– ဆီးနည်းခြင်း၊ ဆီးမသွားခြင်း
– ဆီးအရောင်အလွန်ရင့်ခြင်း
– မျက်ခမ်းချိုင့်လာခြင်း
– နှလုံးခုန်၊ အသက်ရှူမြန်လာခြင်း
– သွေးပေါင်ချိန်ကျခြင်း စတာတွေ ဖြစ်ပါတယ်။
ဒါ့အပြင် အသားအရေကိုလည်း လေ့လာလို့ ရပါတယ်။ အသားအရေ ခြောက်သွေ့ပြီး ရှုံ့တွရင်၊ ကျုံ့ဆန့်နိုင်စွမ်း မရှိရင်၊ ဆွဲကိုင်ကြည့်ပြီး နဂိုအတိုင်း ပြန်မဖြစ်သွားရင် ရေဓါတ်ခန်းခြောက်တာ ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေရှိရင် ဆေးကုသဖို့ လိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ရေဓါတ်ခန်းခြောက်ခြင်းကို ဘယ်လိုကာကွယ်မလဲ
ရေဓါတ်ခန်းခြောက်ခြင်းကို ကာကွယ်ဖို့ မခက်ပါဘူး။ အဓိကအချက်ကတော့ နေ့စဉ် ရေများများ သောက်ဖို့ပါပဲ။ တနေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ခွက်ကနေ ၁၂ခွက်အထိ သောက်ပေးရပါမယ်။ အစာမကြေတာဖြစ်ရင်တော့ အစာစားချိန် တချိန်နဲ့တချိန်ကြားမှာပဲ သောက်ပေးရပါမယ်။ စားနေစဉ် အရည်သောက်တာ အစာမကြေခြင်းကို ပိုဆိုးစေပါတယ်။
မနက်ပိုင်း မအီမသာဖြစ်ပြီး အန်မယ်ဆိုရင် အရည်များများ သောက်သင့်ပါတယ်။ မူးဝေပြီးအန်တာ ဆိုးရွားရင်တော့ ဆရာဝန်ပြသင့်ပါတယ်။
ကဖင်းဓါတ်ဟာ ဆီးကိုပိုသွားစေလို့ ရှောင်ကြဉ်သင့်ပါတယ်။ ရေကအဓိက ဖြစ်ပေမယ့် နို့၊ အသီးဖျော်ရည်၊ စွပ်ပြုတ်များလည်း သောက်နိုင်ပါတယ်။
ပြင်းထန်တဲ့လေ့ကျင့်ခန်းလိုမျိုး အပူချိန်မြင့်တက်စေမယ့် လှုပ်ရှားမှုတွေကို ရှောင်သင့်ပါတယ်။ အလွန်ပူပြင်းပြီး စိုထိုင်းတဲ့ ပတ်ဝန်းကျင်ဟာ အပူချိန်ကို မြင့်တက်စေပါတယ်။
ဘယ်သူမဆို ရေဓါတ်ခန်းခြောက်တတ်ပေမယ့် ကိုယ်ဝန်ဆောင်ထားချိန်ဟာ အန္တရာယ်ပိုများပါတယ်။ ရေဓါတ်ခန်းခြောက်ခြင်းကို ကာကွယ်ဖို့ကတော့ အရည်ဓါတ်ဖြည့်တင်းပေးခြင်းပဲ ဖြစ်ပါတယ်။ အိမ်ကနေ အပြင်ထွက်တိုင်းမှာ ရေဘူးယူဆောင်တဲ့ အလေ့အကျင့် ပြုလုပ်သင့်ပါတယ်။
သင် ရေဘယ်လောက်သောက်တယ်ဆိုတာ မှတ်သားထားသင့်ပါတယ်။ နေ့စဉ် ရေဓါတ်လုံလောက်စွာ သောက်သုံးနေသ၍ သင်နဲ့ သင့်ကလေးငယ်ဟာ ရေဓါတ်မခန်းခြောက်နိုင်ပါဘူး။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။