မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်မှာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေက အံ့မခန်းပါပဲ။ ကလေးတွေ ကျန်းမာကြံ့ခိုင်ဖို့ အကြံဉာဏ်ကောင်းတွေကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ

ကလေးဆိုတာမျိုးက ထားသလိုနေတုန်းလေးသာ ချစ်စရာကောင်းတာ စကားကောင်းကောင်း ပြောတတ်လာပြီ။ လမ်းကောင်းကောင်းလျှောက်တတ်လာပြီဆိုရင် အိပ်နေချိန်သာ အိန်ဂျယ်လ်လေးနဲ့တူတာ နိုးပြီး တောက်တောက် တောက်တောက် လျှောက်သွားတာနဲ့ မေမေဖေဖေတို့ခမျာ သူ့နောက် တကောက်ကောက်လိုက်ရင်း ထိန်းရတာ အတော်ကို မလွယ်တာနော်။ နောက်ပြီး ဒီအရွယ်မှာ မိဘက ဒါဆို မဒါတော့ဘူး။ ဟင့်အင်းပေါင်း များစွာလုပ်တတ်လာကြပါတယ်။ ဒီကာလလေးကို ကလေးကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ Terrible Two လို့ အမည်တပ်သတဲ့။ ဒီလို သားသားမီးမီးတို့ကို ထိန်းရသိမ်းရခက်တဲ့ Terrible Two ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို ဖေဖေမေမေတို့ သိပြီးရဲ့လား! မသိသေးဘူးဆိုရင်တော့ နည်းလမ်းကောင်းလေးတွေကို ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ Terrible Two ဆိုတာ ဘာများပါလိမ့်! Terrible Two ဆိုတာက ကလေးတစ်ယောက်ရဲ့ အသက် ၁ […]

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ် ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကြီးတဲ့အထိ နို့မှုန့်ဆက်တိုက်သင့်တဲ့ အကြောင်းအရင်း

မိဘတွေအတွက်တော့ ကလေးမွေးတဲ့အချိန်က စပြီး ကြီးပြင်းလာတဲ့အထိ အစာအာဟာရ စုံလင်အောင် ကျွေးနိုင်ဖို့ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ကလေးအရွယ်ဆိုတာလည်း ကြီးထွားဖွံ့ဖြိုးမှု အကောင်းဆုံးအရွယ် ဖြစ်နေတာဆိုတော့ အစာအာဟာရနဲ့ ပတ်သက်ပြီး လုံးဝပေါ့ဆလို့ မဖြစ်ပါဘူး။ ကလေး မွေးကင်းစအရွယ်မှ အသက် ၆ လထိတော့ မိခင်နို့တစ်မျိုးတည်း တိုက်သင့်တယ်ဆိုတာတော့ မေမေတိုင်း သိထားပြီး ဖြစ်မှာပါ။ မိခင်နို့မှာ ကိုယ့် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဉာဏ်ရည်အတွက် အကျိုးဖြစ်စေမယ့် ဗီတာမင်နဲ့ အာဟာရဓာတ်တွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ဝမ်းချုပ်တာ၊ ဖျားနာတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးမယ့် anti-bodies တွေ အများအပြား ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေး အသက် ၆ လ ပြည့်တဲ့အထိ မိခင်နို့ကိုသာ မဖြစ်မနေ တိုက်သင့်တယ်နော်။ အသက် ၆လ နောက်ပိုင်းမှာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

DHA အကြောင်း သိလိုသမျှ အဖြာဖြာ

DHA ဆိုတဲ့စကားလုံးက မေမေတို့နဲ့ ရင်းနှီးပြီးဖြစ်မှာပါ။ အတိုချုပ်ပြောရရင်တော့ DHA ဆိုတာက ဦးနှောက် နဲ့ အမြင်အာရုံဖွံ့ဖြိုးမှုကို ကူညီပေးတဲ့အတွက် ကလေးတွေရဲ့ မှတ်ဉာဏ်နဲ့ အမြင်အာရုံအတွက် မရှိမဖြစ် အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ DHA က အသက်အရွယ်တိုင်းအတွက် အရေးပါပေမယ့် အထူးသဖြင့်တော့ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးတို့အတွက် တကယ့်ကို မရှိမဖြစ် အာဟာရဓာတ် တစ်မျိုးပါ။ ကလေးတွေက မွေးစကနေ ၅ နှစ်တာအတွင်းမှာ ရှိသင့်တဲ့ ဦးနှောက်ပမာဏရဲ့ ၈၀ ရာခိုင်နှုန်းအထိ ဖွံ့ဖြိုးတာပါ။ ကလေးကို ဉာဏ်ရည် ထက်မြက်စေချင်တယ်ဆိုရင် ပထမ ၅ နှစ်တာကာလမှာ ဦးနှောက်ကို မြန်မြန်ဆန်ဆန်နဲ့ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ နေ့စဉ် စားသုံးမှုမှာ DHA ကို ထည့်သွင်းသင့်ပါတယ်။ DHA ဆိုတာ ဘာလဲ။ DHA ကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

သင့်ကလေးတွေ သင့်ကို လိမ်နေရင် ဘယ်လိုဖြေရှင်းမလဲ။

ကလေးတွေဆိုတာလည်း အရွယ်လေး နည်းနည်းရောက်ရင်ကို လိမ်တတ်တဲ့ သဘာဝရှိပါတယ်။ လေ့လာချက်တွေအရ ကလေးတွေက ၃နှစ်အရွယ်တည်းက စလိမ်တတ်ပါတယ်တဲ့။ သင်က သူ့စိတ်ထဲမှာ ဘာတွေးနေလဲမသိဘူး။ သူမပြောရင် သင်မသိနိုင်ဘူးလို့ ယူဆပြီး လိမ်တာပါတဲ့။ ၄ နှစ်ကနေ ၆နှစ်လောက်ဆိုရင် မျက်နှာထား ပီပီပြင်ပြင်နဲ့ လေသံမှန်မှန် လိမ်နိုင်နေပါပြီတဲ့။ ရှင်းပြခိုင်းရင်တောင် မင်သေသေနဲ့ ရှင်းနိုင်ပါတယ်တဲ့။ ဒီနောက်ပိုင်းကစပြီး အခါအခွင့် သင့်သလို လိမ်တတ်ကြတာပေါ့။ ဆယ်ကျော်သက်အရွယ်လောက် ဖြစ်လာရင် သူများထိခိုက်မှာစိုးလို့ လိမ်တဲ့ white liesတွေကိုတောင် သုံးတတ်နေပါပြီ။ ဘာပဲဖြစ်ဖြစ် လိမ်တာက လိမ်ရင်း လိမ်ရင်းကနေ အကျင့်ဖြစ်သွားတတ်ပါတယ်။ ခုနေ မပြင်ပေးရင် ထမင်းစားရေသောက် အကျင့်ဖြစ်သွားပြီး လူဆိုးလေးတွေ ဖြစ်လာပါလိမ့်မယ်။ သူပြောတာမှ ကိုယ်မယုံရရင် တခြားဘာကို အားကိုးရမလဲ။ ဒါကြောင့် သင့်ကလေးတွေ သင့်ကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ရောဂါပိုးတွေ ပြန့်ပွားနေချိန် သင့်ကလေး ခုခံအားကို မြှင့်တင်ပါ။

လူကြီးတွေက တစ်နှစ်လုံးနေမှ တစ်ခါ ဖျားခဲပေမယ့် ကလေးတွေကတော့ ခဏခဏ ဖျားတတ်ပါတယ်။ ကျန်းမာပါတယ်ဆိုတဲ့ ကလေးတွေတောင် တစ်နှစ်ကို ၃-၄ ခေါက် ဖျားတတ်တာ သဘာဝပါ။ ဒါပေမယ့် ခုလို ကိုဗစ်ကာလမှာတော့ မေမေတွေအနေနဲ့ ကိုယ်ကလေးကို နည်းနည်းလေးတောင်မှ ဖျားစေချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရာသီဥတုက မိုးဦးကျ ဖြစ်လာပြီ။ ကိုဗစ်အပြင် ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးတွေပါ ပါလာနိုင်တယ်အတွက် မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ကာကွယ်ထားသင့်ပါပြီ။ ဘာပဲဖြစ်ဖြစ် ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းတာကြောင့် ဒီအချိန်မှာ ကလေးတွေကို ခုခံအားကောင်းအောင် ထားပေးဖို့ အကြံပေးလိုပါတယ်။ ရောဂါပိုး တွေကို ခံနိုင်အောင် ခုခံအား မြှင့်တင်မယ်ဆိုရင် အာဟာရပြည့်အောင် ကျွေးပါ။ ကလေး အသက်အရွယ်ပေါ်လိုက်ပြီး သင့်တော်တဲ့ အာဟာရရအောင် ကျွေးပေးပါ။ မိခင်နို့ကတော့ ကလေး အသက် […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေးတွေ ဘာကြောင့်လိမ်ကြတာလဲ။

ကလေး က အရွယ်လေး နည်းနည်းရောက်လာလို့ သင့်ကို လိမ်ပြောနေပြီဆိုရင် စိတ်မညစ်ပါနဲ့။ ဒါဟာ သဘာဝပါပဲ။ ထမင်းမကုန်သေးဘဲ ရုပ်ရှင်ကြည့်ချင်လို့ ထမင်းတွေ သွန်လိုက်ပြီး ကုန်ပြီလို့ လိမ်တာမျိုး၊ အိမ်စာမပြီးသေးရင် ဂိမ်းမဆော့ရဘူးဆိုလို့ အိမ်စာမပါဘူးလို့ လိမ်တာမျိုးဟာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ကိစ္စတွေပါပဲ။ ကလေးသဘာဝပါပဲ။ ကြီးကြီးကျယ်ကျယ်ပြောရရင် ကလေးတွေရဲ့ ဖွံ့ဖြိုးမှု အစိတ်အပိုင်း တစ်ခုပါပဲ။ ဒါကို ငါအသုံးမကျလို့ ကလေးက လိမ်တတ်တာလို့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ကလေးကိုလည်း ရိုက်နှက်မနေပါနဲ့။ ဒါဟာ ဖြေရှင်းနည်း မဟုတ်ပါဘူး။ အဓိကက ကလေးဘာကြောင့် လိမ်တာလဲဆိုတာ အဖြေရှာရမှာပါ။ ကလေးတွေ လိမ်ရတဲ့ အကြောင်းရင်း ဇာတ်လမ်းထွင်ပြောတာ ကလေးငယ်လေးတွေ၊ ကျောင်းတက်စ အရွယ်တွေမှာ ပိုတွေ့ရပါတယ်။ ကလေးတွေက စိတ်ကူးစိတ်သန်းကောင်းတဲ့အတွက် သူတို့စိတ်ထဲမှာ ရှိတာတွေကို ဇာတ်လမ်းထွင်ပြောတတ်ပါတယ်။ အပြင်က […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မိုး အေးချိန်မှာ ကလေးတွေ ရှောင်သင့်တဲ့ အစားအစာများ

မိုး လို့ ဆိုလိုက်ရင် ကလေးတွေကတော့ ပျော်တာပဲ။ ကျောင်းသွား ကျောင်းပြန် မိုးရေထဲ သွားရတာ ပျော်တယ်၊ ဆော့ရတာပျော်တယ်။ မိုးရေချိုး ချင်ကြတယ်။ တချို့ကလေးတွေကျ အိပ်ရာထဲ ကွေးနေချင်တာ သဘာဝပါပဲ။ ဒီလိုရာသီ ကလေးတို့ ရဲ့ ကျန်းမာရေးအတွက် မိဘတွေမှာ တာဝန်ကြီးတာပေါ့။ မိုး နဲ့အတူ ပါလာနိုင်တဲ့ ရောဂါတွေက နည်းမှ မနည်းဘဲလေ။ ဥပမာ မိုးရာသီ မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတဲ့ ရောဂါပိုး အပါအဝင် ဒီအချိန် ဖြစ်တတ်တဲ့ ရောဂါ တွေအတွက် ကြိုတင်ကာကွယ်ပေးရပါလိမ့်မယ်။ မိုး ရာသီမှာ ကလေးတွေ ရှောင်သင့်တဲ့ အစားအသောက် (၇) မျိုး မိုးရာသီမှာ ကလေးအာဟာရနဲ့ ပတ်သက်ပြီး အရေးကြီးဆုံး သတိထားရမှာက သန့်ရှင်းမှုနဲ့ လတ်ဆတ်မှု ပါ။ သန့်ရှင်းမှု အားနည်းတဲ့အခါ ဝမ်းပျက်ဝမ်းလျှော […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကိုယ့်ကလေးက တခြားကလေးတွေထက် ညှက်မနေဖို့အတွက် ဘယ်လိုကူညီပေးကြမလဲ

ကိုယ့်ရဲ့ ကလေး မှန်မှန်ကန်ကန် ကြီးထွားဖွံ့ဖြိုးဖို့ဆိုတဲ့ အချက်ဟာ ဖေဖေမေမေတို့တွေ အမြဲတွေးပူနေတတ်ကြတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကနေစလို့ အရွယ်တစ်ခုရောက်လာချိန်အထိ မိမိတို့ရဲ့ ကလေးတွေ ဖွံ့ဖြိုးကြီးထွားလာတာကို မိဘတိုင်း အလိုရှိကြပါတယ်။ ကလေးက ထွားသင့်သလောက် ထွားရဲ့လား၊ ပြည့်စုံရဲ့လား ၊ သန်မာရဲ့လား စသည်ဖြင့် အရိပ်တကြည့်ကြည့်နဲ့ မဟုတ်လား။ တကယ်လို့ ကိုယ့်ရဲ့ ကလေးက တခြားကလေးတွေထက် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနှေးကွေးနေမယ်၊ ညှက်နေသေးနေမယ်ဆိုရင် ပူကြပန်ကြရပါပြီ။ အာဟာရများ မပြည့်ဝတာလား၊ တစ်ခုခုများ ချို့ယွင်းနေတာများလားပေါ့။ တကယ်တမ်းအားဖြင့် ကလေးတစ်ယောက် ပုံမှန်ဖွံ့ဖြိုးကြီးထွားဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်ကတည်းကစပြီး စနစ်တကျ စီမံဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်၊ ကလေးမီးဖွားပြီးချိန်နဲ့ကလေးအရွယ်ရလာချိန်တွေ တစ်လျှောက်လုံးမှာ သင့်လျော်တဲ့ အာဟာရဓာတ်တွေနဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးစေမယ့် နည်းလမ်းတွေကို မှန်ကန်စွာ ဖြည့်ဆည်းပေးသွားနိုင်ဖို့လိုအပ်ပါတယ်။ အဲဒါကို ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးအပါဆုံး ရက်တစ်ထောင်လို့လည်း ခေါ်ဆိုကြပါတယ်။ ကလေး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သားသားမီးမီးတို့အတွက် မိုးရာသီ အစားအစာလမ်းညွှန်

မိုးလေးကျလာရင် မေမေတိုင်း စိုးရိမ်တာက သားသားမီးမီးတို့ ဖျားနာမှာကိုပါ။ အခုနှစ်မှာတော့ ရာသီတုပ်ကွေးအပြင် မေမေတို့ စိုးရိမ်စရာတစ်ခုတိုးလာပါပြီ ဒါကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲကြီး (WHO) က ကမ္ဘာ့ကပ်ရောဂါအဖြစ် ထုတ်ပြန်ကြေညာထားတဲ့ COVID-19 ပါ။ ဒီတော့ မုတ်သုံကာလမှာ သားသားမီးမီးတွေကို မုတ်သုံ​ကြောင့်ဖြစ်မယ့် ရောဂါတွေကိုရော ​ကိုဗစ်ကိုပါ ကာကွယ်ဖို့အတွက် ကိုယ်ခံအားကောင်း အောင် မေမေတို့အနေနဲ့ ဘာတွေများ ပြင်ဆင်ပေးမယ် စိတ်ကူးလဲ........... ကလေးတွေကို မိုးရာသီမှာ ရောဂါကင်းပြီး ကျန်းမာနေစေဖို့ ချစ်ရတဲ့ သားသားမီးမီးတို့ကို မိုးရာသီမှာ ရောဂါကင်းပြီး ကျန်းမာနေစေဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ဒါလေးတွေ ပါဝင်အောင် ပြင်ဆင်ပေးပါ။ နနွင်း ဟင်းချက်တဲ့အခါ နနွင်းကို ထည့်တတ်ကြပါတယ်။ ဒီနနွင်းက ဟင်းကို အရောင်လှစေရုံတင် မဟုတ်ဘဲ ရောဂါတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ နနွင်းမှာပါတဲ့ curcumin က […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မိဘများ သိထားသင့်တဲ့ ကလေးနို့မှုန့် အာဟာရအကြောင်း

သားသမီးတွေအတွက်ဆိုရင် အမြဲတမ်း အကောင်းဆုံးဆိုတဲ့ အရာတွေကိုမှ ပေးစွမ်းချင်တယ်ဆိုတာ မိဘတွေရဲ့ စေတနာပါ။ ကိုယ်ဝန်ဆောင်ချိန်ကာစလို့ ကလေးမွေးပြီး ကျန်းမာစွာ ကြီးပြင်းလာတဲ့အထိ အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ပေးဖို့တတ်သူတွေပါ။ ကိုယ့်ကလေး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့မှာ အာဟာရဟာ အလွန်ကြီးမားတဲ့နေရာက ပါဝင်နေတယ်ဆိုတာကို မိဘတွေသိနားလည်ဖို့လိုအပ်ပါတယ်။ ကလေးတွေအတွက် အဓိကလိုအပ်တဲ့ အစာအာဟာရ ကလေးမွေးပြီး ၆လအထိ အချိန်ကိုတော့ မိခင်နို့ တစ်မျိုးတည်းကိုသာ မဖြစ်မနေ တိုက်ဖို့ လိုအပ်ပါတယ်။ မိခင်နို့မှာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ် အစုံအလင် ပါဝင်တဲ့အပြင် ကလေးတွေကို ဉာဏ်ကောင်းထက်မြက်စေအောင်လည်း ကူညီပေးနိုင်ပါတယ်။ ကလေး အသက် ၆လနောက်ပိုင်းမှာတော့ မိခင်နို့အပြင် ဖြည့်စွက် အာဟာရအနေနဲ့ နို့မှုန့်ကိုပါ ကျွေးလို့ ရပါတယ်။ ကလေးနို့မှုန့် မှာလည်း ကလေးတွေအတွက် အရိုးသန်စွမ်းစေမယ့် သံဓာတ်တွေ၊ ဦးနှောက် ဉာဏ်ရည်အတွက် Omega-3, […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက် အကောင်းဆုံးနို့ ရွေးချယ်နည်း လမ်းညွှန်

ကလေးတစ်ယောက် ကောင်းမွန်စွာ အရွယ်ရောက်လာစေဖို့ ငယ်စဉ်ကတည်းက အာဟာရပြည့်ဝဖို့ လိုပါမယ်။ ကောင်းမွန်ပြည့်စုံတဲ့ အာဟာရဓာတ်မရရှိတဲ့ကလေးတွေဟာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေနောက်ကျတတ်ပါတယ်။ ကလေးတွေရဲ့ အာဟာရလမ်းကြောင်းမှာ မဖြစ်မနေအရေးပါတာကတော့ နို့တိုက်ကျွေးမှုပါ။ ဒီ တစ်ခေါက်တော့ ကလေးတစ်ယောက် ကြီးထွားစေဖို့ မဖြစ်မနေ လိုအပ်တဲ့ နို့အာဟာရတွေထဲကမှ ကလေးအတွက် အသင့်တော်ဆုံး နဲ့ အာဟာရအပြည့်ဆုံးဖြစ်မယ့် နို့ကို ဘယ်လိုရွေးချယ်မလဲဆိုတဲ့ နည်းလမ်းလေး ဆွေးနွေးရအောင်လား …………… ကလေးတစ်ယောက် ဘယ်အရွယ်ထိ နို့သောက်သင့်လဲ…………. ကလေးတစ်ယောက်ဟာ အသက် ၁၀ နှစ်အထိ အာဟာရပြည်ဝတဲ့ နို့ကို သောက်သုံးဖို့လိုပါမယ်။ မွေးစကနေ ၅ နှစ်အထိက မှတ်ဉာဏ်တည်ဆောက်ဖို့၊ဦးနှောက်နဲ့ အာရုံကြောတွေ အကောင်းဆုံး ဖွံ့ဖြိုးဖို့နဲ့ ကိုယ်ခံအား တည်ဆောက်ဖို့ ဖြစ်ပြီး ၅ နှစ် ကနေ ၁၀ နှစ်အတွင်းမှာတော့ ရှိသင့်တဲ့ ကိုယ်အလေးချိန် နဲ့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း