backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Eclampsia (ကိုယ်ဝန်ဆိပ်တက်ခြင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Eclampsia (ကိုယ်ဝန်ဆိပ်တက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Eclampsia(ကိုယ်ဝန်ဆိပ်တက်ခြင်း) ဆိုတာဘာလဲ။

Eclampsia(ကိုယ်ဝန်ဆိပ်တက်ခြင်း)ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ တက်ခြင်း၊ ကိုယ်ဝန်ရခြင်း ဖြစ်ပါတယ်။ သူဟာ ရှားပါးပြီး ပြင်းထန်တဲ့ အခြေအနေဖြစ်ကာ pre-eclumpsia (ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်တက်ခြင်းနဲ့ အခြားလက္ခဏာများ) ရဲ့ ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုး ဖြစ်ပါတယ်။ ဒီလိုတက်ခြင်းတွေမှာ ဦးနှောက်မှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ဆက်စပ်မှု မရှိပါဘူး။

Preeclumpsia နဲ့ Eclampsia ဟာ အောက်စီဂျင်၊ အာဟာရဓါတ်နဲ့ သွေးတွေကို သန္ဓေသားကို သယ်ပို့ပေးတဲ့ အချင်းကို သက်ရောက်မှုရှိပါတယ်။ သွေးါပင်တက်ခြင်းဟာ သွေးစီးနှုန်းကို နည်းစေတဲ့အခါ အချင်းဟာ ကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိတော့ပါဘူး။

ဒါဟာ ကလေးငယ်တွေကို မွေးဖွားစဉ် ကိုယ်အလေးချိန်နည်းခြင်းနဲ့ အခြား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အချင်း ပြဿနာတွေကြောင့် အချိန်မတိုင်မီ ကလေးမွေးဖွားဖို့ လိုအပ်နိုင်ပါတယ်။ ရှားပါးတဲ့ အခြေအနေတွေမှာ ကလေးအသေ မွေးနိုင်ပါတယ်။

Eclampsia(ကိုယ်ဝန်ဆိပ်တက်ခြင်း) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Eclampsia ဟာ preeclumpsia ရှိတဲ့ အမျိုးသမီး အယောက် ၂၀၀ မှာ တစ်ယောက် ဖြစ်တတ်ပါတယ်။ သင်အရင်တုံးက တက်ခြင်းမရှိဖူးရင်တောင်မှ Eclampsia ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

Eclampsia ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • တက်ခြင်း
  • လွန်စွာစိတ်တိုခြင်း
  • သတိမေ့ခြင်း

အမျိုးသမီး အများစုမှာ တက်ခြင်းမတိုင်မီ preeclumpsia ရဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

  • ခေါင်းကိုက်ခြင်း
  • ပျို့အန်ခြင်း
  • ဗိုက်အောင့်ခြင်း
  • လက်၊ မျက်နှာရောင်ခြင်း
  • အမြင်အာရုံ ပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံပျောက်ဆုံးခြင်း၊ ဝေဝါးခြင်း၊ နှစ်ထပ်မြင်ခြင်း၊ မြင်ကွင်းမှာ ပျောက်ဆုံးနေသော နေရာများ ရှိခြင်း

Preeclumpisa ဟာ Eclampsia ကို ဖြစ်စေနိုင်တာကြောင့် သင့်မှာ အခြေအနေ နှစ်ခုလုံးရဲ့ လက္ခဏာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ အချို့ လက္ခဏာတွေဟာ အခြားအခြေအနေတွေ ဖြစ်တဲ့ ကျောက်ကပ်ရောဂါနဲ့ ဆီးချိုရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ အခြားအချက်တွေ ဟုတ်မဟုတ် သိရှိဖို့အတွက် သင့်ဆရာဝန်ကို ပြောပြဖို့အရေးကြီးပါတယ်။ pre-eclumpsia လက္ခဏာတွေကို မှတ်ထားပြီး ဆရာဝန်ကို ပြောပြဖို့ အရေးကြီးပါတယ်။

အောက်ဖေါ်ပြပါ အချက်တွေကတော့ အဖြစ်များတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

  • မျက်နှာ၊ လက် ရောင်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ကိုယ်အလေးချိန် များခြင်း
  • ပျို့အန်ခြင်း
  • ဆီးသွားခြင်း ပြဿနာများ

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘယ်အရာတွေက Eclampsia(ကိုယ်ဝန်ဆိပ်တက်ခြင်း) ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Eclampsia ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက် ၃၅ နှစ်ကျော်
  • အသက် ၂၀ အောက်
  • African American
  • သားဦး
  • ကိုယ်ဝန်တစ်ဦး ထက်ပိုပြီး ကိုယ်ဝန်ဆောင်ခြင်း (အမွှာ၊ သုံးမွှာပူး)
  • ဆီးချို၊ သွေးပေါင်တက်ခြင်း၊ ကျောက်ကပ်ရောဂါ၊ သွေးကြောကို ထိခိုက်နိုင်တဲ့ အခြားအခြေအနေများ
  • အစားအသောက် ကျန်းမာစွာ မစားခြင်း (သို့) အာဟာရ ချို့ယွင်းခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

Eclampsia(ကိုယ်ဝန်ဆိပ်တက်ခြင်း) ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

တကယ်လို့ သင့်မှာ preeclampsia ဖြစ်နေရင် (သို့) အရင်က ဖြစ်ခဲ့ဖူးရင် ဆရာဝန်က ဒီအခြေအနေ ပိုဆိုးလာလား၊ ပြန်ဖြစ်တာလားဆိုတာ သိရှိဖို့ စစ်ဆေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဆရာဝန်က သူနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေနဲ့ တက်ခြင်းနဲ့ပတ်သက်ပြီး သိရှိနိုင်တဲ့ စစ်ဆေးမှုတွေကိုပါ ပြုလုပ်မှာဖြစ်ပါတယ်။

သင့်ဆရာဝန်က တက်ခြင်းရဲ့ အကြောင်းရင်းတွေကို ရှာဖွေဖို့ ကိုယ်ခန္ဓါစစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါတယ်။ သွေးဖိအားနဲ့ အသက်ရှူနှုန်းတွေကိုလည်း ပုံမှန်အတိုင်း စစ်ဆေးနိုင်ပါတယ်။

သွေးစစ်ဆေးခြင်း – သင့်ဆရာဝန်က သင့်အခြေအနေကို စမ်းစစ်ဖို့အတွက် သွေးစစ်ဆေးမှု အတော်များများကို လုပ်ဆောင်နိုင်ပါတယ်။ ဒီစစ်ဆေးမှုတွေမှာတော့ သင့်သွေးအတွင်း သွေးနီဥဘယ်လောက်ရှိလဲဆိုတာ သိစေတဲ့ haematocritနဲ့ သွေးခဲမှုကို စစ်ဆေးဖို့ platelet ပမာဏ တိုင်းတာခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။

Creatinine test – Creatinine ဟာ ကြွက်သားတွေကနေ ဖန်တီးလိုက်တဲ့ စွန့်ပစ်ပစ္စည်းဖြစ်ပါတယ်။ သင့်ကျောက်ကပ်တွေဟာ သွေးအတွင်းက creatinine တွေကို စစ်ထုတ်သင့်တာမို့ တကယ်လို့ glomeruli က ကောင်းကောင်း အလုပ်မလုပ်ရင် သွေးအတွင်း creatinine အပိုတွေ ကျန်နိုင်ပါတယ်။ သွေးအတွင်း creatinine များခြင်းဟာ preeclampsia ကို ဖေါ်ပြပါတယ်။

Urine tests – သင့်ဆရာဝန်က ဆီးအတွင်း ပရိုတင်းပါမပါ စစ်ဆေးဖို့နဲ့ စွန့်ထုတ်နှုန်းကို သိရှိဖို့ စစ်ဆေးနိုင်ပါတယ်။

Eclampsia (ကိုယ်ဝန်ဆိပ်တက်ခြင်း)ကို ဘယ်လိုကုသလဲ။

ကလေးမွေးခြင်းဟာ preeclampsia နဲ့ Eclampsia ကိုကုသဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ တကယ်လို့ သင့်ဆရာဝန်က သင့်မှာ preeclampsia ရှိတယ်ဆိုရင် သေချာစောင့်ကြည့်ပြီး Eclampsia မဖြစ်ရအောင် ကာကွယ်တဲ့ ဆေးတွေနဲ့ ကုသပေးမှာဖြစ်ပါတယ်။

တကယ်လို့ Eclampsia ဖြစ်နေပြီဆိုရင်တော့ သင့်ဆရာဝန်က သင့်ရဲ့ ကိုယ်ဝန်ရင့်မှာ မှုပေါ်မူတည်ပြီး ကလေးစောမွေးဖို့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။ အသက်အန္တရာယ်ရှိတဲ့ အခြေအနေတွေ ဖြစ်လာရင်၊ ဆေးမတိုးရင် ကိုယ်ဝန်ကို ၃၂ ပတ်ကနေ ၃၆ ပတ်အတွင်း စောမွေးနိုင်ပါတယ်။

ဆေး – တက်ခြင်းကိုကာကွယ်ဖို့ အတက်ကျဆေးတွေ လိုအပ်နိုင်ပါတယ်။ သွေးပေါင်တက်နေရင် သွေးပေါင်ကျဆေးတွေလည်း လိုအပ်နိုင်ပါတယ်။

အိမ်တွင်ကုသခြင်း – သင့်လျော်တဲ့ ဆေးတွေ သောက်ခြင်း၊ အနားယူခြင်း၊ သင့်အခြေအနေ ပြောင်းလဲမှုတွေကို စောင့်ကြည့်ခြင်းတွေဟာ preeclampsia နဲ့ eclampsia ကို ကုသဖို့ အသုံးဝင်ပါတယ်။

သင်ကလေးမွေးပြီးတာနဲ့ preeclampsia နဲ့ Eclampsia လက္ခဏာတွေ ကောင်းသွားသင့်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်တဲ့ အချင်းကွာခြင်းလိုမျိုးကို ခံစားရနိုင်ပါတယ်။ အချင်းကွာခြင်းဟာ ကလေးကို ကာကွယ်ပေးပြီး အာဟာရဓါတ်ပေးတဲ့ အချင်းကွာကျခြင်း ဖြစ်ပါတယ်။

Preeclampsia ဖြစ်ရင် သေချာစွာ ကုသခြင်းဟာ Eclampsia ကို ကာကွယ်ပေးနိုင်ပါတယ်။ သင့်မှာ ခံစားနေရတဲ့ လက္ခဏာကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Eclampsia (ကိုယ်ဝန်ဆိပ်တက်ခြင်း)ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

တကယ်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ preeclampsia ရဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာရင် ဆရာဝန်နဲ့ ဆရာမတွေက အိမ်မှာပဲ expectant management ကို ရက်သတ္တပတ်ပေါင်းများစွာ ပြုလုပ်မှာဖြစ်ပါတယ်။ ဒါတွေကတော့ အလုပ်လုပ်တာရပ်ခြင်း၊ လှုပ်ရှားမှု လျှော့ချခြင်း၊ အချိန်များစွာ အနားယူခြင်းတွေပဲဖြစ်ပါတယ်။

Preeclampsia အတွက် တစ်ပိုင်းတစ်စ အိပ်ရာပေါ်အနားယူခြင်း ပြုလုပ်သင့်ပေမယ့် ကျွမ်းကျင်သူတွေက ဒါဟာ သွေးပေါင်တက်ခြင်းနဲ့ preeclampsia ကို ကုသဖို့ ဘယ်လောက်ကောင်းလဲဆိုတာ သိရှိခြင်း မရှိပါဘူး။ လုံးဝအိပ်ရာပေါ်အနားယူခြင်းဟာ ခြေထောက်နဲ့ အဆုတ်တွေမှာ သွေးခဲဖြစ်ခြင်း ဖြစ်နိုင်ပါတယ်။

တကယ်လို့ သင့်လှုပ်ရှားမှုတွေကို လျှော့ချလိုရင် (သို့) တစ်ပိုင်းတစ်စ အိပ်ရာပေါ်မှာ အနားယူလိုတယ်ဆိုရင် expectant management က သင့်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို ကန့်သတ်ခြင်း၊ လှုပ်လှုပ်ရှားရှား နေစေခြင်း၊ ကလေးငယ်တွေကို စောင့်ရှောက်နိုင်ခြင်းနဲ့ အခြားအလုပ်တွေ လုပ်နိုင်ခြင်းအတွက် ကူညီပေးပါတယ်။ အောက်ပါအချက်တွေဟာ အိပ်ရာထဲ လှဲနေသူတွေအတွက် အသုံးဝင်ပါတယ်။

သင်ဟာ နေ့စဉ် သင့်အခြေအနေနဲ့ အောက်ပါအချက်တွေကို စောင့်ကြည့်သင့်ပါတယ်။

  • သွေးပေါင်
  • ဆီးအတွင်း ပရိုတင်းပါခြင်း
  • ကိုယ်အလေးချိန် တိုင်းတာခြင်း
  • ကလေးလှုပ်ရှားမှု၊ ကလေးကန်တဲ့ အကြိမ်အရေအတွက်

သင်စစ်ဆေးခဲ့တဲ့ နေ့ရက်၊ အချိန်တွေနဲ့ အဖြေတွေကို မှတ်ထားသင့်ပါတယ်။ ဆရာဝန်၊ ဆရာမထံသွားတဲ့အခါမှာ ဒါတွေကို မှတ်ထားသင့်ပါတယ်။

Social group ကို သင့်ကို ကူညီခွင့်ပေးပါ။ စိတ်ပူခြင်းနဲ့ လှုပ်ရှားမှုလျော့ကျခြင်းတွေဟာ preeclampsia ရဲ့ ခက်ခဲတဲ့ အပိုင်းတွေပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုး ဖြစ်ဖူးတဲ့ အမျိုးသမီးတစ်ယောက်ယောက်နဲ့ စကားပြောသင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement