အချင်းအရှေ့ရောက်ခြင်း ဆိုတာ ဘာလဲ။
အချင်းအရှေ့ရောက်ခြင်းဆိုသည်မှာ အချင်းသည် သားအိမ်၏ အောက်ဆုံးအပိုင်းတွင် သားအိမ်ခေါင်းတစ်ခုလုံးကို ငုံပြီး တည်ရှိနေခြင်းဖြစ်သည်။
ထွက်မှာ သေချာပြီလား။
အချင်းအရှေ့ရောက်ခြင်းဆိုသည်မှာ အချင်းသည် သားအိမ်၏ အောက်ဆုံးအပိုင်းတွင် သားအိမ်ခေါင်းတစ်ခုလုံးကို ငုံပြီး တည်ရှိနေခြင်းဖြစ်သည်။
သားအိမ်ခေါင်းဆိုသည်မှာ သားအိမ်၏အဝဖြစ်ပြီး ယင်းသည် မိန်းမကိုယ်နှင့် ဆက်နေသည်။
အများစုသော ကိုယ်ဝန်ဆောင်များတွင် အချင်းသည် ဘိန်းမုန့်ပုံစံရှိပြီး သားအိမ်၏အပေါ်ပိုင်းတွင် ကပ်လျက်အနေအထားတည်ရှိသည်။ အချင်းမှ တဆင့် သနေ္ဓသားဆီသို့ အောက်ဆီဂျင်နှင့် အာဟာရများပို့ပေးပြီး စွန့်ပစ်ပစ္စည်းများကို ကလေးငယ်၏သွေးထဲမှဖယ်ရှားပေးသည်။
အချင်းအရှေ့ရောက်ခြင်းသည် ကိုယ်ဝန်ဆောင်ခြင်း၏နောက်ဆက်တွဲပြသနာတခုဖြစ်ပြီး ထိုသို့ဖြစ်ခြင်းဖြင့် မိခင်ကို မွေးဖွားရခက်စေသလို ကိုယ်ဝန်ဆောင်ချိန်တွင် ပုံမှန်မိခင်လောင်းများထက် အမောမခံနိုင်ခြင်းတို့ဖြစ်စေသည်။ ထို့ပြင် အများစုသော အချင်းအရှေ့ရောက်သူမိခင်လောင်းများသည် ဗိုက်ခွဲမွေးရပါသည်။
အချင်းသည် သားအိမ်ခေါင်းတခုလုံးကိုအုပ်ထားပါက တခုလုံးရှေ့ရောက်ခြင်း၊ သားအိမ်ခေါင်းအနားသတ်ကိုသာ အုပ်ထားပါက အနားသတ်မျှသာ ရှေ့ရောက်ခြင်း နှင့် သားအိမ်ခေါင်းကို တဝက်အုပ်ထားပါက တဝက်ရှေ့ရောက်ခြင်းဟူ၍ အချင်းအရှေ့ရောက်ခြင်း ပုံစံအမျိုးမျိုးရှိပါသည်။
အချင်းအရှေ့ရောက်ခြင်း သည် ကိုယ်ဝန်သည် အယောက်၂၀၀ တွင် ဖြစ်နိုင်ချေ ၁ ယောက်ရှိသောကြောင့် အဖြစ်များသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။
အချင်းအရှေ့ရောက်ခြင်းကို ကိုယ်ဝန်အစောပိုင်းတွင် သိရလျှင်စိုးရိမ်စရာမရှိပါ။ သို့သော် ကိုယ်ဝန်ရင့်လာချိန်တွင် မနာမကျင်ဘဲ ရုတ်တရက်သွေးဆင်းလာခြင်း၊ အလိုလိုပြန်တိတ်သွားပြီး ရက် ၊ သီတင်းပတ်အနည်းငယ်ကြာလျှင် သွေးပြန်ဆင်းခြင်းတို့ဖြစ်နိုင်ပါသည်။
ကိုယ်ဝန်ဆောင်ချိန်တွင် သွေးဆင်းခြင်းသည် လမစေ့ဘဲမွေးခြင်းနှင့် အခြားဆိုးကျိုးများကို ဖြစ်စေနိုင်သဖြင့် အန ္တရာယ်ရှိပါသည်။
(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)
အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။
လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။
အချင်းအရှေ့ရောက်ခြင်း ကို ဖြစ်စေသော တိကျသော အကြောင်းများမရှိပါ။ အချင်းသည် သားအိမ်တွင် မျိုးဥ ကပ်တွယ်သောနေရာတွင်ဖြစ်လာရခြင်းဖြစ်သည်။ သို့သော် အချင်းအရှေ့ရောက်ခြင်း ကို ဖြစ်နိုင်ချေများစေသော အကြောင်းများ ရှိပါသည်။
အချင်းအရှေ့ရောက်ခြင်း ကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။
{ ယေဘူယျအသိပေးချက် – ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာအကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ပိုမိုတိကျစွာသိလိုသော် ဆရာဝန်နှင့် အမြဲဆွေးနွေးတိုင်ပင်ပါ။}
ကိုယ်ဝန်ဆောင်ချိန်တွင် စစ်ဆေးမှုများခံယူရင်းနှင့် ဆရာဝန်က အချင်းအနေအထားမမှန်ကြောင်းတွေ့ရှိသွားသောအခါ အသံလှိုင်းဓါတ်မှန်ဖြင့် အချင်း၏ အနေအထားနှင့်ကလေး၏ကျန်းမာရေး အခြေအနေတို့ကို စစ်ဆေးလိမ့်မည်။
ထိုသို့ပြုလုပ်ခြင်းကို ကိုယ်ဝန် အပတ် ၁၁ ပတ် နှင့်၂၀အကြားတွင် ပြုလုပ်နိုင်ပြီး လရင့်လာချိန်များတွင် လည်းပြုလုပ်နိုင်သည်။
သင့်တွင် အချင်းအရှေ့ရောက်နေကြောင်းဆရာဝန်ကပြောသောအခါ မစိုးရိမ်ပါနှင့် ။ ကိုယ်ဝန်လရင့်လာသည်နှင့်အမျှ အချင်းသည် အနေအထားအမှန်သို့ပြန်ရောက်နိုင်ချေရှိပါသည်။
ကိုယ်ဝန်ဆောင်ချိန်စစ်ဆေးမှုများအရ အချင်းအရှေ့ရောက်နေကြောင်းတွေ့ရှိသော အခါ ထိုအချိန်မှစပြီး လိင်ဆက်ဆံခြင်း မပြုလုပ်ဘဲ အရိုးခွင်များကို အနားပေးထားရလိမ့်မည်။ ထို့ပြင် အားအင်သုံးရသော အလုပ်များ၊ ပြင်းထန်သော လေ့ကျင့်ခန်းများကို ရှောင်ကျဉ်ရမည်။
သင်နှင့် သင့်ဗိုက်ထဲမှကလေးအတွက် အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်ပါသည်။
ထို့ပြင် အောက်ပါနည်းလမ်းများဖြင့်လည်း ကုသမှုခံယူနိုင်ပါသည်။
အချင်းအရှေ့ရောက်နေသော ကိုယ်ဝန်သည်များသည် ခွဲခန်းထဲတွင် ဗိုက်ခွဲမွေးရနိုင်ချေများပါသည်။
အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။
သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။
ဤကိရိယာသည် အမျိုးသမီးများအတွက် ကိုယ်ဝန်မဆောင်ခင်က ရှိသည့် ကိုယ်အလေးချိန်ပေါ် မူတည်၍ ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်အလေးချိန် မည်မျှရှိသင့်သည်ကို တွက်ချက်ပေးခြင်း ဖြစ်ပါသည်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Placenta previa. https://medlineplus.gov/ency/article/000900.htm. Accessed July 24,2016.
Placenta previa. http://www.mayoclinic.org/diseases-conditions/placenta-previa/basics/definition/con-20032219. Accessed July 24,2016.
Placenta Previa. http://americanpregnancy.org/pregnancy-complications/placenta-previa/. Accessed July 24,2016.
Placenta previa. http://www.babycenter.com/0_placenta-previa_830.bc. Accessed July 24,2016.