သူတို့ ဘာလေးပဲ မေးမေး၊ ကိုယ်ဖြေနိုင်သည်ဖြစ်စေ၊ မဖြေနိုင်သည်ဖြစ်စေ လေးလေးစားစား နားထောင်ပေးလိုက်ပါ။ ကလေးစကားပဲဆိုပြီး အပျော်သဘောနောက်လိုက်တာမျိုး မလုပ်ရပါဘူး။
-
သူတို့ နားလည်တဲ့ စကားလုံးနဲ့ ရှင်းပြပါ။
ကလေးဦးနှောက်နဲ့ နားလည်နိုင်လောက်တဲ့ စကားလုံးကို သုံးပါ။ ဥပမာ ကလေးက ဘယ်လိုမွေးတာလဲဆိုရင် မေမေ့ ဗိုက်ထဲက ထွက်လာတာမျိုး သူတို့ အရွယ်နဲ့လိုက်ဖက်တဲ့ စကားလုံးကို သုံးပါ။ လိင်ဆက်ဆံရာက မျိုးဥနဲ့ သုက်ကောင်ပေါင်း၊ သန္ဓေသားလေးဖြစ်၊ ကလေးမွေးဆိုရင် သူမသိတဲ့ စကားလုံးတွေ ထပ်ထွက်လာပြီး ထပ်ရှင်းပြရမှာပါ။ ကလေးရဲ့ ဦးနှောက်က အဲ့ဒီလောက်ထိ လက်ခံနိုင်ဦးမှာ မဟုတ်သေးပါဘူး။
-
မသိဘူးလို့ ငြင်းဆန်နိုင်ပါတယ်။
ကလေးရဲ့ မေးခွန်းတိုင်းကို ကိုယ်သိမှာ မဟုတ်ပါဘူး။ ဒီအခါ မသိဘူးလို့ ငြင်းဆန်နိုင်ပါတယ်။ မိဘဖြစ်တာကြောင့် အရာအားလုံးကို သိရမယ်ဆိုတာမျိုး မရှိပါဘူး။ ဒါရှက်စရာလည်း မဟုတ်ပါဘူး။ ဒီအစား အဖြေကို ကလေးနဲ့ အတူရှာကြည့်ပါ။ အဖြေသိသွားတော့ ကလေးလည်း ကျေနပ်၊ ကိုယ်လည်း ဗဟုသုတရပါတယ်။ ကလးနဲ့လည်း ပိုရင်းနှီးလာစေပါတယ်။

-
ကလေးရဲ့ မေးခွန်းနောက်ကွယ်က အဓိပ္ပာယ်ကို ရှာပါ။
ကလေးက သရဲဆိုတာ ဘာကြီးလဲ။ တကယ်ရှိလားလို့ မေးလာတဲ့အခါ သူက သရဲအကြောင်းကို သိချင်တာလား။ သရဲကို ကြောက်နေတာလားဆိုတာကို ကြည့်ကြည့်ပါ။ သရဲကြောက်နေတယ်ဆိုရင် ‘သရဲဆိုတာကို မေမေတော့ မတွေ့ဖူးပါဘူး။ သားကြောက်လို့လား။ သရဲက သားကို ဘာမှမလုပ်နိုင်ပါဘူး။ မေမေရှိတယ်နော်။’ ဆိုတာက သရဲတကယ်ရှိမရှိထက် ပိုကောင်းတဲ့ အဖြေပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။