မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်မှာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေက အံ့မခန်းပါပဲ။ ကလေးတွေ ကျန်းမာကြံ့ခိုင်ဖို့ အကြံဉာဏ်ကောင်းတွေကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

ယဉ်ကျေးသိမ်မွေ့တဲ့ ကလေးလေး တစ်ယောက်အဖြစ် အရွယ်ရောက်လာစေဖို့

ယဉ်ကျေးသိမ်မွေ့မှုက ကလေးတစ်ယောက်ကို မဖြစ်မနေ သင်ကြားပေးသင့်တဲ့ အခြေခံ လူ့တန်ဖိုး တစ်ခုပါ။ ဘဝအတွက် အရေးပါတဲ့ သင်ခန်းစာ တစ်ခုဆိုလည်း မမှားပါဘူး။ ဒါဆိုရင် မေးချင်တာလေး တစ်ခုက ချစ်မဝတဲ့ ကလေးတို့ကို ယဉ်ကျေးသိမ်မွေ့တဲ့ ကလေးလေး တစ်ယောက်အဖြစ် အရွယ်ရောက်လာစေဖို့ ဘယ်လိုလေးတွေ ပျိုးထောင်ပေးရမလဲဆိုတာကို သိပြီးပြီလား ဖေဖေမေမေတို့ရေ ……. ယဉ်ကျေးသိမ်မွေ့မှု အတော်လေး အရေးကြီးသလား! ကလေးတစ်ယောက် ယဉ်ကျေးသိမ်မွေ့ဖို့ဆိုတာ ပတ်ဝန်းကျင်က အတော်လေး အရေးကြီးသလို ဖေဖေမေမေတို့ရဲ့ ငယ်ရွယ်စဉ် သင်ပြပေးမှုကလည်း အတော်လေး အရေးကြီးပါတယ်။ ကလေးတစ်ယောက်ဟာ ငယ်စဉ် အရွယ်ကတည်းက ယဉ်ကျေးသိမ်မွေ့ပါမှ အရွယ်ရောက်လာချိန်မှာ ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေးပြီး လူချစ်ခင်စရာ လေးစားစရာ ကောင်းသူအဖြစ် အရွယ်ရောက်လာမှာပါ။ ရိုင်းစိုင်းတဲ့ အပြုအမူတွေနဲ့ ရင်းနှီးကျွမ်းဝင်စွာ ကြီးပြင်းလာတာ၊ အရွယ်ရောက်ချိန်မှာလည်း ယဉ်ကျေးမှုနဲ့ […]

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ် ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ငယ်ရွယ်စဉ် အပြာရုပ်ရှင်ကြည့်မိတဲ့ ကလေးများရဲ့ အနာဂတ်

ငယ်ရွယ်စဉ် အပြာရုပ်ရှင်ကြည့်မိတဲ့ ကလေးများရဲ့ အနာဂတ် ဘာတွေ ထိခိုက်သွားနိုင်သလဲ။ အရွယ်ရောက်ပြီးတဲ့သူတိုင်း ကျား၊ မ မရွေး အပြာရုပ်ရှင် ကြည့်တတ်တဲ့ အလေ့အကျင့် ရှိတတ်ကြပါတယ်။ ပုံမှန်အားဖြင့်တော့ အပြာရုပ်ရှင်ဟာ လိင်စိတ် အာသာဖြေရုံသက်သက် ရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် အရွယ်ရောက်ပြီးသားသူတွေ ကြည့်လို့ သိပ်ပြဿနာမရှိနိုင်ဘူးဆိုပေမဲ့ အသက် အရမ်းငယ်သေးတဲ့ ကလေးတွေ မတော်တဆ ကြည့်မိလိုက်တဲ့အခါ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အရင်တုန်းကဆိုရင် အပြာရုပ်ရှင်ကို ခွေချပ်တွေနဲ့ အိမ်မှာ သိမ်းထားတတ်ကြတယ်။ အဲဒီအခါ ကလေးတွေက ကာတွန်းကားအဖြစ်နဲ့ မှားပြီး ကြည့်တတ်တာမျိုးတွေ ရှိပါတယ်။ ယခုခေတ် စမတ်ဖုန်းတွေ တွင်တွင်ကျယ်ကျယ် သုံးလာတဲ့အခါ ဖုန်းတိုင်းလိုလိုမှာ အပြာရုပ်ရှင်တွေကို သိမ်းထားတတ်ကြတယ်။ ကလေးတွေက လူကြီးတွေရဲ့ဖုန်းကို ဂိမ်းဆော့ဖို့အတွက် ဖွင့်ကြည့်ရင်းကနေ မြင်သွားတတ်တာမျိုးတွေလည်း တွေ့ရတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

စူပါမေမေ ဖြစ်ဖို့အဆင့် (၈)ဆင့်

ကမ္ဘာ့ အလုပ်အများဆုံးသူတွေက ဘယ်သူတွေ ဖြစ်မယ်ထင်လဲ ….. မေမေတွေပါပဲ။ ဒီလို ပြောလိုက်လို့ အံ့အားသင့်သွားမလား… တကယ်တော့ မေမေတွေက အားလပ်ချိန်မရှိဘဲ မိသားစုတွေကို ပေးဆပ်တတ်ကြသူတွေပါ။ မေမေတွေဟာ မိုးလင်းကနေ မိုးချုပ် အလုပ်နဲ့ လက်မပြတ်တမ်းလုပ်ကြရပေမယ့် အချို့သော လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းမှ ချီးမွမ်းလေးစားခံရမှု တောင် မရကြပါဘူး။ ပျမ်းမျှအားဖြင့် ဘယ်သူ တစ်ဦးတစ်ယောက်ကမှ မေမေတစ်ယောက်လောက် အလုပ်မများတာ အမှန်ပါ။ မေမေတစ်ယောက်ဟာ အပြင်အလုပ်မလုပ်ဘူး အိမ်မှုကိစ္စ ကိုပဲ လုပ်တယ်။ အိမ်ထောင်ရှင်မ တာဝန်ကိုပဲ ယူထားတယ်ဆိုရင်တောင် မဆုံးနိုင်တဲ့ အိမ်မှုကိစ္စ၊ သားသမီးတာဝန်၊ လင်သားတာဝန်၊ မိဘတွေကို ပြုစုရတာ၊ စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်တွေကို ပြည့်မီအောင် လုပ်ရတာနဲ့တင် မိုးလင်းကနေ မိုးချုပ် အနားမရကြသူတွေပါ။ မေမေတစ်ယောက်ရဲ့ တာဝန်မှာ ပိတ်ရက်၊ အားလပ်ချိန်ရယ်လို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက် အသင့်တော်ဆုံး အစားအစာများ

ကလေးကို ဘာကျွေးလို့ ကျွေးရမှန်း မသိဘူး။ အာဟာရလည်း ပြည့်၊ ကျန်းမာဖွံ့ဖြိုးဖို့လည်း အထောက်အကူ ပြုစေချင်တယ်ဆိုရင် ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ကလေးကို ကျန်းမာ ဖွံ့ထွားစေဖို့ ဘာကျွေးမလဲ။ ကလေးကို အာဟာရလည်း ပြည့် ကျန်းမာစေဖို့ဆိုရင် သစ်သီး  ချိုပြီး အရည်ရွှမ်းတဲ့ သစ်သီးလေးတွေကို ကလေးတိုင်း ကနှစ်သက်​ကြပါတယ်။ ဒါကြောင့် ကလေးကို ဗီတာမင် နဲ့ အခြား အကျိုးပြု အာဟာရဓာတ်ပါနေတဲ့ သစ်သီးလေးတွေ ပြင်ဆင်ပေးစေချင်ပါတယ်။ သစ်သီးတွေမှာ ကိုယ်ခံအား ကောင်းစေတဲ့ ဗီတာမင် C၊ အမြင်အာရုံ ကျန်းမာစေတဲ့ ဗီတာမင် A နဲ့ အစာခြေစနစ် ကျန်းမာစေတဲ့ အမျှင်ဓာတ်တို့ ပါဝင်နေပါတယ်။ ဒါကြောင့် ကလေးကို ပန်းသီး၊ လိမ္မော်သီး၊ တရုတ်ဇီးသီး၊ ပန်းသစ်တော်သီး၊ ထောပတ်သီး စတာတွေကို ပြင်ဆင်ပေးပါ။ ဒိန်ချဉ် ဒိန်ချဉ်က ကလေးတိုင်း သဘောကျတဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးတွေကို ဖုန်းပေးကိုင်သင့်၊ မကိုင်သင့်

ယနေ့ခေတ်ကြီးထဲမှာ မိဘတွေဟာ နှစ်ဦးလုံးလိုလို အလုပ်ထွက်လုပ်တတ်ကြပါတယ်။ ကလေးတွေဟာလည်း အရင်ခေတ်တွေကနဲ့ သိပ်မတူတော့ဘဲ မိဘတွေနဲ့ လက်ပွန်းတတီး သိပ်မရှိကြတော့ပါဘူး။ ကျောင်းချိန်၊ အပြင်သင်တန်းချိန်၊ အားကစားချိန်စသဖြင့် သူတို့လေးတွေဟာ ကိုယ်ပိုင် အချိန်တွေ သီးသန့်ရှိနေတတ်ကြပါတယ်။ ဒီတော့ မိဘတစ်ဦးအနေနဲ့ ကလေးနဲ့ နီးနီးကပ်ကပ်ရှိနေစေဖို့၊ ကလေးအကြောင်းကို အချိန်နဲ့အမျှသိရှိနေဖို့၊ မိဘနဲ့ ကလေးကြား အဆက်အသွယ်မပြတ်စေဖို့အတွက် ဖုန်းတစ်လုံး လိုအပ်ပါတယ်။ ပေးလည်း ပေးထားကြပါတယ်။ ဖုန်းတစ်လုံးဟာ တော်တော်လည်း အသုံးဝင် ပါတယ်။ မိမိရဲ့ကလေးဟာ အခုဘယ်ရောက်နေပြီလဲ၊ ဘာလုပ်နေလဲ၊ အဆင်ရောပြေရဲ့လား ဆိုတဲ့ တစ်နေ့တာလှုပ်ရှားမှုတွေကို ဖုန်းကတစ်ဆင့် သိနိုင်ပါတယ်။ သတိထားရမှာကတော့ စမတ်ဖုန်းတစ်လုံး ပေးကိုင်တော့မယ်ဆိုရင် မိမိကလေးရဲ့ အသက်အရွယ် နဲ့ ရင့်ကျက်မှုကို အရင်ဆုံးသိရှိရမှာပါ။ ဘယ်လိုပုံစံမျိုးနဲ့ နည်းလမ်းတကျပေးသုံးမလဲ။ ဖုန်းပေးသုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကရော ဘယ်လိုရှိမလဲ စသဖြင့် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ဆဲတတ်တဲ့ ကလေး ကို ဘယ်လို ဆုံးမမလဲ။

ကလေးတွေ ဘာကြောင့် ဆဲတတ်တာလဲဆိုတာ ရှေ့ဆောင်းပါးမှာ ပြောပြီးပါပြီ။ ဒီမှာ ပြန်ဖတ်လို့ရပါတယ်။ ခုဆက်ပြောမှာက ကိုယ့်ကလေးက ဆဲတတ်နေရင် ဘာလုပ်ကြမလဲ။ ဒီတိုင်းထားလိုက်ပါ။ ကြီးရင် အလိုလို ပျောက်သွားမယ်လို့ ပြောလို့ ရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဆဲနေရင်းနဲ့ ပိုယဉ်ပါးလာပြီး ထမင်းစား ရေသောက်ကိစ္စဖြစ်သွားဖို့ ပိုများပါတယ်။ လူကြားသူကြားထဲရောက်မှ ထထဆဲနေတာကလည်း ရှေ့တင်တာ ဘာမှမပြောတာ နောက်ကွယ်မှာ ရိုင်းလိုက်တဲ့ကလေး။ မိဘက မဆုံးမဘူးလား မသိပါဘူးဆိုပြီး ကဲ့ရဲ့ နေမှာပါ။ ဆဲတတ်တဲ့ ကလေး ကို ဆုံးမတဲ့နေရာမှာ ရှေးရိုးနည်းတွေအတိုင်း ကလေးကို ရိုက်နှက်လို့ မဖြစ်ပါဘူး။ တစ်ခါ နှစ်ခါ အဆင်ပြေကောင်း ပြေနိုင်ပါတယ်။ ကြာလာရင်တော့ ကလေးကထုံသွားပြီး ကြောက်မှာ မဟုတ်တော့ပါဘူး။ အရင်လို ကလေးကို 'နင် ဆဲစမ်း။ နောက်တစ်ခါ ထပ်ဆဲရင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ဆဲတတ်တာ ကလေးအပြစ်လား

လူကြားထဲရောက်မှ အမေကို ထဆဲတဲ့ ကလေး၊ မျက်စောင်းထိုး ခြေဆောင့်တဲ့ကလေးတွေကို တွေ့ဖူးပါသလား။ သင့်စိတ်ထဲ ဘာတွေးသလဲ။ ဟာ ဒီကလေး တော်တော်ရိုင်းပါလားပေါ့။ ငယ်ငယ်လေးနဲ့ အမေကိုတောင် ပြန်ပြောတယ်ကြည့်စမ်း ဆိုပြီး မတွေးမိဘူးလား။ သူ့အမေကရော ဘာလုပ်လိုက်လဲ။ ဆဲဦးဟာဆိုပြီး ဗျင်းတော့တာပေါ့။ လူကြားထဲမှာ အမေကရိုက် ကလေးကအော်ငိုနဲ့ တော်တော်ကြည့်ရဆိုးတဲ့ မြင်ကွင်းပါပဲ။ ဒီလို ရိုင်းတဲ့ ကလေးတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ မြင်ဖူးမှာပါ။ ဒီ ၅နှစ် ၆နှစ်အရွယ် ကလေးတစ်ယောက် ရိုင်းနေတာ ဘာကြောင့်များလဲ။ ဘာတွေကများ ကလေးကို ဆဲတတ်အောင် သင်ပေးလိုက်တာပါလိမ့်။ ကလေးတွေ ဘာကြောင့် ရိုင်းတာလဲ။ ကလေးတွေက မွေးကတည်းက ရိုင်းတာမဟုတ်ဘူး။ မွေးကတည်း မျက်စောင်းထိုး၊ ဆဲတတ် ဆိုတတ်တာ မဟုတ်ဘူးဆိုတာ လက်ခံတယ်ဟုတ်။ ကလေးဆိုတာ ပတ်ဝန်းကျင်ကိုကြည့်ပြီး သင်ယူရင်း ကြီးလာကြတာပါ။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကို နှေးစေနိုင်တဲ့ အစားအစာတွေက ဘာတွေဖြစ်မလဲ............

ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကို အားကောင်းအောင်ဆိုပြီး အာဟာရတွေ ပြည့်စုံအောင် ကျွေးပေမယ့် ကလေးက ထွားသင့်သလောက် ထွားမလာဘူး။ ကလေးက အခြားကလေးတွေထက် ညှက်နေတယ်ဆိုရင် ဒါတွေ ကျွေးမိနေတာလားဆိုတာကို ဆန်းစစ်ကြည့်ပါ။ ဒီတစ်ခေါက်တော့ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးကို ကြီးထွားမှု အဟန့်အတားဖြစ်စေနိုင်တဲ့ အစားအစာတွေအကြောင်း ပြောပြပေးချင်ပါတယ်။ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကို ဟန့်တားနေတဲ့ အစားအစာတွေက ဘာတွေများလဲ............ ကလေးကို အာဟာရပြည့်စေချင်တယ်။ ကြီးထွားဖွံ့ဖြိုးမှုနှုန်း အကောင်းဆုံးနဲ့ ကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင် ဒီ အစားအစာတွေကို မကျွေးမိစေဖို့ သတိထားစေချင်ပါတယ်။ Junk food တွေ ဒါကတော့ မိဘတိုင်းလိုလို သိထားပြီးဖြစ်မှာပါ။ ကြီးထွားဖွံ့ဖြိုးရမယ့် အရွယ်ကလေးကို အသင့်စား၊ အမြန်စား စားစရာတွေ ကျွေးတာက ကလေးကို အာဟာရ မဖြစ်စေနိုင်ဘူးဆိုတာပါ။ ကလေးတော်တော်များများက ဒီအစားအစာတွေကို နှစ်ခြိုက်သဘောကျပေမယ့် ဒီအစားအစာတွေက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ဒီထမင်း ကုန်အောင်မစားရင် ရိုက်မယ်ဆိုတဲ့ မေမေ နည်းလမ်းမှန်ရဲ့လား

ဟိုဟို ဒီဒီ မြည်းစမ်းစားဖူးလာတော့ အရသာတွေ သိနေပြီ ဆိုတဲ့ အရွယ်မှာ ကလေးထမင်းကျွေးချိန်တွေဟာ မေမေတို့အတွက် သိပ်ပင်ပန်းပါတယ်။ အဆော့မက်၊ သွားရေစာ မက်ပြီး ထမင်း ကောင်းကောင်း မစားချင်ကြတဲ့ အရွယ်ပေါ့။ အစားအသောက် တွေကို အခု ကြိုက်နေလည်း ခဏနေ မစားချင်တော့တာ၊ ချေးထူလာတာ၊ အစားသိပ်ရွေးတာ၊ နည်းနည်းစီပဲ စားတာ၊ အဆော့ပဲ မက်နေတာ စတဲ့ ပြဿနာတွေ ကြောင့် အမြဲ တိုင်ပတ်နေရမှာပါ။ ဒါကြောင့် ဒီထမင်း ကုန်အောင်မစားရင် ရိုက်မယ်ဆိုတဲ့ နည်းလမ်းတွေ သုံးရတော့တာပေါ့။ ဒီထမင်း ကုန်အောင်မစားရင် ရိုက်မယ်ဆိုတဲ့ မေမေ နည်းလမ်းမှန်ရဲ့လား ထမင်းကျွေးချိန်မှာ တုတ်ကိုင်ပြီး ကလေးကို မခြိမ်းခြောက်ဖို့၊ အစားအသောက်နဲ့ ပတ်သက်ပြီး ဆုပေးဒဏ်ပေး မလုပ်ဖို့ အရေးကြီးပါတယ်။ ကလေးကို အာဟာရပြည့်စေချင်လို့၊ ကောင်းစေချင်လို့ လုပ်တာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကိုယ့်ကလေးညှက်ရတာ ဘာကြောင့်များလဲ။

ကလေးတွေ ကြီးထွားဖွံ့ဖြိုးမှု ရှိသင့်သလောက် မရှိတာက မကြာသေးခင် နှစ်ကာလတွေအတွင်း တော်တော်လေး အဖြစ်များ လာပါတယ်။ ကလေးတွေ အဝလွန်တာ၊ အာဟာရချို့တဲ့မှု ပြဿနာတွေ မြင့်တက်လာမှုနဲ့အတူ ကလေး​ညှက်တဲ့ကိစ္စကလည်း အတွေ့ရများပါတယ်။ ကလေးညှက်တာက မိဘတွေအတွက် စိုးရိမ်စရာကောင်းသလို ကလေးတွေကိုယ်တိုင်အတွက်က ပိုလို့တောင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ကိုယ့်ချစ်ရတဲ့ သားသားမီးမီးတို့ကို ညှက်တာမျိုး မဖြစ်စေဖို့ ဖေဖေမေမေတို့ အနေနဲ့ ဘာတွေသတိထားကြရမလဲဆိုတာကို ဒီဆောင်းပါးက ပြောပြပေးသွားမှာပါ။ ကိုယ့်ကလေးညှက်ရတာ ဘာကြောင့်များလဲ။ အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ ကလေးညှက်တယ် ဆိုတာ ဘယ်လိုမျိုးလဲ။ ကလေးညှက်တယ် ဆိုတာက ကလေးတစ်ယောက်မှာ အသက်အရွယ်အရ ရှိသင့်တဲ့ အရပ်အမြင့် နဲ့ ကိုယ်အလေးချိန် ရှိမနေတာမျိုးပါ။ ရွယ်တူတွေထဲမှာ ပုနေတာ၊ သေးနေတာမျိုးပေါ့။ နောက်တစ်ခုက ကလေးက အသက်အရွယ်အရ လုပ်သင့်တဲ့ လှုပ်ရှားမှုတွေကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကြီးတဲ့အထိ နို့မှုန့်ဆက်တိုက်သင့်တဲ့ အကြောင်းအရင်း

မိဘတွေအတွက်တော့ ကလေးမွေးတဲ့အချိန်က စပြီး ကြီးပြင်းလာတဲ့အထိ အစာအာဟာရ စုံလင်အောင် ကျွေးနိုင်ဖို့ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ကလေးအရွယ်ဆိုတာလည်း ကြီးထွားဖွံ့ဖြိုးမှု အကောင်းဆုံးအရွယ် ဖြစ်နေတာဆိုတော့ အစာအာဟာရနဲ့ ပတ်သက်ပြီး လုံးဝပေါ့ဆလို့ မဖြစ်ပါဘူး။ ကလေး မွေးကင်းစအရွယ်မှ အသက် ၆ လထိတော့ မိခင်နို့တစ်မျိုးတည်း တိုက်သင့်တယ်ဆိုတာတော့ မေမေတိုင်း သိထားပြီး ဖြစ်မှာပါ။ မိခင်နို့မှာ ကိုယ့် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဉာဏ်ရည်အတွက် အကျိုးဖြစ်စေမယ့် ဗီတာမင်နဲ့ အာဟာရဓာတ်တွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ ဝမ်းချုပ်တာ၊ ဖျားနာတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးမယ့် anti-bodies တွေ အများအပြား ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေး အသက် ၆ လ ပြည့်တဲ့အထိ မိခင်နို့ကိုသာ မဖြစ်မနေ တိုက်သင့်တယ်နော်။ အသက် ၆လ နောက်ပိုင်းမှာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital