မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးတွေမှာ အရပ်ရော ကိုယ်အလေးချိန်ရော တက်လာပြီး ကလေးတွေရဲ့ သိလိုစိတ် သင်လိုစိတ်တွေလည်း ပိုဖွံ့ဖြိုးလာပါတယ်။ သူတို့လေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့ ဘယ်လိုကူညီပေးရမလဲဆိုတာကို ဒီမှာ ကြည့်လိုက်ရအောင်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေဖို့

ဘာမှ မပြောခင် အရင်ဆုံး မေးချင်တာလေး တစ်ခု ရှိပါတယ် မေမေဖေဖေတို့ရေ။ ဒါကတော့ ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေဖို့ ဘယ်လို ပျိုးထောင်ပေးရမလဲ ဆိုတာကို သိပြီးပြီလား! သားသားမီးမီးတို့ကို ထက်ထက်မြက်မြက် သွက်သွက်လက်လက်လေး ကြီးပြင်းစေချင်တဲ့ ဆန္ဒ မိဘတိုင်းမှာ ရှိမှာပါ။ ကိုယ့်ကလေးက အခက်အခဲ တစ်ခုခု ကြုံလာလို့ ပါးပါးနပ်နပ်နဲ့ တုံ့ပြန်ဖြေရှင်းနိုင်လိုက်ရင် တပြုံးပြုံးကြည့်ရင်း ငါ့သားလေးကဖြင့် တော်လိုက်တာ၊ ငါ့သမီးလေးကဖြင့်တော်လိုက်တာဆိုပြီး ကျေနပ်နေတတ်တာ မိဘတိုင်းနော်။ သားသားမီးမီးတို့ကို ဒီလိုမျိုး ပါးပါးနပ်နပ် ဖြတ်ထိုးဉာဏ် ရှိရှိနဲ့ ကြီးပြင်းလာစေဖို့က ကိုယ်တိုင်ပျိုးထောင်လို့ ရပါတယ်။ ဘယ်လို ပျိုးထောင်ပေးရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးပါမယ်နော်။ ဖြတ်ထိုးဉာဏ်ကောင်းစေဖို့ အရေးပါသော အရာ (သို့မဟုတ်) အာဟာရ ပြည့်ဝမှု သားသားမီးမီးတို့ကို ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေဖို့ ငယ်စဉ်ကတည်းက အာဟာရ ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ အရေးပါပါတယ်။ […]

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သင့်ကလေးက လူရှေ့သူရှေ့မှာ ပြောစကားနားမထောင်တဲ့အခါ ထိန်းသိမ်းနည်း (၄) သွယ်

ကလေးလေးတစ်ယောက်လူ့လောကထဲရောက်ကာစမှာ မိဘတွေရင်ခုန်ပျော်ရွှင်နေကြပေမယ့် တကယ်တမ်းမွေးဖွားပြီးနောက်ပိုင်းမှာ ပိုတာဝန်ကြီးလာပါတယ်။ လသားကလေးအတွက် အိမ်မှာပဲ အသေးစိတ်ဂရုစိုက်စောင့်ရှောက်ရတယ်ဆိုပေမယ့် ကလေးကနည်းနည်းအရွယ်ကြီးလာတာနဲ့ အရင်လိုအိမ်မှာပဲထားလို့မရတော့ပါဘူး။ တစ်နှစ်ဝန်းကျင် သိနားလည်တဲ့အရွယ်ရောက်တဲ့အခါ ကလေးကို မုန့်ဆိုင်ခေါ်သွားတာ၊ အပြင်ခေါ်သွားတာတွေ လုပ်လို့ရနေပါပြီ။ဖေဖေမေမေအပြင်သွားရင် သားတို့ မီးတို့လည်းလိုက်မယ်ပေါ့။ တစ်နှစ်အရွယ်ပဲဖြစ်ဖြစ် သုံးနှစ်ပဲဖြစ်ဖြစ်ပြဿနာက ကလေးဆိုတာ လိုချင်တာမရရင် ဂျီကျတတ်တဲ့အရွယ်လေးတွေမို့ လူကြားထဲရောက်ရင် မိဘတွေ အခက်ကြုံရတတ်ပါတယ်။ဈေးဝယ်တာ၊ အခမ်းအနားပွဲတက်တာ၊ အိမ်အလည်သွားတာ စတဲ့ သွားစရာကိစ္စရှိလာတိုင်း မခေါ်ဘဲထားခဲ့လို့လည်းမရ၊ခေါ်သွားရမှာလည်း တထိတ်ထိတ်နဲ့ဖေဖေမေမေတို့အဖြစ်က ချီတုံချတုံရယ်ပါ။ ကလေးနဲ့အတူ သွားလာရရင်တော့ ကလေးလည်းပျော် မိဘတွေလည်းပျော်ရပါတယ်။ ဒါပေမယ့်ဘေဘီတို့အပျော်က တာရှည်မခံပါဘူး၊ စိတ်မကြည်စရာတွေ့တာနဲ့၊ လိုချင်တာမရတာနဲ့ ပြန်မယ်တကဲကဲ ငိုတော့တာပါပဲ။ အဲဒီမှာပြဿနာစပါတယ်။ အိမ်မှာဆိုရင် ပြောဆိုတားမြစ်လို့ရတဲ့ကိစ္စတွေ၊လုပ်ရပ်တွေကိုတောင် လူရှေ့သူရှေ့မှာ စကားနားမထောင်တော့ပါဘူး။ တခါတလေ လူအများရှေ့မှာမို့ ဆူလို့မရ၊ချော့လို့မရအောင် လုပ်ချင်ရာလုပ်နေတဲ့အခါမျိုးဆို မိဘတွေအနေနဲ့ ဘယ်လိုထိန်းကြမလဲ။ စကားနားမထောင်တဲ့ ဒါမှမဟုတ် ငိုနေတဲ့ ကလေးကိုအကြမ်းနည်းသုံးလို့မရပါဘူး။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သားသားမီးမီးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပေးနိုင်မယ့် အချက်(၇)ချက်

မိမိရင်သွေးလေးတွေကို ထူးချွန်ထက်မြက်တဲ့ ကလေးငယ်လေးတွေအဖြစ် ကြီးပြင်းလာစေချင်တဲ့ဆန္ဒက မိဘတိုင်းမှာရှိကြမှာပါ။ ကလေးတစ်ယောက် ဉာဏ်ရည်ဉာဏ်သွေးကောင်းဖို့ဆိုတဲ့နေရာမှာ မျိုးဗီဇကတော်တော်လေးကို သက်ရောက်မှုရှိတယ်ဆိုပေမယ့် အာဟာရပြည့်ဝအောင်ကျွေးမွေးပေးတာ၊ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ မထိတွေ့မိအောင်ကာကွယ်ပေးတာ၊ ကလေးကို ကစားချိန်များများပေးတာ၊ မှတ်ဉာဏ်တိုးတက်စေမယ့်လှုပ်ရှားမှုတွေလုပ်ဆောင်ပေးတာကလည်း ကလေးဦးနှောက်ဖွံ့ဖြိုးမှုကိုတော်တော်လေးအထောက်အကူပြုနိုင်ပါတယ်။   ကလေးငယ်ရဲ့ ဦးနှောက်ကဘယ်လိုဖွံ့ဖြိုးတာလဲ ကလေးငယ်ဟာ အသက် ၄ နှစ်မပြည့်ခင်မှာကို ဦးနှောက်ကတော်တော့်ကို ဖွံ့ဖြိုးနေပြီဖြစ်ပါတယ်။ တကယ်တော့ ကလေးဟာ မူကြိုမတက်ခင်မှာတင် ကလေးဦးနှောက်က ၉၀ ရာခိုင်နှုန်းအထိဖွံ့ဖြိုးနေပြီဖြစ်ပါတယ်။ ဒီအချိန်က ကလေးငယ်ကိုတစ်ခုခုသင်ကြားပေးနိုင်ဖို့အကောင်းဆုံးအချိန်လို့လည်းဆိုရပါမယ်။ ဒါပေမယ့်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက အသက် ၄ နှစ်မှာရပ်တန့်သွားတာတော့မဟုတ်ပါဘူး။ ကလေးငယ်လေးတွေရဲ့ဦးနှောက်က ကလေးဘဝတစ်လျှောက်လုံးကနေ အရွယ်ရောက်တဲ့အချိန်အထိ အဆက်မပြတ်ဖွံ့ဖြိုးနေတာဖြစ်ပါတယ်။   ကလေးဦးနှောက်ကို ကျန်းကျန်းမာမာနဲ့ဖွံ့ဖြိုးတိုးတက်စေမယ့်နည်းလမ်းများ (၁) ကလေးနဲ့ မျက်လုံးချင်း ဆက်သွယ်ပေးပါ ကလေးနဲ့ အကြည့်ချင်းဆိုင်ပြီး မျက်လုံးချင်းဆက်သွယ်ပေးတာက ကလေးမျက်လုံးကြွက်သားတွေကိုဖွံ့ဖြိုးအောင် အထောက်အကူပြုပေးပါတယ်။ ဒါ့အပြင်ကလေးကို အနာဂတ်မှာ မျက်လုံးပြဿနာတွေခံစားရနိုင်ခြေကနေ ကင်းဝေးစေနိုင်ပြီး မျက်နှာတွေကို မှတ်မိစေအောင်လည်း အထောက်အပံ့ပေးပါတယ်။ မိဘနဲ့သားသမီးကြား ခံစားချက်တွေနွေးထွေးစေပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးရဲ့ဦးနှောက် ဖွံ့ဖြိုးမှုကိုတိုးတက်စေနိုင်မယ့် လှုပ်ရှားမှုများ

ဦးနှောက်မှာ အာရုံကြောဆဲလ်အသစ်တွေဖြစ်ပေါ်လာနေမှုနဲ့အတူလူသားတွေရဲ့ ဦးနှောက်ဟာ ကလေးဘဝအရွယ်မှာကတည်းက အကြီးအကျယ်စတင်ဖွံ့ဖြိုးနေပါပြီ။ ဒီဖွံ့ဖြိုးမှုဖြစ်စဉ်က ကလေးဘဝ တလျှောက်လုံးဖြစ်ပေါ်နေတာဖြစ်ပြီး ကလေးဘဝမှ ာဖြစ်ပေါ်လာတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက အသက်ကြီးလာတဲ့အခါမှာ သက်ရောက်မှုအများကြီးဖြစ်စေပါတယ်။ ဒီတစ်ခေါက်တော့ ကလေးရဲ့ဦးနှောက် ဖွံ့ဖြိုးမှုကိုတိုးတက်စေနိုင်မယ့် လှုပ်ရှားမှုများ အကြောင်း ပြောပြပေးချင်ပါတယ်။ ကလေးရဲ့ဦးနှောက် ဖွံ့ဖြိုးမှုကိုတိုးတက်စေနိုင်မယ့် လှုပ်ရှားမှုများ ကလေးတွေကို သူတို့ငယ်စဉ်အရွယ်ကနေစလို့ ချစ်ခင်မှုတွေပေးမယ်၊ ဘာသာစကားတွေကြွယ်ဝစေမယ့် အတွေ့အကြုံတွေရရှိစေမယ်ဆိုရင် ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက ပိုမိုကောင်းမွန်မှာဖြစ်သလို ဘာသာစကားကြွယ်ဝမှု၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနဲ့ အစီအစဉ်ချမှတ်နိုင်စွမ်းတွေရရှိစေနိုင်မှာဖြစ်ပါတယ်။ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပေးနိုင်မယ့် လှုပ်ရှားမှုအချို့ကိုဖော်ပြပေးလိုက်ပါတယ်။ မမွေးဖွားခင်ကတည်းက ဂရုစိုက်ပါ။ ကိုယ်ဝန်ဆောင်ကာလကတည်းက ကျန်းမာအောင်နေပါ။ အာဟာရပြည့်ဝအောင်စားသုံးပါ။ ဆေးဝါးအချို့က ကလေးဦးနှောက်ကို ထိခိုက်စေတာမျိုးတွေရှိတတ်တာကြောင့် ဆေးဝါးသောက်သုံးတဲ့အခါ ဂရုစိုက်ရပါမယ်။ လေ့လာတွေ့ရှိချက်တွေအရ ကလေးအများစုကမိခင်ဝမ်းအတွင်းရှိနေစဉ် မိခင်တွေရဲ့ဆေးတွေသောက်သုံးမှုကြောင့် သင်ယူမှုအပိုင်းမှာထိခိုက်တာမျိုးတွေကို ခံစားကြရပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာဆေးလိပ်သောက်သုံးတာက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေပြီး ကလေးငယ်ရဲ့ စာဖတ်နိုင်စွမ်းနဲ့လေ့လာသင်ယူနိုင်စွမ်းကို ထိခိုက်စေပါတယ်။ ကလေးကို စကားပြောရင် အဓိပ္ပါယ်ပြည့်ပြည့်စုံစုံပြောပါ။ ကလေးကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးကို မျှဝေတတ်ဖို့ ဘယ်လိုသင်ကြားပေးမလဲ

ကလေးကို မျှဝေတတ်ဖို့ ဘယ်လိုသင်ကြားပေးမလဲ .... သင့်ရဲ့ ကျောင်းမနေခင်ကလေးဟာ မျှဝေမှုပြုလုပ်ဖို့ ခက်ခဲနေခြင်းဟာ ပုံမှန်ပဲ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် သူတို့ဟာ မျှဝေမှုကို အသက် ၃ နှစ်လောက်မှ သတိထားမိတာဖြစ်ပါတယ်။ ဒါပေမယ့် သင့်ကလေးကို မျှဝေတတ်စေဖို့ ပြင်ဆင်နိုင်ရန် အချိန်ပိုပေးသင့်ပါတယ်။ အောက်ဖေါ်ပြပါ နည်းလမ်းတွေက ကလေးငယ်တွေကို မျှဝေတတ်စေဖို့ ကူညီပေးနိုင်ပါတယ်။ ကလေးကို မျှဝေတတ်ဖို့ ဘယ်လိုသင်ကြားပေးမလဲ ကလေးကို မျှဝေတတ်ဖို့ ဘယ်လိုသင်ကြားပေးမလဲ ဆိုတော့ ပျော်စရာကောင်းပါစေ။ သင့်ကလေးကို မျှဝေခြင်းနဲ့ ပတ်သက်ပြီး သင်ကြားပေးနိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းတစ်ခုကတော့ ပြိုင်ဆိုင်ပြီး ကစားရမယ့်အစား မျှဝေပြီး ကစားရတဲ့နည်းတွေကို ကစားစေခြင်းပဲ ဖြစ်ပါတယ်။ သင့်ကလေးဟာ အခြားသူတွေနဲ့ အလုပ်လုပ်ရတဲ့အချိန်မှာ ယှဉ်ပြိုင်ခြင်းနဲ့ အောင်နိုင်ခြင်းကို အာရုံစိုက်မယ့်အစား မျှဝေခြင်းရဲ့ တန်ဖိုးကို နားလည်လာပါလိမ့်မယ်။ အခြားအကျိုးရှိစေမယ့် လှုပ်ရှားမှုတွေ ဖြစ်တဲ့ jigsaw puzzle၊ ဘောလုံးမှုတ်ခြင်း၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကျောင်းစမတက်ခင်မှာ ကလေးတွေ အတွက်လိုအပ်တဲ့ သင်ခန်းစာအနည်းငယ်

ကလေးလေးတွေရဲ့ဘဝလမ်းကြောင်းမှာ ကျောင်းစတက်ခြင်းဟာ အရေးကြီးတဲ့ မှတ်ကျောက် တစ်ခုဖြစ်ပါတယ်။ ကျောင်းမှာ ကောင်းမွန်တဲ့ အတွေ့အကြုံတွေပေးနိုင်ဖို့ အတွက် မိဘတွေက ကလေးတွေကို စစချင်းကျောင်းတက်မယ့်နေ့ မတိုင်ခင်နေ့မှာ သင်ခန်းစာလေး ၄ ခုကို သင်ကြားထားပေးသင့်ပါတယ်။     ၁။ တစ်ကိုယ်ရည်သန့်ရှင်းမှု။ အဲဒီအချိန်ကာလဟာ ကလေးတွေဟာ အခြေခံ သင်ခန်းစာလေးတွေကို မှတ်သားနိုင်တဲ့ စွမ်းရည်ကောင်းတဲ့အတွက် မိဘတွေ က ကလေးတွေကို ဘယ်လို သန့်ရှင်းမှုရှိအောင်နေရမယ်ဆိုတာ သင်ကြားပေးထားသင့်ပါတယ်။ အဲဒီ ဘယ်လိုသန့်ရှင်းအောင်နေရမယ် ဆိုတာမှာ အစာမစားမီ လက်ကို ဆပ်ပြာနဲ့ဆေးဖို့၊ ပန်းကန်ထဲမှ အစာတွေကို ယူဖို့ အတွက် လက်တွေနဲ့သုံးပြီး မနှိုက်ဖို့၊ သန့်စင်ခန်းသွားပြီး (သို့) ညစ်ပတ်တဲ့အရာတွေနဲ့ ဆော့ပြီးချိန်မှာ လက်ဆေးဖို့ စတာတွေပါဝင်ပါတယ်။ အဲဒီ အချက်သေးသေးလေးတွေက သူတို့လေးတွေကို နေရာတိုင်းနီးနီးမှာ ဖြစ်လာနိုင်တဲ့ မကောင်းတဲ့ ဘက်တီးရီးယား တွေရဲ့ရန်ကနေ ကာကွယ်ပေးပြီး ကျန်းမာရေးကောင်းအောင် အကာအကွယ်ပေးနိုင်ပါတယ်။ ၂။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သင့်ကလေး လှုပ်လှုပ်ရှားရှား နေတတ်အောင် ဘယ်လိုတွန်းအားပေး ကူညီမလဲ

ဒီခေတ်လို အင်တာနက်၊ဂိမ်း၊တီဗွီ အစရှိသဖြင့် မျိုးစုံအောင် ပေါ်နေ၊အလွယ်တကူ ရရှိနေနိုင်တဲ့ ခေတ်ကြီးထဲမှာ ကလေးတွေကို ကိုယ်တွေ ငယ်ငယ်တုန်းကလို ကစားခုန်စား၊ပြေးလွှားဆော့ကစားစေဖို့ဆိုတာ အတော်တော့ မလွယ်တဲ့ ကိစ္စတခုပါ။ သူတို့လေးတွေအနေနဲ့ အပြင်ထွက်ဆော့ဖို့ထက် တီဗွီကြည့်မယ်၊ဂိမ်းဆော့မယ်၊တက်ဘလက်ပွတ်မယ်၊အင်တာနက်သုံးမယ် အစရှိတဲ့ နည်းပညာရဲ့ ဖြားယောင်းမှုတွေနောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်သွားကြတာပါ။ ဒါတင်မကသေးပါဘူး၊များပြားလွန်းလှတဲ့ ကျောင်းစာတွေကလည်း ကလေးတွေကို ကစားကွင်းထဲရောက်မလာနိုင်အောင် တားဆီးနေပါသေးတယ်။ ဒါကြောင့် မိဘတယောက်အနေနဲ့ ကိုယ့်သားသမီးတွေ လှုပ်လှုပ်ရှားရှား၊တက်တက်ကြွကြွဖြစ်အောင် အားပေးတိုက်တွန်းကူညီပေးရပါမယ်။ ကလေးတွေ လှုပ်လှုပ်ရှားရှားနေဖို့ ဘာကြောင့် လိုအပ်တာလဲ။ လှုပ်လှုပ်ရှားရှား၊တက်တက်ကြွကြွနေတဲ့အခါ သင့်ကလေးဟာ အမြဲတမ်းကျန်းမာရွှင်လန်းနေပြီး လုပ်ငန်းဆောင်တာတွေကိုလည်း ပုံမှန်အတိုင်း ပျော်ရွှင်အောင်မြင်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး အောက်ပါ အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ပါတယ်။ အရိုးနဲ့ ကြွက်သားတွေ သန်မာခြင်း။ သင့်တော်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်စေခြင်း။ အမျိုးအစား နှစ် ဆီးချိုဖြစ်ပွားနိုင်ချေကို လျှော့ချပေးခြင်း။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သင့်ကလေးတွေ ဒေါသမကြီးအောင် ဘယ်လို သွန်သင်မလဲ

ကလေးတွေဟာ ကမ္ဘာကြီးဆီကို အဖြူထည်လေးတွေအဖြစ် ရောက်လာတာ ဖြစ်ပြီး အင်မတန်မှကို အပြစ်ကင်းပါတယ်။ ဒီလို အပြစ်ကင်းတာကြောင့်ပဲ သူတို့လေးတွေအနေနဲ့ လူသားတွေအားလုံးရင်ဆိုင်နေရတဲ့ အတွင်းအပြင် ပဋိပက္ခ ဖြစ်ပွားမှုတွေရဲ့ ဒဏ်ကိုခံရလေ့ရှိပါတယ်။ အထူးသဖြင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေပေါ့။ လူသားတွေ ထိန်းချုပ်ဖို့ အင်မတန်ခက်ခဲတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတခုကတော့ စိတ်ဆိုးဒေါသထွက်တာပေါ့။ ကလေးတွေမပြောပါနဲ့၊ အရွယ်ရောက်ပြီးသား လူအတော်များများအနေနဲ့ တောင်မှ ဒေါသစိတ်တွေကို မြိုသိပ်ထိန်းချုပ်နိုင်စွမ်း မရှိကြပါဘူး။   သင့်ကလေးတွေအတွက် သင်က စံပြဖြစ်ပါစေ။ ကလေးတွေဟာ ရွှံ့ပျော့လေးတွေလိုပါပဲ ၊လိုသလို ပုံသွင်းလို့ ရပါတယ်။ ဒေါသကြီး၊ကြမ်းတမ်းတတ်တဲ့ မိဘကနေ မွေးဖွားကြီးပြင်းလာတဲ့ ကလေးဟာ ဒေါသကြီးရမ်းကားတတ်မယ်ဆိုတာ တွေးကြည့်ဖို့တောင် မလိုပါဘူး။ သင်ဟာ မိဘနေရာရောက်လာပြီဆိုရင် ကလေးတွေအတွက် စံပြဖြစ်အောင် နေထိုင်တတ်ရပါမယ်။ ဒေါသကို ထိန်းချုပ်တာလည်း တခု အပါအဝင်ပေါ့။ မိဘတွေအနေနဲ့ စိတ်ဆိုးဒေါသထွက်ရမယ့် အခြေအနေတွေနဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်