backup og meta

အရေပြားလေးဖက်နာ က ကိုယ်ဝန်အပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားလေးဖက်နာ က ကိုယ်ဝန်အပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်မလဲ

    Psoriasis သည် ကိုယ်ဝန်ရနိုင်မရနိုင်အပေါ် လွှမ်းမိုးမှုရှိဟန် မတူပါ။ သို့သော် ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးပြုစုစဉ်၌ ကုသမှုပုံစံ ပြောင်းလဲဖို့ လိုပါလိမ့်မည်။

    ကိုယ်ဝန်ဆောင်ခြင်းက Psoriasis အပေါ် ဘယ်လိုလွှမ်းမိုးမှုရှိသလဲ။

    ကိုယ်ဝန်ဆောင်ခြင်များသည် ကွဲပြားသောကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးစီနှင့် Psoriasis သည်လည်း တစ်ဦးနှင့်တစ်ဦးမတူပါ။ ၆၀%သော အမျိုးသမီးများတွင် ကိုယ်ဝန်ကိုးလဆောင်နေစဉ်၌ Psoriasis ၏လက္ခဏာများ တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိရပါသည်။

    အဘယ်ကြောင့်ဆိုသော် ပရိုဂျက်စတီရုမ်း ဟော်မုန်းတိုးလာသောကြောင့်ဖြစ်ပြီး Psoriasis လက္ခဏာများကို ဖြစ်စေသည့် ကိုယ်ခံအားစနစ် တုန့်ပြန်လွန်ခြင်းကို လျော့ချပေးသောကြောင့်ဖြစ်သည်။

    ၁၀ မှ ၂၀% သော အမျိုးသမီးများတွင်တော့ ကိုယ်ဝန်ဆောင်လျှင် Psoriasis ပိုဆိုးလာကြောင်း တွေ့ရ၏။ သင်လည်း သူတို့ထဲမှတစ်ယောက်ဆိုပါက ကလေးကိုမထိခိုက်စေနိုင်မည့် ရောဂါထိန်းချုပ်ရေး နည်းလမ်းများကို ဆရာဝန်နှင့်တိုင်ပင်ဖို့ လိုအပ်ပါသည်။

    Psoriasis က ကိုယ်ဝန်အပေါ် ဘယ်လိုလွှမ်းမိုးမှုရှိနိုင်မလဲ။

    အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်နိုင်သည့်အပေါ်တွင် Psoriasis က သက်ရောက်မှုမရှိပါ။ ၎င်းသည် ကလေးပျက်ကျခြင်း သို့မဟုတ် မွေးရာပါချို့ယွင်းခြင်းများနှင့်လည်း မသက်ဆိုင်ပါ။

    လေ့လာမှုတစ်ခုတွင်တော့ Psoriasis မရှိသူထက် ရှိသောသူများတွင် ပေါင်ချိန်မပြည့်သောကလေး မွေးနိုင်ကြောင်း တွေ့ရှိရပါသည်။ Psoriasis ရှိသူတိုင်း ဖြစ်နိုင်ချေမြင့်သည်တော့ မဟုတ်ပါ။ ကိုယ်ဝန်ဆောင်နေစဉ် အကြီးမားဆုံးသောပြဿနာမှာ Psoriasis ကို ကုသသောဆေးများပင်ဖြစ်သည်။

    တစ်ချို့သောဆေးများကလုံးဝစိတ်ချရသော်လည်း တစ်ချို့က ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးရာပါချို့ယွင်းခြင်းတို့ ဖြစ်တတ်သောကြောင့် ရှောင်ရန်လိုအပ်ပါသည်။

    ဆေးများ -ကိုယ်ဝန်ဆောင်စဉ် ဘာတွေကိုသုံးတာ စိတ်ချရမလဲ။

    ကိုယ်ဝန်ဆောင်စဉ် စိတ်အချရဆုံးဆေးများမှာ လိမ်းဆေးများဖြစ်ပြီး အစိုဓါတ်ထိန်းဆေးများနှင့် ပက်ထရိုလီယမ်ဂျယ်လီကဲ့သို့ နူးညံ့သောဆေးများက စိတ်အချရဆုံးပင်။ စတီးရွိက်လိမ်းဆေးများကိုလည်း အသုံးပြုနိုင်ပါသည်။

    ကလေးမွေးပြီး ပြုစုစောင့်ရှောက်ရသည့်အချိန်တွင်တော့ ဂရုပြုရပါမည်။ ရင်သားကို စတီးရွိက်လိမ်းဆေးများ မလိမ်းမိစေရန်ရှောင်ပါ သို့မဟုတ် နို့မတိုက်ခင် လက်ကိုရေနှင့် သေချာစွာဆေးကြောပါ။

    သင့်၌ အတော်အသင့် သို့ ပြင်းထန်သော Psoriasis ရှိနေပါက လိမ်းဆေးများနှင့် ဆီလိမ်းဆေးများက သင့်လက္ခါများကို မသက်သာစေနိုင်ပါ။ narrow-band ultraviolet light B (UVB) ကုထုံးကို စမ်းကြည့်နိုင်ပါသည်။ Ultraviolet A ကုထုံးအား psoralen ဆေးနှင့် တွဲသုံးခြင်းကို ကိုယ်ဝန်ဆောင်စဉ် မသုံးသင့်ပါ။ အဘယ်ကြောင့်ဆိုသော် နို့ထဲသို့ ဆေးပါသွားနိုင်ပြီး ကလေးတွင် အလင်းမခံနိုင်ခြင်း ဖြစ်နိုင်ပါသည်။

    ကိုယ်ဝန်ဆောင်နေစဉ် ဘာဆေးတွေကို ရှောင်ရမလဲ။

    အောက်တွင် စာရင်းလုပ်ထားသော ဆေးများကို ရှောင်ခြင်း ကန့်သတ်ခြင်းများ ပြုလုပ်ပါ။ ၎င်းတို့အား ကိုယ်ဝန်ဆောင်စဉ် သုံးလျှင် စိတ်ချနိုင် မချနိုင်ကို ဆုံးဖြတ်နိုင်ရန် လုံလောက်စွာ လေ့လာထားပြီးဖြစ်ပါသည်။

    ကျောက်မီးသွေးနှင့် tazarotene (Tazorac) တို့လို လိမ်းဆေးများ

    adalimumab (Humira) etanercept (Enbrel), and infliximab (Remicade) တို့လို Biologic ဆေးများ

    လုံးဝရှောင်ရမည့်ဆေးများ

    ၎င်းတို့သည် သင့်ကလေးအတွက် ဘေးမကင်းနိုင်ပါ။

    Methotrexate (Trexall) သည် ကိုယ်ဝန်ပျက်ခြင်း၊ အာကွဲ နှုတ်ခမ်းကွဲနှင့် တခြားသော မွေးရာပါ ချို့ယွင်းခြင်းများနှင့် ဆက်နွယ်မှုရှိသည်။

    ဤဆေးသည် ခရိုမိုဇုမ်းပြဿနာများကို ဖြစ်စေနိုင်သောကြောင့် ကလေးရဖို့မကြိုးစားခင် အနည်းဆုံး သုံးလခန့် အမျိုးသားရော အမျိုးသမီးပါ ကြိုတင် ရှောင်ထားရပါမည်။

    acitretin (Soriatane) လို retinoids သောက်ဆေးများသည် မွေးရာပါချို့ယွင်းခြင်းများကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် ပထမသုံးလတွင် သောက်ပါက ပိုဆိုးသည်။ ဖြစ်နိုင်ချေသည် အရမ်းပြင်းထန်သောကြောင့် ကိုယ်ဝန်မရခင် နှစ်နှစ်ခန့်အလိုကတည်းက ဆေးရပ်ရန် ဆရာဝန်များမှ လမ်းညွှန်ပါလိမ့်မည်။

    ရောဂါလက္ခဏာကိုထိန်းရန် ဆေးများသောက်နေရပါက ကိုယ်ဝန်မဆောင်ခင် မှတ်ပုံတင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။ ဆေးကုမ္ပဏီများသည် ထိုမှတ်ပုံတင်များကို အသုံးပြုကာ သူတို့၏ဆေးများက ကိုယ်ဝန်ဆောင်စဉ် ဘယ်လိုသက်ရောက်မှုများ ရှိနေကြောင်း သိရှိနိုင်မည်ဖြစ်သည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 13/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement