မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးတွေမှာ အရပ်ရော ကိုယ်အလေးချိန်ရော တက်လာပြီး ကလေးတွေရဲ့ သိလိုစိတ် သင်လိုစိတ်တွေလည်း ပိုဖွံ့ဖြိုးလာပါတယ်။ သူတို့လေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့ ဘယ်လိုကူညီပေးရမလဲဆိုတာကို ဒီမှာ ကြည့်လိုက်ရအောင်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေဖို့

ဘာမှ မပြောခင် အရင်ဆုံး မေးချင်တာလေး တစ်ခု ရှိပါတယ် မေမေဖေဖေတို့ရေ။ ဒါကတော့ ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေဖို့ ဘယ်လို ပျိုးထောင်ပေးရမလဲ ဆိုတာကို သိပြီးပြီလား! သားသားမီးမီးတို့ကို ထက်ထက်မြက်မြက် သွက်သွက်လက်လက်လေး ကြီးပြင်းစေချင်တဲ့ ဆန္ဒ မိဘတိုင်းမှာ ရှိမှာပါ။ ကိုယ့်ကလေးက အခက်အခဲ တစ်ခုခု ကြုံလာလို့ ပါးပါးနပ်နပ်နဲ့ တုံ့ပြန်ဖြေရှင်းနိုင်လိုက်ရင် တပြုံးပြုံးကြည့်ရင်း ငါ့သားလေးကဖြင့် တော်လိုက်တာ၊ ငါ့သမီးလေးကဖြင့်တော်လိုက်တာဆိုပြီး ကျေနပ်နေတတ်တာ မိဘတိုင်းနော်။ သားသားမီးမီးတို့ကို ဒီလိုမျိုး ပါးပါးနပ်နပ် ဖြတ်ထိုးဉာဏ် ရှိရှိနဲ့ ကြီးပြင်းလာစေဖို့က ကိုယ်တိုင်ပျိုးထောင်လို့ ရပါတယ်။ ဘယ်လို ပျိုးထောင်ပေးရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးပါမယ်နော်။ ဖြတ်ထိုးဉာဏ်ကောင်းစေဖို့ အရေးပါသော အရာ (သို့မဟုတ်) အာဟာရ ပြည့်ဝမှု သားသားမီးမီးတို့ကို ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေဖို့ ငယ်စဉ်ကတည်းက အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ အရေးပါပါတယ်။ […]

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ပိန်ပြီးညှက်လွန်းနေ တဲ့ကလေးတွေမှာ ဘာများ မှားယွင်းနေလဲ

ပိန်ပြီးညှက်လွန်းနေ တဲ့ကလေးတွေ မြင်ဖူးတယ် မဟုတ်လား။ မိဘဆိုတာ ကိုယ့်သားသမီးနဲ့ ပတ်သက်လာရင် အကောင်းဆုံးကိုပဲ ဖြည့်ဆည်းပေးချင်ကြတာပါပဲ။ တစ်ခါတစ်လေ ကိုယ့်ကလေး ကောင်းစေဖို့ဆိုပြီး လုပ်မိလိုက်တဲ့ အရာတွေကို မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်သွားတတ်တာမျိုးတွေလည်း ရှိပါတယ်။ မိဘတွေ အမှားမဟုတ်ဘဲ ကိုယ့်ကလေးက အစားရွေးလွန်းတာ၊ ကျန်းမာရေး ပြဿနာမျိုးတွေ ရှိနေတာ အစရှိသဖြင့် အကြောင်း အမျိုးမျိုးကြောင့်လည်း ပိန်နေတတ်ပါတယ်။ ခုဆောင်းပါးလေးမှာတော့ ပိန်ပြီး ညှက်နေတဲ့ ကလေးတွေ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ မိဘတွေအနေနဲ့ ဘာတွေ ပြင်ဆင်ပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ဘာကြောင့် ကလေးတွေ ပိန်ပြီးညှက်လွန်းနေ တာလဲ။ ၁။ ပရိုတင်းဓာတ် ချို့တဲ့ခြင်း အဓိက အဖြစ်များရတဲ့ အကြောင်းရင်းကတော့ အာဟာရဓာတ် ချို့တဲ့ခြင်းဆိုတဲ့ Malnutrition ပြဿနာပါပဲ။ ဆင်းရဲတဲ့ တိုးတက်ဆဲ နိုင်ငံတွေ၊ ကျန်းမာရေးနဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

လူတိုင်း ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ဖို့ လိုမယ်။ ဒါမှ ကျန်းမာမယ်။ ခန္ဓာကိုယ် သွက်လက်ပေါ့ပါးမယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။ ဒီလိုပါပဲ ဖွံ့ဖြိုးဖို့ စတင်နေတဲ့ ကလေးတွေမှာလည်း လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာက ရုပ်ပိုင်းဆိုင်ရာရော ဦးနှောက်နဲ့အာရုံကြော ဖွံ့ဖြိုးမှုကိုပါ အထောက်အပံ့ပေးပါတယ်။ သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ လို့ ပြောရတာက ခုဆက်ပြောမဲ့ အကျိုးကျေးဇူးတွေ ရနိုင်လို့ပါ။ သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ ကလေးကို အသက် ၂ နှစ်ကျော် ၃ နှစ်လောက်ကစပြီး လေ့ကျင့်ခန်းလုပ်ပေးတဲ့ အကျင့်လေးကို မွေးမြူပေးမယ်ဆိုရင် နှလုံး ကျန်းမာစေနိုင်တယ် နှလုံးက ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာပါ။ နှလုံး ကြွက်သားတွေဟာလည်း ခန္ဓာကိုယ်ရဲ့ အခြား ​ကြွက်သားတွေလိုပါပဲ နေ့စဉ် လေ့ကျင့်ခန်း လုပ်ဖို့ လိုပါမယ်။ နှလုံးက ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးလေလေ သန်မာပြီး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သားသားမီးမီးတို့အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းလေးများ

ကလေးတွေကို လေ့ကျင့်ခန်း လုပ်စေတာက ပျော်ရွှင်မှုကိုတင် ဖြစ်စေတာမဟုတ်ဘဲ ခန္ဓာကိုယ် ကြံ့ခိုင်ကျန်းမာမှုကိုပါ ဖြစ်စေတာပါ။ ငယ်စဉ်ကစလို့ လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်လေးတွေကို လုပ်ပေးတာက ကလေးတစ်ယောက်ကို မိဘတွေအနေနဲ့ လုပ်ပေးသင့်တဲ့ အလေ့အကျင့်လေး တစ်ခုပါ။ လေ့ကျင့်ခန်း လုပ်ပေးတာက ကလေးတွေအတွက် ဘယ်လို အထောက်အကူ ပြုပေးနိုင်မလဲ......... ကလေးကို ငယ်စဉ်ကတည်းက လေ့ကျင့်ခန်း လုပ်တတ်တဲ့ အလေ့အထလေး မွေးမြူပေးမယ်ဆိုရင် ကလေးကို နှလုံး ကျန်းမာမယ် သွေးကြောတွေ သွေးစီးဆင်းမှု ကောင်းမယ် အဆုတ်တွေ ကျန်းမာစေမယ် သွေးတွင်းသကြားဓာတ် ကျဆင်းစေမယ် ကိုယ်အလေးချိန် ထိန်းညှိပေးနိုင်မယ် အရိုးတွေ သန်မာစေမယ် ဦးနှောက် ကောင်းစွာဖွံဖြိုးမယ် ကင်ဆာ ကာကွယ်ပေးနိုင်မယ် စိတ်ခံစားမှု ကောင်းမယ် ပေါင်းသင်းဆက်ဆံရေး ကောင်းမယ် သွေးတိုးရောဂါ ကင်းစေမယ် ခန္ဓာကိုယ် အင်အားပြည့်ဝမယ် ကိုယ်ခံအား ကောင်းစေမယ် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

မိဘတစ်ယောက်အနေနဲ့မိမိကလေးကိုဘယ်လိုပျိုးထောင်ပေးမလဲ

အကောင်းမြင်စိတ်ကို မွေးမြူပေးပါ။ သင့်ကလေးရဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတွေဆီမှာ မကောင်းတဲ့အမူအကျင့်တွေရှိနေတဲ့ အခါ သင့်ကလေးဆီကို ကူးစက်လာနိုင်ပါတယ်။ ဒါကိုပြန်လည်ပြုပြင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ မကောင်းတာတစ်ခုခုကို လုပ်လိုက်မိပြီဆိုရင် ဆူပူဟောက်ဟမ်းလိုက်မှာထက် ကောင်းကောင်းမွန်မွန်ပြောဆိုဆုံးမတာမျိုးကို ကလေးတွေကလိုချင်ကြပါတယ်။ သူတို့လေးတွေကို မြှောက်ပင့်ပေးတာကိုလည်း နှစ်သက်သဘောကျတတ်ကြပါတယ်။ သင်ဖြစ်စေချင်တဲ့ အပြုအမူမျိုးကိုပြောပြပေးပါ။ အပေါင်းလက္ခဏာဘက်ဆောင်တဲ့ ပြောဆိုဆုံးမခြင်းမျိုးကိုသာ ပြုလုပ်ပေးပါ။ (ဥပမာ ‘ဒီနေရာကို မရှုပ်ပွစေနဲ’ လို့ပြောဆိုသုံးနှုန်းမယ့်အစား ‘အဝတ် လေးတွေကို ခေါက်ပြီးနေရာတကျထားပေးပါ’ လို့အပြုသဘောဆောင်တဲ့ အသုံးအနှုန်းမျိုးကိုသာ ရွေးချယ်သုံးနှုန်းပေးပါ။) ဒေါသကို ထိန်းချုပ်ပါ။ သင့်ကလေးကို စိတ်ဆိုးမာန်ဆိုးနဲ့ အော်ဟစ်လိုက်ခြင်းဟာ သင့်ကိုလည်း စိတ်ဖိစီးမှုတွေတိုးပွားလာစေနိုင်သလို ကလေးကိုလည်း စိတ်ညစ်ညမ်းရှုပ်ထွေးမှုတွေ၊ ဒေါသတွေ ဖြစ်လာစေမှာပါ။ ဒီတော့ ဆုံးမရာမှာ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး အတတ်နိုင်ဆုံး ပျော့ပျောင်းစွာပြောဆိုပေးပါ။ ကောင်းမွန်တဲ့အရာ တစ်ခုခုကို သင့်ကလေးပြုလုပ်လိုက်တဲ့အခါ ချီးမွမ်းပေးဖို့ မမေ့ပါနဲ့။ ကလေးက ငယ်သည်ဖြစ်စေ ၊ ဆယ်ကျော်သက်ဖြစ်စေ အလုပ်တာဝန်တစ်ခုခုကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သင့်ကလေးရဲ့ ကိုယ်ခံအားစနစ်က ဘာကြောင့် အရေးကြီးတာလဲ။

ကိုးလလွယ်လို့ ဆယ်လဖွားပြီး အရိပ်တကြည့်ကြည့် မွေးထားရတဲ့ ကလေးက သွက်သွက်လက်လက် တက်တက်ကြွကြွနဲ့ ပျော်နေတာကိုပြုံးပြီး ကြည့်နေရတာနဲ့တင် အမောပြေတယ်ဆိုတဲ့ ဆန္ဒကို  မိဘတွေ အချင်းချင်းပဲ နားလည်မယ်ထင်ပါတယ်။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ သားသမီးက ကျန်းမာနေမယ်ဆိုရင် ပင်ပန်းတာကို မမှုပါဘူး။ ဒီတော့ ကိုယ့်သားသမီးတွေ ကျန်းမာပျော်ရွှင်နေဖို့ အဓိကကျတဲ့ ကိုယ်ခံအားစနစ်အကြောင်း ပြောကြရအာင်။ ကျန်းမာခြင်းရဲ့ အဓိက ဇာတ်လိုက် ခန္ဓာကိုယ် ကျန်းမာနေစေဖို့ ဆိုရင် ပြင်ပက ရောဂါပိုးတွေ ဝင်မလာအောင် တားဆီးဖို့ကလည်း တစ်ချက်အပါအဝင်ပါ။ ဒါကို အဓိက လုပ်ပေးတဲ့ ဇာတ်လိုက်က ကိုယ်ခံအားပေါ့။ ကိုယ်ခံအား ကောင်းနေမှ ပတ်ဝန်းကျင်က ရောဂါပိုးမွှားတွေ ကူးစက်ခံရတာမျိုး မရှိမှာပါ။ ကိုယ်ခံအားက မေမေ့ဗိုက်ထဲက ထွက်ကတည်းက အတူပါလာတဲ့ အရာပါ။ အပြည့်အဝတော့ မဖွံ့ဖြိုးသေးဘူးပေါ့။ ဒီလိုနဲ့ မွေးဖွားပြီးနောက်မှာ တဖြည်းဖြည်းချင်း […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးတို့ရဲ့ ဖွံ့ဖြိုးမှု အတွက် ဖေဖေ၊ မေမေ ပံ့ပိုးပေးသင့်တဲ့ (၇) ချက်

ကလေးရဲ့ ကောင်းမွန်စွာဖွံ့ဖြိုးမှုအတွက် ဖေဖေမေမေတို့ အမြဲတွေးပူခဲ့ကြတာ ကိုယ်၀န်ဆောင်ချိန် အချိန်ကတည်းကပေါ့။ ကလေးက ထွားသင့်သလောက် ထွားရဲ့လား၊ ပြည့်စုံရဲ့လား ၊ သန်မာရဲ့လား စသည်ဖြင့် အရိပ်တကြည့်ကြည့်နဲ့ မဟုတ်လား။ မေမေတို့ သိထားတဲ့အတိုင်းပါပဲ။ ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုဟာ အာဟာရကို မူတည်တယ် ဆိုပေမယ့် အစားအသောက်နဲ့တင် ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။ ကျန်းမာတဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် ပံ့ပိုးပေးရမယ့် တခြားအချက်လေးတွေ ရှိနေပါသေးတယ်။ ကဲ ... ကလေးတို့ရဲ့ ဖွံ့ဖြိုးမှု အတွက် ဖေဖေ၊ မေမေ ပံ့ပိုးပေးသင့်တဲ့ အချက်လေးတွေကို ပြောပြလိုက်ပါတယ်။ https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/dha-for-child/ ကလေးတို့ရဲ့ ဖွံ့ဖြိုးမှု အတွက် ဖေဖေ၊ မေမေ ပံ့ပိုးပေးသင့်တဲ့ (၇) ချက် ကလေး ပြုစုစောင့်ရှောက်တဲ့အခါ အရေးကြီးဆုံးက အာဟာရပါ။ အဲဒီနောက်မှ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေအတွက် အထောက်အကူဖြစ်မယ့် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးတို့ လူမှုပေါင်းသင်းဆက်ဆံရေး (Social Skills) တိုးတက်စေဖို့ ဖေဖေ၊ မေမေတို့ သိသင့်တဲ့ အချက်များ

ကလေးတို့ လူမှုပေါင်းသင်းဆက်ဆံရေး (Social Skills) တိုးတက်စေဖို့ ဖေဖေ၊ မေမေတို့ သိသင့်တဲ့ အချက်များ က ဘာတွေ ဖြစ်မလဲ ဆိုတာ အတူတူ ကြည့်ရအောင်နော်။ မိဘတွေတိုင်းမှာတော့ ကိုယ့်ရဲ့ သားသမီးတွေကို လိမ္မာယဉ်ကျေးသူတွေ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေ၊ လူချစ်လူခင် ပေါများသူတွေ ဖြစ်စေချင်တဲ့ စိတ်စေတနာမျိုး ရှိကြတာပါပဲ။ ဒါပေမယ့် ကလေးတိုင်းကတော့ အရွယ်ရောက်လာချိန်မှာ ဒီလို အရည်အသွေးမျိုးတွေ ပါရှိတဲ့သူတွေ ဖြစ်လာတတ်ကြတာမဟုတ်ပါဘူး။ ဒါကြောင့်လည်း ဖေဖေ၊ မေမေတို့အနေနဲ့ ကလေးတွေကို ငယ်ရွယ်စဉ်မှာကတည်းက Social Skills တိုးတက်လာအောင် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက Social Skills ကောင်းမွန်အောင် လေ့ကျင့်ပျိုးထောင်ခံထားရတဲ့ သားသား၊ မီးမီးတွေဟာ အနာဂတ်ကာလမှာလည်း မိဘတွေ မျှော်လင့်ထားသလို ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေ၊ လူချစ်လူခင်ပေါများသူတွေ ဖြစ်လာနိုင်ခြေများတယ် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

တချို့မေမေတွေ ဘာလို့ အမြဲဒေါသထွက်နေလဲ တွေးမိရဲ့လား

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေခံလူတန်းစားများ စုဝေးနေထိုင်ရာ တိုက်ခန်းတွေမှာဆိုရင် တစ်အိမ်မှာ အော်ဟစ်သံတွေ နည်းနည်းလောက် ကျယ်လာတာနဲ့ ဘေးအိမ်နီးနားချင်းတွေ အကုန်ပြန်ကြားရလောက်တဲ့အထိ ဖြစ်တာ သတိထားမိကြမှာပါ။ တစ်ခုခုဆိုရင် အဖေတွေက အော်ဟစ်လိုက်၊ မေမေတွေက အော်ဟစ်လိုက်၊ ကလေးက အော်ငိုလိုက်နဲ့ အိမ်လေးက အေးချမ်းတဲ့ရက်ကို မရှိဘူး။ ဘာကြောင့် ဒီလိုဖြစ်နေကြတာလဲဆိုတာ သင်ကိုယ်တိုင်ရော တစ်ခါလောက် တွေးကြည့်မိဖူးလား။ တကယ်တမ်းတော့ ဒေါသကြီးတဲ့ မေမေအများစုက အပျိုအရွယ်မှာ အရမ်းကို သဘောအေးပြီး ဒေါသကြီးတဲ့သူတွေ မဟုတ်ကြဘူးလို့ သိပ္ပံပညာရှင်များက ဆိုထားကြပါတယ်။ ဒါဆိုရင် သူတို့ ဘာလို့ ဒေါသကြီးလာကြတာလဲ။ အဓိကကတော့ မိခင်ဘဝမှာ ကြုံလာရတဲ့ လောကဓံနဲ့ အခက်အခဲတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေက သူတို့ကို ပြောင်းလဲသွားစေခဲ့တာပါ။ ၁။ တစ်မိသားစုလုံးရဲ့ တာဝန်တွေ ပုံကျလာခြင်း လူတွေ ထင်ထားတာက မိသားစုတစ်စုမှာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

အရေးပါတဲ့ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို DHA နဲ့အကူအညီပေးကြမယ်

မိဘတိုင်းရဲ့ အလိုလားဆုံး ဆန္ဒတစ်ခုကို ပြောပါဆိုရင် ကိုယ့်ရဲ့ ကလေး ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်စွာ ကြီးပြင်းစေချင်တဲ့ ဆန္ဒဖြစ်မှာပါ။ ဒီဆန္ဒပြည့်ဖို့ အခွင့်အရေးကို အဝေးကြီးမှာ သွားရှာနေစရာ မလိုပါဘူး။ ဖေဖေမေမေတို့ကိုယ်တိုင် အကောင်အထည်ဖော်နိုင်ပါတယ်။ ကိုယ့်ကလေးရဲ့ ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်မှုအတွက် DHA ကိုအသုံးပြုပြီး အားဖြည့်ကူညီပေးလို့ရပါတယ်။ DHA ဆိုတာ ဘာလဲ။ DHA ဆိုတဲ့ အာဟာရဓာတ်က ငါးကြီးဆီမှာ ပါဝင်တဲ့ Omega – 3 fatty acid အမျိုးအစားထဲက တစ်မျိုး (Docosahexaenoic Acid) ဖြစ်ပါတယ်။ ကလေးဘဝမှ အသက်ကြီးလာတဲ့အချိန်ထိ မျက်စိအမြင်အာရုံ နဲ့ ဦးနှောက် အာရုံကြောစနစ်ကို ဖွံ့ဖြိုးစေတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးတွေ မျက်စိမှုန်ခြင်းမရှိဖို့ ကာကွယ်ပေးနိုင်သလို ကလေးဘဝမှာ DHA ကို အလုံအလောက် ရရှိမှ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ဖေဖေမေမေတို့ သိထားဖို့လိုမယ့် ကလေးရဲ့ EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) အကြောင်း

ကိုယ့်ကလေးကို လူမှုဆက်ဆံရေးနယ်ပယ်မှာ ဝင်ဆံ့ပြီး အောင်မြင်သူတစ်ယောက်အဖြစ် ကြီးပြင်းလာစေချင်တဲ့ဆန္ဒ မေမေ ဖေဖေတိုင်းမှာ ရှိမယ်ထင်ပါတယ်။ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် ဉာဏ်ကောင်းခြင်း IQ တစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ စိတ်ပိုင်းဆိုင်ရာထိန်းသိမ်းနိုင်စွမ်း EQ လည်းကောင်းဖို့လိုအပ်ပါတယ်။ EQ ဆိုတဲ့စကားက အခုနောက်ပိုင်းမှာ အရမ်းခေတ်စားလာတဲ့အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။ ကလေးတွေမှာ EQ ဆိုတာဘာလဲ။ ကိုယ့်ကလေးကို EQ ကောင်းဖို့အတွက် ဘယ်လို ပြုစုပျိုးထောင်ကြမလဲဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။ ကလေးတစ်ယောက်ကို အောင်မြင်သူအဖြစ်ကြီးပြင်းစေဖို့ လိုအပ်ချက် (သို့မဟုတ်) EQ EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) ဆိုတာ စိတ်ခံစားချက်တွေကို အကောင်းဆုံးထိန်းချုပ်နိုင်တယ်၊ အခြေအနေကို လိုက်ပြီးအကောင်းဆုံးတုံ့ပြန်တတ်တယ်၊ အခြားသူတွေရဲ့ စိတ်အခြေအနေကို အကောင်းဆုံးခန့်မှန်းတတ်ပြီး လိမ္မာပါးနပ်စွာ တုံ့ပြန်တတ်တဲ့ စိတ်ခံစားချက် ထိန်းသိမ်းနိုင်စွမ်းကို ခေါ် တာပါ။ ကလေးတစ်ယောက်ရဲ့ EQ ဆိုတာ ဘယ်အရာတွေပါလဲ။ ကလေးတစ်ယောက်ရဲ့ EQ ကောင်းခြင်းကိုသိနိုင်ဖို့အတွက် အချက် (၅)ချက်ရှိပါတယ်။ ကိုယ့်ကိုကိုယ်သိခြင်း […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်