ကိုယ်ဝန်ဆောင်မိခင်များ ပြုလေ့ရှိသော အမှားများ

    ကိုယ်ဝန်ဆောင်မိခင်များ ပြုလေ့ရှိသော အမှားများ

    ကိုယ်ဝန်ဆောင်မိခင်များ လုပ်လေ့ရှိသော အမှားများ

    ကိုယ်ဝန်ရလာပြီဆိုရင် ဘယ်လိုနေထိုင်စားသောက်ရမယ် ဆိုတာကို သိသလိုလိုရှိပေမယ့်လည်း အမှန်တကယ်မှာတော့ (အထူးသဖြင့် သားဦးကိုယ်ဝန်ဆောင်မိခင်များ) နေထိုင်စားသောက်မှုအလွဲများကို လုပ်လေ့ရှိကြပါတယ်။ အခုဖော်ပြမှာတွေကို ကြည့်ခြင်းအားဖြင့် အလွဲတွေကိုသိရှိပြီး အမှန်ပြန်ပြင်နိုင်ဖို့ဖြစ်ပါတယ်။

    နှစ်ယောက်စာစားခြင်း

    ကိုယ်ဝန်ရလာတော့ နှစ်ယောက်ဖြစ်သွားတော့ နှစ်ယောက်စာစားဖို့လိုတယ်ဆိုပြီး များများစားခြင်းက ရေရှည်မှာ ဝလာနိုင်ပြီး အခြားသောကျန်းမာရေးပြသနာတွေပါ ဖြစ်လာနိုင်ပါတယ်။ သန္ဓေသား ဖွံ့ဖြိုးဖို့အတွက် ပုံမှန်စားနေကျ ထက် ကယ်လိုရီ ၃၀၀ လောက်သာပိုစားဖို့လိုတာပါ။ သစ်သီးဝလံ၊ အသီးအရွက်၊ နို့၊ ပဲမျိုးစုံ၊ ဥ နှင့် အသားငါး မျိုးစုံပါ ဝင်သောအဟာရ မျှတတဲ့ အစားအသောက်ဖြစ်ဖို့ ပို၍လိုအပ်ပါတယ်။ ရေဓါတ်ပြည့်ဝနေဖို့လည်း လိုအပ်ပါတယ်။

    မိမိဘာသာ ဆေးဝါးသောက်သုံးခြင်း

    အလွယ်တကူဝယ်ယူ ရရှိနိုင်တဲ့ဆေးဝါးများနှင့် တချို့သော အလှအပဆိုင်ရာပစ္စည်း နှင့်ကုထုံးများက သင့်ရဲ့ ကလေးကိုမွေးရာပါ ချို့ယွင်းမှု့ရောဂါ များဖြစ်စေနိုင်တာကို သင်သိပါသလား။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ မည့်သည့်ဆေးဝါးတွေကိုမှ ဆရာဝန်ညွန်ကြားမှုရှိဘဲ မသောက်သုံးသင့်ပါ။ သင့်မှာ တစ်ခုခုခံစားနေရပြီထင်လျှင် ဆရာဝန်နဲ့အမြန်ဆုံးပြသပါ။

    အိပ်ရေးမဝခြင်း

    အိပ်ရေးမဝခြင်းက ခန္ဓါကိုယ်နုံးချိနေစေပြီး ဇီဝကမ္မဖြစ်စဉ်ပျက်ယွင်းခြင်းကိုဖြစ်ပေါ်စေနိုင်သည်။ ကလေးမွေးဖွား ရန် ကိုယ်ရောစိတ်ပါ အသင့်ဖြစ်နေစေဖို့ အိပ်ရေးဝရန်လိုအပ်ပါတယ်။ မွေးဖွားပြီး နောက်ပိုင်း အအိပ်လွန်တဲ့အကျင့်ဆိုး စွဲကပ်ရလောက် တဲ့အထိ မအိပ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

    ကိုယ်ဝန်ဗိုက်ကို ဂရုမစိုက်ခြင်း

    ကိုယ်ဝန်လွယ်ထားရတာဟာ စိတ်ရောကိုယ်ပါ သက်တောင့်သက်သာ မရှိလှပါ။ ထို့အတွက် ဗိုက်ကလေးကို ဂရုမစိုက်ဘဲ ပစ်ထားတာမျိုးထက် ညှင်ညှင်သာသာ ပွတ်ပြီး စကားပြောပေးခြင်း က မမွေးခင်ကတည်းက သင်နဲ့ သင့်ကလေးအကြား သံယောဇဉ်ကြိုး ခိုင်မြဲနေစေမှာပါ။

    အစားရှောင်လွန်းခြင်း

    အချိုကြိုက်တတ်တဲ့သူတစ်ယောက်အတွက် အချိုစာတွေလုံးဝရှောင်လိုက်ဖို့ဆိုတာ အိပ်မက်ဆိုးတစ်ခုပါပဲ။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေလို့ ကလေး ကိုထိခိုက်မှာစိုးလို့ ကြိုက်တတ်တဲ့ အစားအစာတွေကို လုံးဝရှောင်တာမျိုး ထက် ကိုယ်ဝန်ဒုတိယသုံးလ နောက်ပိုင်းမှာလျှော့စားတာမျိုးကပိုသင့်တော်ပါတယ်။

    လေ့ကျင့်ခန်းမလုပ်ခြင်း

    တစ်နေကုန်အိမ်အလုပ်၊ ရုံးမှာ လမ်းလျှောက် လှေကားတက်ဆင်း လုပ်နေရလို့ထပ်ပြီးလေ့ကျင့်ခန်း လုပ်စရာ မလိုဘူးလို့မထင်လိုက်ပါနဲ့။ သင်နဲ့သင့်ကလေး ကျန်းမာရေးကောင်းမွန်ဖို့၊ စိတ်ဖိစီးမှုတွေကင်းဝေးဖို့၊ သွေးလည်ပတ်မှုကောင်းမွန်ဖို့ အန္တရာယ်မဖြစ်စေမယ့် ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းကို ဆရာဝန်နဲ့တိုင်ပင်ပြီး လုပ်ဆောင်ဖို့လိုပါမယ်။

    ဘယ်မှာမွေးမှာလဲ မဆုံးဖြတ်ခြင်း

    ကိုယ်တိုင်မွေးဖွားရမှာမို့ ကိုယ့်အတွက်အဆင်ပြေဆုံးဖြစ်ဖို့လိုအပ်ပါတယ်။ ဘယ်ဆေးရုံမှာ ဘယ်လိုမွေးမှာလဲ ဘယ်ဆရာဝန်၊ ဆရာမနဲ့ မွေးမှာလဲစသဖြင့် ကိုယ့်စိတ်တိုင်းကျသေသေချာချာ ကြိုတင်ဆုံးဖြတ်ပြီးအစီအစဉ် ဆွဲထားဖို့လိုအပ်ပါတယ်။

    ကိုယ်ဝန်ဆောင်မိခင်များနဲ့ တွေဆုံမှုမရှိခြင်း

    အကယ်၍ သင်ဟာ သားဦးကိုယ်ဝန်ဆောင်မိခင်ဆိုလျှင် မွေးဖွားသည့်အတွေ့အကြုံ၊ ကလေးပြုစုတာနဲ့ပတ်သတ် ပြီးဗဟုသုတတွေကို အခြားသောကိုယ်ဝန်ဆောင် မိခင်တွေဆီမှရယူနိုင်ပါတယ်။

    အထက်ဖော်ပြပါ အချက်တွေကိုသင်လုပ်မိနေတယ်ဆိုလျှင်တော့ အချိန်မဆွဲ ယခုပဲ ပြင်ဆင်လိုက်ကြပါစို့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    8 common mistakes every pregnant woman makes!. http://www.thehealthsite.com/pregnancy/common-mistakes-that-woman-make-during-pregnancy-d214/. Access December 21, 2016

    စာရေးသူ ဓာတ်ပုံbadge
    Dr. Kaung Thar မှ ရေးသားသည်။ 23/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။