backup og meta

ပျော်ရွှင်တဲ့ သားသားမီးမီးဖြစ်အောင် ပျိုးထောင်နိုင်မယ့် နည်းလမ်း (၅) သွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျော်ရွှင်တဲ့ သားသားမီးမီးဖြစ်အောင် ပျိုးထောင်နိုင်မယ့် နည်းလမ်း (၅) သွယ်

    ချစ်ရတဲ့ သားသားမီးမီးတွေ ပျော်ရွှင်ကျန်းမာနေတာကိုပဲ လိုချင်တဲ့ ဆန္ဒက မိဘတိုင်းမှာ ရှိနေမယ့် ဆန္ဒတစ်ခုပါ။ မေမေတွေရဲ့နေ့စဉ် ဆုတောင်းမှုတွေထဲက တစ်ခုက သားသားမီးမီးတို့ ပျော်ရွှင်ကျန်းမာစွာနဲ့ ကြီးပြင်းလာဖို့ဟုတ်။  ဒီဆန္ဒကို တောင်းဆုပြုရုံတင် မဟုတ်ဘဲ ကိုယ်တိုင် အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ယုံမလား မေမေတို့။ တကယ်ကတော့ သားသားမီးမီးတို့ ပျော်ရွှင်ကျန်းမာမှုကို ဖန်တီးပေးနိုင်မယ့် လက်တစ်စုံက မေမေတို့ကိုယ်တိုင်ပါပဲ။ ဒီတော့ ပျော်ရွှင်တဲ့ သားသားမီးမီးဖြစ်အောင် ပျိုးထောင်နိုင်မယ့် နည်းလမ်း လေးတွေကို လေ့လာလိုက်ရအောင်နော်။

    ပျော်ရွှင်တဲ့ သားသားမီးမီးဖြစ်အောင် ပျိုးထောင်နိုင်မယ့် နည်းလမ်း

    အခက်ခဲဆုံးအလုပ်တစ်ခုကို ပြောပါဆိုရင် သားသားမီးမီးတို့ကို ပျိုးထောင်တာပါ။ ဒီလိုခက်ခဲစွာ ပျိုးထောင်မှုကို အကောင်းဆုံး လုပ်ဆောင်ပြီး ပျော်ရွှင်ကျန်းမာတဲ့ သားသားမီးမီးတို့ကို ပျိုးထောင်ချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေက တကယ့်ကို အသုံးတည့်စေမှာပါ။

    ဒီတော့ ပျော်ရွှင်တဲ့ သားသားမီးမီးလေးတွေဖြစ်အောင် ဘယ်လို ပျိုးထောင်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဖတ်ကြည့်လိုက်နော် မေမေတို့………..

     () ကလေးနဲ့ ပျော်ရွှင်စရာ အချိန်လေးတွေ ဖန်တီးပါ။

    အချစ်ခံရတဲ့ ကလေးတွေ၊ မိဘတွေနဲ့ ရင်းရင်းနှီးနှီးနေထိုင်တဲ့ ကလေးတွေက ပိုပြီး ပျော်ရွှင်ကျန်းမာကြပါတယ်။ ဒါ​ကြောင့် သားသားမီးမီးတို့ကို ကျန်းမာပျော်ရွှင်စေချင်တယ်ဆိုရင်တော့ ကလေးနဲ့အတူ ပန်းပင်လေးတွေ စိုက်ရင် ဘယ်ပန်းလေးကတော့ ဘာအရောင်လေး၊ ဘယ်လို ရနံ့လေးမွှေးတယ် စသဖြင့် စကားစမြည်ပြောတာမျိုး လုပ်ပေးပါ။

    နောက်ထပ် လုပ်ပေးလို့ရနိုင်တာတစ်ခုက အိမ်အပြင်ဘက် ခြံထဲ ဒါမှမဟုတ် လူရှင်းတဲ့ ပန်းခြံလိုမျိုး နေရာမှာ စက်ဘီး အတူတူစီးတာ၊ လမ်းလျှောက်ထွက်တာလိုမျိုးလုပ်ပေးရင်း ကလေးနဲ့ ပျော်စရာတွေကို အတူဖန်တီးပါ။

    () Screen Time ကို ကန့်သတ်ပါ။

    ဒါကတော့ သားသားမီးမီးတွေကို ပျော်ရွှင်ကျန်းမာစေချင်တဲ့ မေမေတိုင်း မဖြစ်မနေ ဂရုစိုက်သင့်တဲ့ အချက်တစ်ခုပါ။ ယခုခေတ်မှာ နည်းပညာတွေ တိုးတက်လာတာကြောင့် ကလေးတွေက တီဗွီကြည့်တာအပြင် ကွန်ပျူတာ ဂိမ်းဆော့တာ၊ ဖုန်းသုံးတာတွေကိုပါ လုပ်လာကြပါတယ်။

    Screen Time များတာက သားသားမီးမီးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သလို ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအပေါ်မှာလည်း ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ ဒါကြောင့် သားသားမီးမီးတို့ရဲ့ Screen Time ကို လျှော့ချဖို့က မဖြစ်မနေ လိုအပ်ပါမယ်။

    သားသားမီးမီးတို့ကို စားပွဲလေးတွေ ရှင်းခိုင်းတာမျိုး၊ အဝတ်လေးတွေ ကူခေါက်ခိုင်းတာမျိုး၊ ကစားစရာလေးတွေ ကူသိမ်းခိုင်းတာလိုမျိုး သူတို့နိုင်သလောက် တာဝန်လေးတွေကို ကူခိုင်းရင်း  Screen Time ကို နည်းနည်းစီ လျှော့ချသွားပါ။ အခြား ကိုယ်လက်လှုပ်ရှားမှု ပျော်စရာလေးတွေလည်း ဖန်တီးပေးရင်းပေါ့။

     () အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးပါ။

    သားသားမီးမီးတို့ကို ပျော်ရွှင်ကျန်းမာစေချင်တယ်ဆိုရင် အရေးကြီးတဲ့အချက်တစ်ခုက အာဟာရပြည့်ဝအောင် ပြင်ဆင်ပေးဖို့ပါ မေမေ။ ကလေးတွေက လိုအပ်တဲ့ အာဟာရတွေကို ပြည့်ဝစွာရရှိမယ်ဆိုရင် ကျန်းမာပြီး နေ့ရက်တိုင်းမှာ ပျော်ရွှင်တက်ကြွနေမှာပါ။

    ဒါကြောင့် သားသားမီးမီးတို့ရဲ့ နေ့စဉ်စားသုံးမှုထဲမှာ ကိုယ်ခံအားကောင်းစေဖို့အတွက် အာဟာရတွေ လုံလောက်စွာ ရရှိစေဖို့ အူနံရံတွေ ကျန်းမာအောင်အားဖြည့်ပေးမယ့် အကျိုးပြုဘက်တီးရီးယားတွေ၊ ဗီတာမင် C ၊ ဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးစေဖို့ DHA ၊ ဗီတာမင် A ၊ ဗီတာမင် D တို့ ပြည့်ဝဖို့လိုအပ်ပါမယ်။

    အရိုးနဲ့သွားတွေ သန်မာစေပြီး ကြွက်သားတွေ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ကတော့ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ARA လို့ခေါ်တဲ့ omega-6 fatty acid၊ ပိုတက်ဆီယမ်၊ အိုင်အိုဒင်း၊ ပရိုတင်းတို့ ပြည့်ဝလုံလောက်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။

    ဒီလောက်အာဟာရတွေ စုံလင်အောင် ပြင်ဆင်ပေးနိုင်ပါ့မလားလို့ မစိုးရိမ်သွားနဲ့နော်။ ကလေးကို နေ့စဉ်အစာအုပ်စုတွေ စုံလင်မျှတအောင် ကျွေးမယ်ဆိုရင် အာဟာရပြည့်ဝမှာပါ။

    () ကလေးကို ကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့ သင်ပေးပါ။

    မိဘတွေအနေနဲ့ သားသမီးတွေ ထိခိုက်မှာကို စိတ်ပူတာက သဘာဝပါ။ ဒီလိုဆိုတာနဲ့ ကလေးလုပ်ဆောင်သမျှကို လိုက် ပိတ်ပင်နေတာက ကလေးရဲ့ ကြီးထွားမှုနဲ့ စူးစမ်းလေ့လာမှုကို ဟန့်တား လိုက်ရာကျပါတယ်။

    ဒါကြောင့် ကလေးအသက်အရွယ်အလိုက် သူလုပ်ဆောင်နိုင်မယ်လို့ ယူဆရမယ့် အရာလေးတွေကို ပေးလုပ်ပါ။ ဥပမာ –  မေမေနဲ့အတူ ချက်ပြုတ်ဖို့ အသီးအရွက်တွေ ကူသင်တာမျိုး၊ ဖေဖေနဲ့အတူ ကားရေဆေးတာမျိုး၊ ခြံသန့်ရှင်းရေး တူတူလုပ်တာ၊ အိမ်သန့်ရှင်းရေး တူတူလုပ်တာမျိုးက ကလေးကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ ထောက်ကူပေးရာရောက်သလို အလေ့အကျင့်ကောင်း​လေးတွေ အုတ်မြစ်ချပေးရာလည်း ရောက်ပါတယ်။

    () ကျေးဇူးတင်စကား ဆိုပါ။

    ကလေးက တစ်ခုခုကို ကူညီတဲ့အခါမျိုး၊ လိမ္မာတဲ့ အပြုအမူလေးတွေ လုပ်ဆောင်ပေးတဲ့အခါမျိုးမှာ ကျေးဇူးတင်တယ်ဆိုတာကို ဖေဖေမေမေတို့အနေနဲ့ ပြသပေးပါ။ ဒီလိုကျေးဇူးတင်စကားဆိုတာက ကလေးကို စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုတိုးစေပြီး အကောင်းမြင်စိတ် များစေပါတယ်။

    အလေ့အကျင့်ကောင်းလေးရသလို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

    ဒီအလေ့အကျင့်လေးတွေကို လုပ်ဆောင်ပေးရင်း နေ့ရက်တိုင်းမှာ နွေးထွေးစွာနဲ့ သားသားမီးမီးတို့ကို ချစ်ခင်ကြောင်းပြသလို့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ပျိုးထောင်လိုက်ပါ မေမေ………..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement