ကိုယ်ဝန်မရလို့ စိတ်ညစ်နေတဲ့ သူတွေလည်း ရှိသလို မလိုလားအပ်တဲ့ ကိုယ်ဝန်ရသွားတာကြောင့် ဖျက်ဖို့ထိ စဉ်းစားနေရတဲ့ ပျိုမေတွေလည်း ဒုနဲ့ဒေးပါပဲ။ လူ့အသက်တစ်ချောင်း ဖြစ်နေတာဆိုတော့လည်း ကိုယ့်အနေနဲ့ လုပ်ဖို့ သင့်လျော်ပါ့မလား၊ ကိုယ်ဝန်မဖျက်ချဘဲ ဆက်မွေးလိုက်ရင်ရော ငါ့ဘ၀ ဘယ်လိုပြောင်းလဲသွားမှာလဲ အစရှိသဖြင့် အတွေးတွေ ဝင်လာတာလည်း ခဏခဏ ပါပဲ။ အကယ်လို့များ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ရသွားတယ်၊ ဒီကိုယ်ဝန်ကို ကိုယ်က ဖျက်ဖို့ ကြံစည်ထားတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီးမှ ဖျက်သင့်၊ မဖျက်သင့် ဆုံးဖြတ်ချက်ချဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။