၄။ ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံခြင်း
အပြာရုပ်ရှင် အများစုမှာ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေ အကြိုက်တွေ့စေလောက်မယ့် ကွန်ဒုံးမပါဝင်တဲ့ အန္တရာယ်များတဲ့ လိင်ဆက်ဆံခြင်းပြကွက်တွေကို အဓိက ပြတတ်ပါတယ်။ ကလေးအရွယ်မှာ လိင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အထူးတလည် သင်ပြထားတာတွေ မရှိသေးရင်တော့ သူတို့ ကြီးလာတဲ့အခါ ငယ်ငယ်ကတည်းက ကြည့်လာရတဲ့ အန္တရာယ်များတဲ့ လိင်ဆက်ဆံပုံစံအတိုင်းပဲ လုပ်သွားတတ်တာ သဘာဝပါ။
၅။ လိင်အကြမ်းဖက် စော်ကားလိုစိတ်၊ တခြားကလေးတွေရဲ့ လိင်အင်္ဂါကို ထိကိုင်လိုစိတ် ဖြစ်လာခြင်း
ဒီအချက်ကတော့ ရှင်းပါတယ်။ လိင်စိတ်ဆန္ဒ ထကြွလာတဲ့ ကလေးတစ်ယောက်က သူတို့ကြည့်ထားဖူးတဲ့ ရုပ်ရှင်တွေထဲကလိုပဲ တခြားကလေးတွေကို ထိကိုင်ပြီး စမ်းသပ်တာမျိုးတွေ လုပ်နိုင်ပါတယ်။ ကလေးအရွယ်လည်း ဖြစ်တယ်၊ ကစားဖော် ကစားဖက်တွေလည်း ဖြစ်နေတဲ့အခါ တခြားကလေးတွေက တိုင်တောတာမျိုး မလုပ်နိုင်လို့ ဒီလိုအပြုအမူတွေက ကလေးဘဝကနေ အမြစ်ပျိုးလာပြီး အသက်ကြီးလာရင်လည်း ရွယ်တူ၊ အသက်ငယ်သူ၊ ကြီးသူတွေရဲ့ လိင်အင်္ဂါတွေကို ထိတွေ့ကိုင်တွယ်တာ၊ လိင်အကြမ်းဖက်လိုတာ၊ စော်ကားလိုတဲ့ လုပ်ရပ်တွေ လုပ်လာနိုင်ပါတယ်။
၆။ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး ရွံရှာကြောက်ရွံ့ခြင်း
ဒါကတော့ အပေါ်မှာပြောခဲ့တဲ့ ပြဿနာတွေနဲ့ လုံးဝဆန့်ကျင်ဘက်ပါ။ ကလေးဘဝမှာကတည်းက လူကြီးတွေ လိင်ဆက်ဆံနေကြတဲ့ ရုပ်ရှင်တွေကို ကြည့်လာရတဲ့အခါ စိတ်ဒဏ်ရာတစ်ခုလို ဖြစ်သွားတတ်ပါတယ်။ ဒီလိုမျိုး စိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာရတယ်ဆိုရင် အသက်ကြီးလာတော့ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး ကြောက်ရွံ့တာ၊ ရွံရှာတာ၊ လိင်စိတ်ဆန္ဒကို ဖုံးကွယ်ထားတာ၊ ပြစ်မှုတစ်ခုလို မြင်နေတဲ့ အစွန်းရောက်စိတ်တွေ ဖြစ်လာပြီး ချစ်သူ၊ အိမ်ထောင်ဖက်ကြား ပြဿနာ များနိုင်ပါတယ်။
ကလေးတွေကို ဒီလိုပြဿနာများ မဖြစ်စေဖို့ ဘယ်လိုကာကွယ်ကြမလဲ။
၁။ အပြာရုပ်ရှင်နဲ့ ပတ်သက်တဲ့ ခွေများ၊ ဗီဒီယိုဖိုင်များ၊ ဒေတာများကို ကလေးတွေနဲ့ ထိတွေ့မှုမရှိစေမယ့် နေရာမှာ သိမ်းထားပါ။ ခွေချပ်တွေဆိုရင် ဖွက်ထားပါ။ ဖုန်းထဲမှာဆိုရင် ဒေတာကို Hide လုပ်ထားပေးပါ။
၂။ လူတိုင်း အပြာရုပ်ရှင်၊ လိင်မှုကိစ္စတွေနဲ့ ကင်းနိုင်တဲ့သူဆိုတာ အရမ်းရှားပါတယ်။ ဒါကြောင့် ကလေးငယ်ငယ်လေးထက်စာရင် အရွယ်ရောက်ပြီးသား လူကြီးအရွယ်ရောက်မှ ကိုယ့်စိတ်ဆန္ဒနဲ့ ကိုယ်ကြည့်တာ ပိုကောင်းပါတယ်။
၃။ လိင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကလေးဘဝမှာကတည်းက တီးခေါက်သင်ပေးထားနိုင်ရင် ပိုကောင်းပါတယ်။ လိင်ကျန်းမာရေးဆိုတာ အပြာရုပ်ရှင်မဟုတ်ပါဘူး။ လိင်ဆက်ဆံရာမှ ကူးစက်ရောဂါတွေ၊ ကိုယ်ဝန်တွေ မရရှိအောင် ဘယ်လိုကာကွယ်မလဲ၊ အကြမ်းဖက် လိင်စော်ကားခြင်းဆိုင်ရာ အပြုအမူတွေဆိုတာ ဘယ်လိုလဲ၊ ဒါမျိုး ပြဿနာတွေ ဖြစ်လာရင် ဘယ်သူတွေကို တိုင်ပင်ရင်ဖွင့်လို့ရမလဲဆိုတာကို အဓိက သင်ကြားပေးတာ ဖြစ်ပါတယ်။ ဒီလိုလိင်ကျန်းမာရေးက ကလေးဘဝမှာစလို့ လူကြီးရောက်တဲ့အချိန်ထိကို သင်ကြားတတ်မြောက်ထားနိုင်ရင် အကောင်းဆုံးပါပဲ။
၄။ လူကြီးတွေအနေနဲ့ မလိုလားအပ်ဘဲ ကိုယ့်ကလေးတွေ ရှေ့မှာ လိင်အသားပေး အပြုအမူတွေ လုပ်ပြတာကို တတ်နိုင်သလောက် ဆင်ခြင်ပေးပါ။
၅။ တတ်နိုင်သလောက် ကလေးကို ဖုန်းပေးမသုံးပါနဲ့။ အထူးသဖြင့် အင်တာနက်ထဲ လျှောက်ရှာဖွေတာမျိုး လုံးဝမလုပ်ပါနဲ့။ မဖြစ်မနေ ကလေးကို ဖုန်းပေးသုံးချင်တယ်ဆိုရင် မိဘထိန်းချုပ်မှု (Parental Control) နဲ့ အသုံးပြုနိုင်ဖို့ စီစဉ်ထားပါ။
ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ကိုယ့်ကလေးရဲ့ စိတ်နဲ့ ခန္ဓာကျန်းမာရေး၊ ဘဝအနာဂတ်က အုပ်ထိန်းသူ မိဘတွေရဲ့ စီမံခန့်ခွဲမှုနဲ့ နေထိုင်မှုပုံစံအပေါ် အများကြီး သက်ရောက်မှုရှိနေတယ်ဆိုတာ နားလည်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။