Screen Timeဆိုတာ ဖုန်းအပါအဝင် တီဗွီကြည့်တာ၊ တက်ဘလက်သုံးတာ၊ ဂိမ်းဆော့တာ စတာတွေ အကုန်ပါပါတယ်။ ဒါတွေ အားလုံးကို ကလေးကို ကြည့်ချင်သလို ကြည့်ဆိုပြီး ဆိုပြီး လွှတ်မထားဘဲ အချိန်တစ်ခု ကန့်သတ်ရမှာပါ။
ကလေးတွေကို ဖုန်းသုံး တာ ဘာကြောင့် ကန့်သတ်ထားတာလဲ။
၁နှစ်၊ ၂နှစ် စသဖြင့် မူကြိုတက်တဲ့အရွယ်လေးတွေက အရာရာကို စူးစမ်းတဲ့ အရွယ်ပါ။ ဒီလို စူးစမ်းပြီး သင်ယူနေတဲ့အရွယ်မှာ တတ်နိုင်သမျှ သဘာပတ်ဝန်းကျင်၊ လူ စတာတွေနဲ့ ထိတွေ့တာက ပိုကောင်းပါတယ်။ တစ်နှစ်အောက် ကလေးတွေ ဆိုရင်လည်း ဦးနှောက်က ခပ်မြန်မြန်လေး ကြီးထွားနေတာကြောင့် ဖုန်းသုံးတာထက် ပြင်ပနဲ့ ထိတွေ့ဆက်ဆံတာက ကလေးတိုးတက်မှုကို အများကြီး အထောက်အကူပြုပါတယ်။
ကလေးတွေ တစ်နေ့ကို ဘယ်နှနာရီပဲ ဖုန်းသုံး သင့်သလဲ။
- ၁နှစ်ခွဲအောက် ကလေးဆိုရင် ဖုန်းအပါအဝင် တခြား အီလက်ထရောနစ် ပစ္စည်းတွေကို လုံးဝခွင့်မပြုသင့်ပါဘူး။ ခြွင်းချက်အနေနဲ့ Video callတော့ ပေးပြောလို့ရပါတယ်။ အဝေးရောက် ဆွေမျိုးတွေ၊ အဘိုးအဘွားတွေနဲ့ အဆက်အသွယ်ရအောင်ပါ။
- ၁နှစ်ခွဲနဲ့ ၂နှစ်ကြားဆိုရင်တော့ မိဘနဲ့ အတူ ကြည့်နိုင်ပါတယ်။ ရုပ်ထွက်ကောင်းတဲ့ ဗီဒီယိုတွေ၊ ကလေးအတွက် ဗဟုသုတရမယ့် ဗီဒီယိုတွေကို ကြည့်နိုင်ပါတယ်။ (အချိန်ကတော့ ၁နာရီထက် မပိုသင့်ပါ။)
- ၂နှစ်နဲ့ ၅နှစ်ကြားဆိုရင်တော့ အပျော်အပါး ဗီဒီယိုတွေကို တစ်နေ့ကို ၁နာရီနဲ့ တစ်ပတ်မှာ ၅ရက်၊ စနေ၊ တနင်္ဂနွေလို နေ့မျိုးဆိုရင်တော့ တစ်နေ့ကို ၃နာရီလောက်ထိ ခွင့်ပြုနိုင်ပါတယ်။
- ကျောင်းစတက်တဲ့အရွယ် ၆နှစ်လောက်ဆိုရင်တော့ တစ်နေ့ကို ၂နာရီလောက် ခွင့်ပြုနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။