DHA ဆိုတဲ့စကားလုံးက မေမေတို့နဲ့ ရင်းနှီးပြီးဖြစ်မှာပါ။ အတိုချုပ်ပြောရရင်တော့ DHA ဆိုတာက ဦးနှောက် နဲ့ အမြင်အာရုံဖွံ့ဖြိုးမှုကို ကူညီပေးတဲ့အတွက် ကလေးတွေရဲ့ မှတ်ဉာဏ်နဲ့ အမြင်အာရုံအတွက် မရှိမဖြစ် အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ DHA က အသက်အရွယ်တိုင်းအတွက် အရေးပါပေမယ့် အထူးသဖြင့်တော့ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးတို့အတွက် တကယ့်ကို မရှိမဖြစ် အာဟာရဓာတ် တစ်မျိုးပါ။