ဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ လေထိုးလေအောင့် ဖြစ်ရင် ဘယ်လောက်တောင်ပိုဆိုးမလဲဆိုတာ စဉ်းစားသာကြည့်ပေတော့။ ကိုယ်ဝန်နဲ့ဆိုတော့ တွေ့ကရာ ဆေးတွေသောက်လို့ကလည်း မရ၊ လေထိုးလေအောင့်ကလည်း ဖြစ်ဆိုတော့ ကိုယ်ဝန်ရှိနေချိန် လေအောင့်ခဲ့ရင် ဘာလုပ်ကြမလဲ ။ ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘာလို့ ပိုပြီးလေထတတ်တာလဲ ။ ။

ကိုယ်ဝန်သည်တွေမှာ လေထစေတဲ့ တရားခံကို စဉ်းစားလိုက်ရင် progesterone ဟော်မုန်းကိုသာ အပြစ်တင်ရပါလိမ့်မယ်။ progesterone ဟော်မုန်းရဲ့ကြွက်သားတွေကို ပြေလျော့စေတဲ့ အာနိသင်ကြောင့် အူလမ်းကြောင်းက ကြွက်သားတွေ ပြေလျော့သွားပြီး အစာခြေအားနည်းသွားပါတယ်။ ဒီလိုနဲ့ အစာမကြေ လေထိုးလေအောင့်တွေ ဖြစ်လာတော့တာပါပဲ။ ။

ကိုယ်ဝန်ဆောင်စဉ် လေအောင့်ခဲ့ရင် သက်သာအောင် လုပ်နိုင်မယ့် နည်းများ ။ ။

ကိုယ်ဝန်ဆောင်တဲ့ အချိန် ကိုယ့်ရင့်သွေးလေးကို မထိခိုက်စေဖို့ အကောင်းဆုံး ကာကွယ်ရမှာ မိခင်တိုင်းရဲ့ တာဝန်ပါ။ ဝေဒနာ တစ်ခုခု ခံစားရရင်တောင် ကိုယ်ဝန်ကြီးနဲ့ မို့လို့ဆိုပြီး ဆေးတွေ လျှောက်သောက်လို့မရတာကြောင့် လေထိုးလေအောင့်ဖြစ်တတ်တဲ့ ကိုယ်ဝန်သည်တွေ သက်သာစေမယ့် အိမ်တွင်းဆေးနည်းတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ ။

ရေများများသောက်ပါ ရေသာက်တယ်ဆိုတဲ့နေရာမှာ တစ်နေ့ကို ရေ ၈ ဖန်ခွက်လောက်သောက်ဖို့ကို ပြောတာပါ။ အရည်ဆိုပြီး ဂတ်စ်ပါတဲ့ အချိုရည်တွေကို ရှောင်တာကတော့ အကောင်းဆုံးပါ။ ရိုးရိုးရေများများကို သောက်ပေးတာကသာ အကောင်းဆုံးပါ။

ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ – ကိုယ်ဝန်သည်တွေ အတွက် အကောင်းဆုံး ကိုယ်လက်လှုပ်ရှားမှုက လမ်းလျှောက်ပေးတာ ဖြစ်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ လောက်လမ်းလျှောက်ပေးလိုက်တာကြောင့် ကိုယ်ဝန်သည်တွေ အများစု ဖြစ်တတ်တဲ့ ဝမ်းချုပ်ခြင်းကို သက်သာစေမယ့်အပြင် အစာကိုလည်း ကြေစေဦးမှာပါ။

လေထစေမယ့် အစားအသောက်တွေကို ရှောင်စားပါ – အဆီများတဲ့ အစားအစား၊ စပ်လွန်းတဲ့ အစားအစာတွေ ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ ပဲအမျိုးမျိုးတို့ဟာ လေထစေတတ်တဲ့ အစားအသောက်တွေဖြစ်တာကြောင့် လေအောင့်တတ်တဲ့ကိုယ်ဝန်သည်တွေ အနေနဲ့ ဒီလို အစားစားတွေကို ရှောင်စားဖို့ အကြံပြုချင်ပါတယ်။

အမျှင်များများပါတဲ့ အစားအသောက်တွေစားပါ – ကိုယ်ဝန်သည်တွေ တော်တော်များများက ဝမ်းချုပ်တတ်တာကြောင့် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အသီးအရွက်တွေများများစားပေးသင့်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတယ်ဆိုပေမယ့် လေထစေတဲ့ ပဲတွေကိုတော့ ရှောင်ရပါလိမ့်မယ်။

စိတ်ဖိစီးမှု ကင်းဆောင်နေပါ – စိတ်ဖိစီးမှု များလွန်းတဲ့အခါ၊ စိတ်ပူပန်မှု များလွန်းတဲ့ အခါမျိုးတွေဆို ရှူသွင်းလိုက်တဲ့ လေတွေ ဗိုက်ထဲပိုဝင်တတ်တာကြောင့် ဗိုက်အောင့်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်ဆို အတတ်နိုင်ဆုံး စိတ်ဖိစီးမှုတွေ မရှိအောင် နေသင့်တာကြောင့် စိတ်ဖိစီးမှုကင်းဝေးအောင် စိတ်ကို ထားတတ်အောင် ထားပါ။

ဒါတွေကတော့ ဆေးတွေ လျှောက်သောက်လို့ မရတဲ့ ကိုယ်ဝန်သည်တွေ မှာ လေထတာမျိုးဖြစ်ခဲ့ရင် အသုံးဝင်စေမယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ် ။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 3 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။