backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

ကိုယ်ဝန်ပျက်ကျပြီးနောက် အန္တရာယ်ကင်းကင်းနဲ့ ကိုယ်ဝန်ဘယ်လိုဆောင်ရမလဲ

ကိုယ်ဝန်ပျက်ကျခြင်းသည် ယနေ့ခေတ်တွင် ပိုပိုပြီး အဖြစ်များလာ၏။ ထိုစိတ်ညစ်ညူးဖွယ်ရာ တစ်ကိုယ်တည်း ခွဲခြားခံရသလို အခြေအနေသည် အမျိုးသမီးအား နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ဖို့ရာ တားဆီးသွားနိုင်သည်။

ကိုယ်ဝန်ပျက်ကျပြီးနောက် အန္တရာယ်ကင်းကင်းနဲ့ ကိုယ်ဝန်ဘယ်လိုဆောင်ရမလဲ

သို့သော် ဘဝတွင် အိန်ဂျယ်လေးများကို အသည်းအသန် လိုချင်သူများအဖို့တော့ အောက်ပါအချက်များက ကိုယ်ဝန်ပျက်ပြီး နောက်တစ်ဖန် အန္တရာယ်ကင်းကင်းနှင့် ကိုယ်ဝန်ဆောင်နိုင်ဖို့ အကူအညီပေးပါလိမ့်မည်။

သင်ခံစားရသည့် ကြေကွဲဝမ်းနည်းမှု ပပျောက်သွားရန် ခက်၏။ ထိုကြောင့် စိတ်ခံစားချက်ကို ပြင်ဆင်ထားရန်မှာ အလွန်အရေးကြီးပါသည်။ ကိုယ်ဝန်ပျက်ကျဖူးသော အမျိုးသမီးများသည် ထိခိုက်ပိုလွယ်သလို ခံစားရပြီး အရာအားလုံးတစ်ဖန်ပြန်စရန် မဝံ့မရဲ ဖြစ်နေတတ်သည်။

နောက်တစ်ခါ ထပ်ပျက်ကျနိုင်မလားဆိုသည့် ကြောက်စိတ်ကို ဖြေရှင်းဖို့ရာ လွယ်ကူသောအဖြေမရှိတာကြောင့် သင့်ပါတနာကို ပွင့်ပွင့်လင်းလင်းပြောပြီး ဆရာဝန်ဖြင့်ဆွေးနွေးခြင်းက ကြမ်းတမ်းသည့်အချိန်များကို ဖြတ်ကျော်နိုင်ရန် အကူအညီရပါသည်။

ထို့အပြင် ဒုတိယအခွင့်အရေးရန် မျှော်လင့်ချက်မပျောက်ပါနှင့်။ တတိယအခွင့်အရေးဆိုရင်တောင်မှ ဖြစ်နိုင်ပါသေးသည်။ ကိုယ်ဝန်ဆောင်မရနိုင်သည့် အောက်ခံရောဂါများ မရှိဘူးဆိုပါက အနာဂတ်တွင် ကိုယ်ဝန်အောင်မြင်နိုင်ချေက မြင့်နေဆဲပင်ဖြစ်ပါသည်။

ကိုယ်ဝန်ပျက်ကျပြီးနောက် နောက်တစ်ခါရဖို့ အသင့်ဖြစ်နေစေရန်အတွက် သင်ရော သင့်ပါတနာပါ တစ်ချို့အခက်အခဲများ ရှိနိုင်ပါသည်။ သို့သော် သင်တို့နှစ်ယောက်လုံး အဆင်သင့်ဖြစ်နေပါက မျိုးပွားနိုင်မည့် သင့်တော်သောအချိန်ကို တွက်ချက်ကာ ချစ်တင်းနှောရန်လိုသည်။

မှန်ကန်သောအချိန်တွင် ချစ်တင်းနှောခြင်းက ကိုယ်ဝန်ကို မြန်မြန်နှင့် အန္တရာယ်ကင်းကင်း ရရှိစေနိုင်ပါသည်။ သင်သားဥကြွေမည့်အချိန်ကို သိသည်နှင့် သင့်သားဥသားအိမ်ထဲသို့ ရောက်နေမည်ဖြစ်ပြီး အစီအစဉ် ချနိုင်ပါသည်။

အချိန်စောပြီး သို့မဟုတ် နောက်ကျပြီးမှ ချစ်တင်းနှောခြင်းသည် ကလေးရနိုင်ချေကို နည်းပါးစေနိုင်ပါသည်။ သုက်များသည် မိန်းမကိုယ်အတွင်း သုံးရက်မှ ၆ ရက်အထိ အသက်ရှင်နိုင်သော်လည်း သားဥမှာ တစ်ရက်သာ ရှင်နိုင်ပါသည်။

ထို့ကြောင့် သားဥကြွေမည့်အချိန်ကို အတိအကျ မရေတွက်နိုင်လျှင် သားဥမကြွေခင် တစ်ရက် နှစ်ရက်အလိုတွင် ချစ်တင်းနှောထားသင့်ပါသည်။ ထိုသို့ဖြင့် ကိုယ်ဝန်ရနိုင်ချေ အခွင်းအလမ်း ပိုများစေနိုင်ပါသည်။

ကိုယ်ဝန်အောင်မြင်စွာရနိုင်ရန် နောက်ထပ်နည်းလမ်းတစ်ခုမှာ သားဥကြွေချိန်ကို မှတ်ထားခြင်းဖြစ်သည်။ သားဥမကြွေခင်နှင့် ကြွေပြီးနောက် ၅ ရက်အတွင်း ကိုယ်ဝန်ရနိုင်ချေရှိ၏။

သို့သော် သားဥကြွေမည့်ရက် အတိအကျကို အမျိုးသမီးများ မှားတတ်ကြသည်။ အထူးသဖြင့် အချက်အလက်အများအပြားသည် သားဥကြွေးခြင်းအပေါ် သက်ရောက်နိုင်ပြီး စိတ်ဖိစီးမှုနှင့် အလွန်အကျွံလေ့ကျင့်ခန်းလုပ်ခြင်းသည် ထိုအချက်များတွင် ပါဝင်ပါသည်။ သင်သားဥကြွေမကြွေ သိနိုင်ရန် နည်းလမ်းအမျိုးမျိုးကိုသုံးကြည့်ပါ။

ပြက္ခဒိန်နှင့်စစ်ပါ။

ဒီနည်းလမ်းသည် ရာသီပုံမှန်နှင့် မှန်မှန်လာတတ်သူများတွင် အသုံးဝင်၏။ ပထမဆုံးအနေဖြင့် ရာသီနောက်တစ်ခါ စလာမည့်ရက်ကို မှတ်ပါ။ ထိုနေ့မှ နောက်ပြန် ၁၂ ရက်နှင့် ၄ ရက်ကိုတွက်ပါ။ ပထမ ၅ ရက်အတွင်း သားဥကြွေနိုင်ပါသည်။

သင်သည် ၂၈ ရက်တစ်ခါ လာတတ်သူဆိုပါက ၁၄ ရက်မြောက်တွင် သားဥကြွေနိုင်သော အခွင့်အရေး ပိုရနိုင်ပါသည်။

သင့်ကိုယ်အပူချိန်ကို မှတ်သားပါ။

၂၄ နာရီအတွင်း ခန္ဓါကိုယ်၏ အောက်ဆုံးအပူချိန်သည် သင်၏ အအေးဆုံးသော အပူချိန်ဖြစ်သည်။ သားဥကြွေပြီး ရက်အနည်းငယ်တွင် သင့်ခန္ဓါကိုယ်၏ အောက်ဆုံးအပူချိန် မြင့်တက်တတ်ပါသည်။ အောက်ဆုံးအပူချိန်အား သာမိုမီတာနှင့် တိုင်းနိုင်၏။

ကိုယ်ဝန်ရနိုင်သောအခွင့်အရေးသည် ကိုယ်အပူချိန်မတက်မှီ တက်ပြီး ၂ ရက် ၃ရက်အတွင်း အကောင်းဆုံးပင်ဖြစ်သည်။

မိန်းမကိုယ်မှထွက်သောအရည်များ ပြောင်းလဲမှုကို မှတ်သားပါ။

ပုံမှန်ရက်များတွင် မိန်းမကိုယ်မှ အရည်နည်းနည်းသာထွက်ပြီး ခြောက်သွေ့မှုကို ခံစားရပါမည်။ သို့သော် သားဥကြွေချိန်နီးလာသည်နှင့် သားအိမ်ခေါင်း အကျိအချွဲများ ပိုများလာသည်ကို သင် သတိပြုမည်ပါလိမ့်မည်။ ၎င်းတို့သည် ကြက်ဥအကာလို ချောကျိကျိအရည်ကျိများ ဖြစ်ပါသည်။

နောက်တစ်ဖန် ကိုယ်ဝန်မဆောင်မီ အရင်ပျက်ကျရသည့် အကြောင်းပြချက်ကို ရှာဖွေရန် ဆရာဝန်နှင့် စမ်းသပ်စစ်ဆေးခြင်းမှာ အကောင်းဆုံးဖြစ်သည်။ သင့်ကျန်းမာရေအခြေအနေကိုသိပြီး ကုသခြင်းဖြင့်လည်း ကိုယ်ဝန်ကို အောင်မြင်စွာ ဆောင်နိုင်မည်ဖြစ်သည်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Tips for Conceiving After a Miscarriage.
http://www.parents.com/pregnancy/complications/miscarriage/conceiving-after-miscarriage/. Accessed December 5, 2016.
How to Conceive After Miscarriage.
http://www.parents.com/getting-pregnant/trying-to-conceive/conceiving-after-miscarriage/. Accessed December 5, 2016.
Getting pregnant. http://www.mayoclinic.org/healthy-lifestyle/getting-pregnant/in-depth/pregnancy-after-miscarriage/art-20044134. Accessed December 5, 2016.

ယခုပုံစံ

13/05/2022

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် နဲ့ ကလေးမွေးဖွားပြီးနောက်ပိုင်း ကိုယ်အလေးချိန်ဘယ်လိုထိန်းသိမ်းမလဲ

ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကို အသုံးပြုမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/05/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement