ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

အသက် ၆နှစ်ကနေ ၁၂နှစ်ကြား၊ ကျောင်းနေအရွယ်ကလေးတွေက အရပ်ရော ကိုယ်အလေးချိန်ရော တက်လာသလို ကျောင်းစာတွေကိုလည်း စတင် သင်ယူနေရပါပြီ။ ဒီအချိန်မှာ မှန်ကန်မျှတတဲ့ အာဟာရကို ရမှသာ ကလေးက ကျန်းကျန်းမာမာနဲ့ ကြီးထွားလာမှာပါ။ ကလေးရဲ့ အာဟာရကို ဘယ်လိုဖြည့်စွက်ပေးသင့်လဲဆိုတာကို ဒီမှာ ကြည့်ရအောင်။

ကျန်းမာရေးဗဟုသုတ

ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

အသက်နှစ်နှစ်နောက်ပိုင်းမှာ အာဟာရပြည့်ဝစေဖို့ မျှတတဲ့ အစားအစာများနဲ့အတူ ဖော်မြူလာနို့တိုက်စို့

ချစ်မဝတဲ့ သားသားမီးမီးတို့က မျက်စေ့ရှေ့တင် တရိတ်ရိတ် ကြီးပြင်းလာခဲ့တာကို ကြည့်နေရတာကလည်း မေမေဖြစ်ရခြင်းရဲ့ ပီတိတစ်မျိုးပါ။ ကလေးက ကျန်းလည်း ကျန်းမာမယ်။ အရပ်တွေ ကိုယ်အလေးချိန်တွေ ကလည်း အသက်အရွယ်နဲ့အလိုက် ကောင်းစွာ ဖွံ့ဖြိုးနေမယ်။ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှုကလည်း အားရလောက်တယ်ဆိုတာမျိုးက မေမေတိုင်း လိုချင်တဲ့ စိတ်ကူးဆန္ဒလေး တစ်ခုပေါ့။  ဒီဆန္ဒလေးကို ပြည့်ဝစေဖို့ဆိုရင် မဖြစ်မနေ ဖြည့်ဆည်းပေးရမှာလေး ရှိနေပါတယ်။ ဒါကတော့ ကလေးကို အာဟာရပြည့်ဝစေဖို့ သေချာလေး ဂရုစိုက် ပြင်ဆင်ပေးဖို့ပါ။ အထူးသဖြင့်ကတော့ အသက် ၂နှစ် နောက်ပိုင်းမှာပေါ့။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကလေးကို ဘယ်လိုလေးတွေ ပြင်ဆင်ပေးသင့်လဲ ဆိုတာကို ပြောပြပေးပါမယ်။ https://hellosayarwon.com/parenting/child-health/other-child-health-issues/good-mental-health-for-children/ အသက်နှစ်နှစ်နောက်ပိုင်းမှာ အာဟာရ ပြည့်ဝမျှတဖို့ အရေးကြီးသလား! အာဟာရ ပြည့်ဝမျှတဖို့အတွက်က ကလေးတစ်ယောက်ရဲ့ ဘယ်အသက်အရွယ်မှာ မဆို အရေးပါတဲ့ အချက်တစ်ခုဆိုပေမယ့် အသက်နှစ်နှစ်နောက်ပိုင်းမှာတော့ ပိုလို့ […]

ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတိုင်း စားသင့်တဲ့ စူပါ အစားအစာ ၇ မျိုး။ ။

အစာအာဟာရဆိုတာ ကလေး တစ်ယောက်အတွက် အရေးအကြီးဆုံးဆိုတာ အားလုံးသိပြီးကြမှာပါ။ ဒီလို အရေးကြီးတဲ့ အာဟာရတွေရဖို့ဆိုတာ ကလေးစားမှပဲ ရတာမဟုတ်လား။ ခက်တာက ကလေးတွေဆိုတာ အစားထက် အဆော့ ပိုမက်ကြတယ်လေ။ ဒီတော့ ကလေးအစားစားချင်စိတ်ကို မြင့်တက်စေတဲ့ အစားအသောက်တွေ ရွေးကျွေးဖို့တော့ လိုတာပေါ့။ ဒါကြောင့် ကလေးတွေရဲ့ တစ်နေ့တာ အစားအသောက်တွေထဲမှာ ဒီ ၇ မျိုး မဖြစ်မနေပါရမယ့်အကြောင်း မေမေတို့ သိထားဖို့ လိုတယ်နော်။ ။ https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/what-age-is-a-childs-immune-system-fully-developed/ ကလေးတိုင်း စားသင့်တဲ့ စူပါ အစားအစာ ၇ မျိုး။ ။ ၁။ အုတ်ဂျုံ။ ။ အုတ်ဂျုံဆိုတာ အစားသင့်ဆုံး မနက်စာတစ်ခုပါ။ တခြား ပါကင်ဘူးတွေနဲ့လာတဲ့ အသင့်စား cereals တွေထက်စာရင် အုတ်ဂျုံမှာ သကြားဓာတ်ပါဝင်မှု နည်းပါတယ်။ ဒါ့အပြင် အုတ်ဂျုံက အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ အုတ်ဂျုံမှာပါဝင်တဲ့ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

အားလပ်ရက်၊ပိတ်ရက်တွေမှာ အာဟာရပြည့်အစားအစာတွေ ပြင်ဆင်ဖို့ အချက် (၆) ချက်

အားလပ်ရက်တွေ ၊ ပိတ်ရက်တွေနီးပြီဆို စူပါမားကတ်တွေမှာ ဈေးဝယ်ထွက်ကြတဲ့မိသားစုတွေကို ကြည့်ရင်းတွေးမိတယ်။ ဒီလောက်စားစရာတွေအများကြီးကို ဘယ်လိုကုန်အောင်စားပစ်ကြမှာလဲလို့။ တချို့မိသားစုဆို လူသိပ်များပုံမှမရတာ။ မိသားစုလူစုံတုန်း စားသောက်စရာတွေပြင်ဆင်ပြီး စားပွဲလေးတွေလုပ်ကြမယ်ထင်ပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ ကျန်းမာရေးအတွက်ကောင်းတာ၊ မကောင်းတာ ဘာတွေပါသလဲ၊ ဘယ်လောက်ပမာဏများများစားလို့သင့်တော်မလဲ(တချို့အစားအစာတွေက အများကြီးစားရင် ဘေးဖြစ်တတ်ပါတယ်)၊ ကလေးတွေအတွက် သင့်တော်ရဲ့လား၊ လူကြီးမိဘတွေအတွက်ရော ဘယ်အရာကိုရွေးချယ်သင့်သလဲ စတဲ့ ထည့်တွေးစရာတွေကအများကြီးပါ။ အားလပ်ရက်၊ပိတ်ရက်တွေမှာ အာဟာရပြည့်အစားအစာတွေ ပြင်ဆင်ဖို့ အချက် (၆) ချက် ဒီတော့ အားလပ်ရက်တွေ အတွက်အစားအစာတွေပြင်ဆင်တဲ့အခါ ပျော်စရာလည်းဖြစ်၊ အာဟာရလည်းပြည့်၊ဘေးလည်းကင်းစေဖို့ ထည့်စဉ်းစားသင့်တဲ့ အချက်လေးတွေ အကြံပြုလိုက်မယ်နော်။ ဈေးတွေလျှောက်မဝယ်ခင်မှာ အစီအစဉ်ဆွဲပါ အိမ်မှာပဲလား၊ ခရီးသွားကြမှာလားဆိုတာကလည်း အရင်တွေးတာကောင်းပါတယ်။ ဒါမှ လိုအပ်သလို ကြိုတင်ပြင်ဆင်ရမှာကိုး။ ဥပမာ ခရီးသွားကြမယ်ဆို လမ်းမှာစားဖို့ မုန့်တွေ၊ စားစရာတွေ ဝယ်ရမယ်၊ ကျန်းမာရေးနဲ့ညီတာဖြစ်ဖို့တော့လိုတာပေါ့။ ကလေးအတွက်ဆောင်သွားရမယ့် အာဟာရနို့မှုန့်ဘာညာနဲ့ အသုံးအဆောင်တွေလည်းပြင်ဆင်ရမယ်။ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွား လာနိုင်ဖို့

မိဘတိုင်းကတော့ ကိုယ့်သားသမီးတွေကို စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေချင်ကြတာပါပဲ။ ကလေးတွေ ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးကို ဂရုစိုက်ဖို့၊ စားသောက်နေထိုင်မှုပုံစံ မှန်ကန်စေဖို့ မိဘတွေဘက်က သေချာထိန်းကျောင်းပေးဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွား ဖွံ့ဖြိုးမှုအတွက် လုပ်ပေးသင့်တဲ့ အလေ့အကျင့်ကောင်း ၄ချက်ကို ဝေမျှပေးလိုက်ပါတယ်။ ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွား လာနိုင်ဖို့  ၁။ ကျန်းကျန်းမာမာနဲ့ ကြီးထွား စေဖို့ စားသောက်မှုပုံစံကို ဂရုစိုက်ပေးပါ။ အာဟာရရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာကောင်းတွေကို ကလေးတွေ နေ့စဉ်စားပေးမှသာ တစ်နေ့တာအတွက် လုံလောက်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို ရရှိမှာဖြစ်ပြီး ကျန်းကျန်းမာမာနဲ့ ကြီးထွား ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမှာပါ။ မှန်ကန်တဲ့ စားသောက်မှုပုံစံနဲ့ ကြီးပြင်းလာတဲ့ ကလေးတွေဟာ တခြားကလေးတွေထက် ကိုယ်ခံအားကောင်းလို့ ရောဂါတွေ လွယ်လွယ်နဲ့မဖြစ်လာအောင် ခန္ဓာကိုယ်က ခုခံတားဆီးပေးနိုင်တယ်။ ကိုယ်ခန္ဓာ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကိုယ့်ရဲ့ကလေးကို အချိုလျှော့စားအောင် ဘယ်လိုကူညီမလဲ

ကလေးတွေအတွက်တော့ အချိုကြိုက်တာဟာ သဘာဝဖြစ်စဉ်ပေမယ့် မိဘတွေအတွက်တော့ အမြဲ စိုးရိမ်စရာ ကိစ္စတစ်ခုလို ဖြစ်နေတတ်ပါတယ်။ အချိုဓာတ်ကြောင့် ကိုယ့်ရဲ့ ကလေးကျန်းမာရေး ထိခိုက်လာနိုင်လား၊ ကလေးက အချိုတွေ အရမ်းစားနေလား၊ အချိုစားလွန်းတဲ့ ကလေးတွေဟာ သွားနဲ့ ခံတွင်းကျန်းမာရေးမှာ ပြဿနာရှိလာနိုင်လား၊ ကလေးကို တစ်နေ့ကို အချိုဘယ်လောက်နှုန်းကျွေးသင့်လဲ အစရှိသဖြင့် မိဘတွေကြားမှာ အမြဲ မေးခွန်းထုတ်နေရတဲ့ ပြဿနာကြီး တစ်ခုလိုပါပဲ။ ကလေးတွေရဲ့ အချိုကြိုက်တဲ့ သဘာဝ ကလေးအများစုက အချိုကြိုက်တာ သဘာဝပါ။ ကျန်းမာရေးအတွက် အာဟာရဓာတ် မယ်မယ်ရရ မပေးစွမ်းနိုင်ပေမယ့် ကလေးတွေရဲ့ လျှာက အချိုတွေ၊ အဆီပါဝင်မှုများတဲ့ အစားအစာတွေကို တောင့်တတတ်တာ သဘာဝပါ။ ဒီအမူအကျင့်ကို အတင်းဖျောက်ဖျက်ဖို့ ကြိုးစားတာထက်စာရင် နေ့စဉ် နည်းနည်းစီ ကျွေးပေးတာက ကလေးတွေ အချို အလွန်အကျွံစားတဲ့ ပြဿနာကို ကောင်းကောင်း […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကျောင်းစတက်မယ့် ကလေးတွေအတွက် အစာအာဟာရဘေးကင်းအောင် စီစဉ်ပေးကြမယ်

ကျောင်းစတက်မယ့် ကလေးတွေအတွက် အစာအာဟာရဘေးကင်းအောင် စီစဉ်ပေးကြမယ် .... ဘယ်လို ပြင်ဆင်ပေးရမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မိုးရာသီ အစမှာ ကျောင်းတွေလည်းဖွင့်တော့မယ်ဆိုတော့ကျောင်းသုံးပစ္စည်းလေးတွေဝယ်၊ အဝတ်အစားအသစ်၊ ထီး၊ ဖိနပ်နဲ့ ထမင်းဘူး၊ရေဘူးတွေ ဝယ်ပေးတဲ့အချိန်၊ သူငယ်ချင်းတွေနဲ့ကျောင်းတက်ရတော့မယ်ဆိုတော့ ကလေး တွေစိတ်အလှုပ်ရှားဆုံးအချိန်ပေါ့။ အိမ်ကနေ ခွဲခွာပြီးကျောင်းတက်ရတော့မှာဖြစ်လို့ ငိုယိုနေတဲ့ အိမ်ပျော်လေးတွေလည်း ရှိသေးတယ်။ ကျောင်းစတက်မယ့် ကလေးတွေအတွက် အစာအာဟာရဘေးကင်းအောင် စီစဉ်ပေးကြမယ် ကျောင်းစတက်မယ့် ကလေးတွေအတွက် အစာအာဟာရဘေးကင်းအောင် စီစဉ်ပေးကြမယ် ဆိုတဲ့နေရာမှာ အခုမှကျောင်းစတက်မယ့် ကလေးတွေအတွက်စီစဉ်ရင်းနဲ့ ဖေဖေမေမေ တို့လည်း အလုပ်တွေရှုပ်နေမှာပါ။ ဒါပေမယ့် တခြားအရာတွေထက် အလေးထားသင့်တဲ့ တကယ်အရေးကြီးတဲ့အချက်ရှိနေသေးတာကို မမေ့လိုက်ပါနဲ့နော်။ အဲဒါကတော့ ကလေးအတွက်ဘေးကင်းစိတ်ချရတဲ့ အစာအာဟာရ ပေးနိုင်ဖို့ပါ။ အိမ်မှာရှိနေတုန်းတော့ အရိပ်တကြည့်ကြည့်နဲ့ ကျွေးလို့မွေးလို့ရနိုင်ပေမယ့် မိဘနဲ့ခွဲပြီးကျောင်းစတက်ရမယ့်ကလေးဟာ အရင်လောက် အာဟာရပြည့်ဝအောင် အစားဝင်နိုင်ပါ့မလား။ ထမင်းခွံ့မယ့်အမေ မပါတော့ မစားဖြစ်ရင် […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

မိုးရာသီမှာ ကလေးတွေကို ဘာတွေကျွေးလို့ ဘာတွေ မကျွေးသင့်ဘူးလဲ

မိုးလေးလည်းစရွာနေပြီ ကလေးတွေလည်း ကျောင်းတက်ရာသီရောက်လာပြန်ပြီနော်။ ကျောင်းနေအရွယ်ကလေးတွေအနေနဲ့ ကိုယ်ခန္ဓာကျန်းမာဖွံ့ဖြိုးဖို့အတွက် အာဟာရပြည့်ဝအောင် စားသုံးပေးဖို့လိုအပ်တယ်ဆိုပေမယ့် အသက်ကိုဉာဏ်စောင့်တယ်ဆိုတဲ့ စကားအတိုင်း အာဟာရဖြစ်တာကို စားမှ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းမှာပါ။ ဒီတစ်ခေါက်တော့ မိုးရာသီမှာ ဘာတွေကို ကျွေးသင့်ပြီး ဘာတွေကိုရှောင်သင့်လဲဆိုတာပြောပြပေးပါရစေ။ မိုးရာသီမှာ သားသားမီးမီးတွေကို ကျွေးသင့်တာလေးတွေက စွပ်ပြုတ် ပူပူနွေးနွေး အာဟာရဖြစ်စေပြီး ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ ရာသီဥတုအေးတာကြောင့် အဖျားမဝင်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အသားတွေ နဲ့ အသီးအရွက်တွေနဲ့ စွပ်ပြုတ်ချိုချိုလေးပြုတ်ပြီး ခပ်နွေးနွေးလေးတိုက်ပေးပါ။ ကြက်သွန်ဖြူ ကြက်သွန်ဖြူက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားကို ကောင်းမွန်စေတဲ့အတွက် ကြက်သွန်ဖြူကိုလည်း ကလေးအတွက်ပြင်ဆင်တဲ့ အစားအစာတွေထဲမှာ ထည့်သွင်းပြင်ဆင်ပေးပါ။ အယ်လ်မွန်စေ့ အယ်လ်မွန်စေ့မှာ အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းဗိုက်ပြဿနာကင်းစင်စေမှာပါ။ မိုးရာသီမှာ ဖြစ်တတ်တဲ့ အစာခြေစနစ်ဆိုင်ရာပြဿနာတွေကို ရှောင်ရှားနိုင်စေဖို့အတွက် အယ်လ်မွန်စေ့ကိုကျွေးပေးပါ။ သလဲသီး သလဲသီးက ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပါတယ်။ ကလေးကို သလဲသီးကျွေးပေးလို့ရသလို သလဲသီးကို ကြိတ်ပြီးဖျော်ရည်အဖြစ်ဖျော်တိုက်လို့လည်း […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

စာမေးပွဲဖြေရမယ့် ကလေးတွေကို ဘယ်လိုဂရုစိုက်အားပေးမလဲ

စာမေးပွဲအချိန်တွေဆို ကလေးတွေရော မိဘတွေပါ စိတ်လှုပ်ရှားပင်ပန်းကြရတာအမှန်ပါပဲ။ဖြေဆိုမယ့်ကလေးတွေရဲ့စိတ်ဖိစီးမှုကတော့ ပိုသိသာတာပေါ့။ "ငါစာတွေတကယ်ရရဲ့လား၊ ဘာများကျန်နေသေးလဲမသိဘူး၊ ငါထပ်ရောကျက်နိုင်ပါတော့မလား၊ အချိန်ကသိပ်မကျန်တော့ဘူး၊ စာတွေမှတ်မိပါ့မလား" စတဲ့မေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ်ပြန်ထုတ်ရင်းခေါင်းပိုရှုပ်နေရတတ်ပါတယ်။ ဒီဘာသာကိုတော့ပိုင်ပြီ ဟိုဘာသာရပ်ကိုကြောက်တာ စတဲ့ စိုးရိမ်မှုတွေကလည်း ရှိနေပြန်တဲ့အခါ ရပြီးသားစာတွေကိုပြန်နွှေးတာတောင် အခက်တွေ့ရတတ်ပါတယ်။ အခုဆိုရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြရတော့မှာပါ။ တက္ကသိုလ်ဝင်တန်းဆိုတာ ကလေးတွေရဲ့အသက်မွေးပညာလမ်းကြောင်းကို အပြောင်းအလဲဖြစ်စေမယ့် အချိုးအကွေ့တစ်ခုဖြစ်တာကြောင့် မိဘတွေကလည်း အရမ်းကိုမျှော်လင့်ထားကြတဲ့စာမေးပွဲပါ။ ဒီလိုစာမေးပွဲကာလမှာ အဆင်ပြေချောမွေ့စွာနဲ့ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ ကိုယ့်ကလေးတွေကိုဘေးကအားပေးကူညီကြတဲ့ မိဘတွေရဲ့ပံ့ပိုးမှုကလည်း အရေးကြီးပါတယ်။ ပျင်းနေတဲ့ကလေးကို စာကြိုးစားအောင်၊ စာကြိုးစားတဲ့ကလေးကို အတိမ်းအစောင်းမဖြစ်အောင်၊စေ့စပ်သေချာတဲ့ကလေးကို ပိုအောင်မြင်အောင် ပံ့ပိုးနိုင်သလို ဖိအားတွေများလွန်းလို့ သို့မဟုတ် ထိန်းသိမ်းတဲ့နည်းလမ်းမမှန်လို့ ကလေးရဲ့အရည်အချင်းတွေ တိမ်ငုပ်သွားစေတာလည်း မိဘတွေရဲ့လက်ထဲမှာပါပဲ။ ဘယ်လိုအားပေးကူညီမလဲ ကလေးမှာ စိတ်ဖိစီးနေတဲ့လက္ခဏာတွေရှိလာသလားစောင့်ကြည့်ပါ ကလေးက အရမ်းစိတ်ပူပန်နေမယ်၊ ထိလွယ်ရှလွယ် စိတ်ခံစားချက်ပြင်းထန်နေမယ်၊ခေါင်းကိုက်တာ ဗိုက်အောင့်တာတွေဖြစ်လာတယ်၊စိတ်ဆတ်လာတယ်၊ကောင်းကောင်းအိပ်မပျော်ဘူး၊ အစားစားဖို့သိပ်စိတ်မပါတော့ဘူး၊စိတ်အလိုမကျတဲ့ပုံဖြစ်လာတယ် စတဲ့စိတ်ဖိစီးမှု လက္ခဏာတွေရှိလာနိုင်ပါတယ်။ မိဘတွေအနေနဲ့သတိထားမိတဲ့အခါ ကလေးကို ပိုဂရုစိုက်ပေးရပါမယ်။ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတွေ ဦးနှောက်ဖွံ့ဖြိုး ဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်

ဦးနှောက်ဖွံ့ဖြိုး မှုဆိုတာ ကလေးတိုင်းအတွက် အရေးပါပါတယ်။ ဦးနှောက်ကောင်းကောင်း ဖွံ့ဖြိုးမှ ငယ်စဉ်မှာ အထိုင်အထ နောက်မကျမှာ ဖြစ်သလို ကြီးလာလို့ စာသင်ကြားတဲ့အခါမှာလည်း စာတွေလိုက်နိုင်ပြီး ထက်မြက်တဲ့ ကလေးဖြစ်လာမှာပါ။ မေမေတို့ ဖြစ်စေချင်တာလည်း ဒါပဲဟုတ်။ ဒီလို ဖြစ်ဖို့ ကလေးတွေရဲ့ အစားအစာတွေထဲမှာ အာဟာရဓာတ်တစ်မျိုး ဖြည့်စွက်ပေးဖို့ လိုတယ်ဆိုတာ မေမေတို့ သိပြီးပြီလား။ ကလေးတွေ ဦးနှောက်ဖွံ့ဖြိုး ဖို့လိုအပ်တဲ့ DHA ဆိုတာက DHA ရဲ့ အဓိပ္ပာယ်အပြည့်အစုံကDocosahexaenoic acid လို့ခေါ်ပါတယ်။ DHA က ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုး မှုအတွက်အရေးပါသလို အရွယ်ရောက်ပြီးသူတွေရဲ့ ဦးနှောက်ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက်လည်း DHA ကိုလိုအပ်ပါတယ်။ ကလေးတွေစားသုံးမယ့်အစားအသောက်တွေထဲမှာ DHA မျှတစွာပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို တိုးတက်စေနိုင်ပြီး အပြန်အလှန်အားဖြင့် DHA ချို့တဲ့နေမယ်ဆိုရင် ကလေးတွေ သင်ယူနိုင်စွမ်းအားနည်းနိုင်ပါတယ်။ DHA က […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကော်ဖီသောက် ခြင်းသည် ကလေးအတွက် ဘာကြောင့် မကောင်းတာလဲ

နိုင်ငံအများစုတွင် ကလေးကို ကော်ဖီတိုက်ခြင်းသည် ကြီးကြီးမားမား ကန့်ကွက်သော အရာဖြစ်သည်။ ကလေးကို ဂဏှာမငြိမ်ဖြစ်စေသည့်အပြင် ကော်ဖီနှင့် ကဖင်းပါသော အချိုရည်များသည် ကလေးနှင့် ဆယ်ကျော်သက်များအား အခြားသော ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများစွာလည်း သက်ရောက်စေပါသည်။ သွားပိုးပေါက်များ ကော်ဖီသည် ၎င်းတွင် ပါဝင်သော အက်ဆစ်ဓာတ်ကြောင့် ကလေး၏ သွားများကို သွားပိုးပေါက်များဖြစ်စေသည်။ ကလေးများ၏ သွားများသည် လူကြီးများထက် ပိုနုနယ်ပြီး ခံနိုင်ရည်အားနည်းသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အက်ဆစ်ဓာတ်ပါသော ကော်ဖီသည် သူတို့လေးတွေ၏ သွားများကို အလွယ်တကူ အားနည်းစေပြီး သွားကြွေလွှာများကို ပျက်စီးစေကာ သွားပိုးပေါက်များ ဖြစ်စေသည်။ ငယ်သွား ဆုံးရှုံးပြီး ကြီးသွားလဲသောအခါတွင် ကြွေလွှာအသစ် သန်စွမ်းကြံ့ခိုင်ဖို့ နှစ်နဲ့ ချီပြီးကြာပါသည်။ ကော်ဖီသောက်သောကလေးများသည် လူကြီးများထက်ပိုပြီး သွားပိုးပေါက်နှင့် ကြွေလွှာဆုံးရှုံးခြင်း ကဲ့သို့သော ခံတွင်းကျန်းမာရေး ပြဿနာ ပိုအဖြစ်များပါသည်။ ဂဏှာမငြိမ်ခြင်း ကော်ဖီသည် ကလေးကို […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

သင့်ကလေးကို ကိုယ်အလေးချိန်တက်စေမည့် နည်းလမ်း ၄ သွယ်

ယနေ့ခေတ်တွင် ကိုယ်အလေးချိန် လွန်ကဲသော ကလေးများစွာရှိနေသော်လည်း ကိုယ်အလေးချိန် တက်လာဖို့ လိုတဲ့ ကလေးများလည်း ရှိပါသည်။ ကယ်လိုရီများကို တိုးတိုးထဲ့ခြင်းဖြင့် ကလေးများ၏ အစားအသောက်ပုံစံများကို တဖြည်းဖြည်း ပြောင်းလဲယူနိုင်ပါသည်။ အောက်ပါတို့သည် ကိုယ်အလေးချိန်နည်းသော ကလေးများကို အထောက်အကူဖြစ်စေမည့် နည်းလမ်းများဖြစ်ပါသည်။ သင့်ကလေးကို ကိုယ်အလေးချိန်တက်စေမည့် နည်းလမ်း ၄ သွယ် သင့်ကလေးကို ကိုယ်အလေးချိန်တက်စေမည့် နည်းလမ်း ၄ သွယ် ဘာတွေများ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်လား။ အကြောင်းရင်းကို သိရှိနားလည်ခြင်း အောက်ပါတို့သည် ကလေးများအတွက် ကိုယ်အလေးချိန် တက်ရန် ခဲယဉ်းစေသော အချက်များဖြစ်ပါသည်။ · ဟော်မုန်းနှင့် ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်များ · သောက်နေသောဆေးများ · ဆော့လွန်းခြင်းသည် ပုံမှန်ထက်အဆီများကိုလောင်းကျွမ်းစေသည်။ · အစားအစာများနှင့် ဓါတ်မတည့်ခြင်းများ · သူငယ်ချင်းများထံမှ ရသော စိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်များ ထိုသို့ဖြစ်လာပါက မိဘများအနေဖြင့် ကလေးဆရာဝန်နှင့် တိုင်ပင်ရန် ဝန်မလေးသင့်ပါ။ သင့်ကလေး၏ ကြုံတွေ့နေရသော အခက်အခဲများနှင့် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်