backup og meta

ကလေးတွေ ဦးနှောက်ဖွံ့ဖြိုး ဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်

ကလေးတွေ ဦးနှောက်ဖွံ့ဖြိုး ဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်

ဦးနှောက်ဖွံ့ဖြိုး မှုဆိုတာ ကလေးတိုင်းအတွက် အရေးပါပါတယ်။ ဦးနှောက်ကောင်းကောင်း ဖွံ့ဖြိုးမှ ငယ်စဉ်မှာ အထိုင်အထ နောက်မကျမှာ ဖြစ်သလို ကြီးလာလို့ စာသင်ကြားတဲ့အခါမှာလည်း စာတွေလိုက်နိုင်ပြီး ထက်မြက်တဲ့ ကလေးဖြစ်လာမှာပါ။ မေမေတို့ ဖြစ်စေချင်တာလည်း ဒါပဲဟုတ်။ ဒီလို ဖြစ်ဖို့ ကလေးတွေရဲ့ အစားအစာတွေထဲမှာ အာဟာရဓာတ်တစ်မျိုး ဖြည့်စွက်ပေးဖို့ လိုတယ်ဆိုတာ မေမေတို့ သိပြီးပြီလား။

ကလေးတွေ ဦးနှောက်ဖွံ့ဖြိုး ဖို့လိုအပ်တဲ့ DHA ဆိုတာက

DHA ရဲ့ အဓိပ္ပာယ်အပြည့်အစုံကDocosahexaenoic acid လို့ခေါ်ပါတယ်။ DHA က ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုး မှုအတွက်အရေးပါသလို အရွယ်ရောက်ပြီးသူတွေရဲ့ ဦးနှောက်ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက်လည်း DHA ကိုလိုအပ်ပါတယ်။ ကလေးတွေစားသုံးမယ့်အစားအသောက်တွေထဲမှာ DHA မျှတစွာပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို တိုးတက်စေနိုင်ပြီး အပြန်အလှန်အားဖြင့် DHA ချို့တဲ့နေမယ်ဆိုရင် ကလေးတွေ သင်ယူနိုင်စွမ်းအားနည်းနိုင်ပါတယ်။

DHA က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ omega-3 fatty acids တစ်မျိုးဖြစ်ပြီး ကလေးတွေရဲ့ ဦးနှောက်နဲ့ မျက်လုံးတွေဖွံ့ဖြိုးစေဖို့အတွက် အဓိကဇာတ်ကောင်ပါ။ ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတွေအဖြစ်ကြီးထွားဖို့ဆိုရင် ကလေးတွေရဲ့ စားသောက်မယ့်အစားအစာတွေထဲမှာ DHA မဖြစ်မနေပါဝင်ဖို့လိုပါမယ်။

ကလေးတွေ ဦးနှောက်ဖွံ့ဖြိုး ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး

အခုနောက်ပိုင်းမှာ ကလေးအတွက် အထူးစီမံထုတ်လုပ်ထားတဲ့ နို့မှုန့်တွေနဲ့ အာဟာရဖြည့်စွက်စာတွေထဲမှာ DHA ပါဝင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀လောက်ကတော့ ကလေးတွေကိုကျွေးမွေးတဲ့ အာဟာရတွေထဲမှာ DHA က မပါဝင်သလောက်ကိုနည်းပါတယ်။ DHA တင်မကပါဘူး။ ကလေးတွေအတွက် လိုအပ်တဲ့ အခြား omega-3 fatty acidတွေလည်း မပါဝင်ပါဘူး။

အခုဆိုရင်တော့ ဈေးကွက်ထဲမှာ DHA နဲ့ ကလေးတွေ ဖွံ့ဖြိုးကြီးထွားဖို့အတွက် လိုအပ်တဲ့ ဓာတ်တွေ ပါဝင်နေတဲ့ အာဟာရနို့မှုန့်တွေကို အလွယ်တကူဝယ်ယူလို့ရနေပြီဖြစ်ပြီး ကလေးတွေကလည်း အရင်တုန်းက ကလေးတွေထက် ပိုပြီး ဉာဏ်ကောင်းလာသလို ပိုပြီးလည်းထက်မြက်လာကြတယ်ဆိုတာကို မြင်တွေ့နိုင်ပါလိမ့်မယ်။

DHA ချို့တဲ့ တဲ့အခါ

DHA ချို့တဲ့တဲ့အခါ ကလေးမှာ အရက်ကြောင့်ဖြစ်တတ်တဲ့ သန္ဓေသားရောဂါ (foetal alcohol syndrome) လို့ခေါ်တဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ထိခိုက်စေနိုင်တဲ့ အလားတူရောဂါတွေ ဖြစ်နိုင်သလို ADHD(ကလေးများတွင် ဖြစ်သော အာရုံမစူးစိုက်နိုင်သောရောဂါ) ၊ phenylketonuria (သွေးထဲမှာphenylalanine များတာ)၊ စိတ်ကျရောဂါတွေ ဖြစ်နိုင်ပါတယ်။

လူကြီးတွေမှာဆိုရင်လည်း ဦးနှောက်ထဲမှာ DHA နည်းလာတဲ့အခါ မှတ်ဉာဏ်အားနည်းလာပြီး Alzheimerရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ DHA ချို့တဲ့တာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။ DHA က ဦးနှောက်ဆိုင်ရာဖွံ့ဖြိုးမှုအပြင် နာကျင်ရောင်ရမ်းမှုတွေကို လျော့ပါးသက်သာစေနိုင်သလို နာတာရှည်ရောဂါတွေကိုလည်း သက်သာစေနိုင်ပါတယ်။

DHA ကို ဘယ်အချိန်ကတည်းက လိုအပ်တာလဲ

DHA ကို သန္ဓေသားဘဝကတည်းက လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့  စားသုံးတဲ့ အစားအသောက်တွေထဲမှာ DHA ပါဝင်အောင်စားသုံးဖို့လိုပါတယ်။ DHA ကို ရရှိဖို့ဆိုရင် မေမေတို့အနေနဲ့ ကိုယ်ဝန်လွယ်ထားရပြီဆိုကတည်းက ငါးစားပေးတာ ၊ ဥအမျိုးမျိုးကို စားပေးတာမျိုး လုပ်ပေးဖို့လိုပါမယ်။ ငါးကြီးဆီ သောက်သုံးပေးလို့လည်း ရပါတယ်။

နို့တိုက်ချိန်မှာလည်း ကလေးအတွက်လိုအပ်တဲ့ DHA ရရှိအောင် မိခင်တွေအနေနဲ့ အထက်ပါအတိုင်း ဂရုစိုက်စားသုံးပေးရမှာပါ။ နို့တိုက်မိခင်က DHA ရရှိနိုင်တဲ့အစားအသောက်တွေကို စားတာလျော့နည်းမယ်ဆိုရင် ကလေးမှာ DHA ချို့တဲ့နိုင်ပါတယ်။

ကလေးတွေ ဦးနှောက်ဖွံ့ဖြိုး ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး

ကလေးကို နို့မှုန့်တိုက်တယ်ဆိုရင်တော့ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုး မှုနဲ့ မျက်လုံးကြီးထွားဖွံဖြိုးမှုအတွက် လိုအပ်တဲ့ ဓာတ်တွေပါတဲ့ နို့မှုန့်နဲ့ အာဟာရဖြည့်စွက်စာတွေကို ရွေးချယ်ဝယ်ယူမိဖို့ လိုပါလိမ့်မယ်။ ကလေးကို လိုအပ်တဲ့ DHA အာဟာရကို ပြည့်ဝအောင်ကျွေးမွေးမယ်ဆိုရင် ကလေးရဲ့ အမြင်အာရုံနဲ့ မှတ်ဉာဏ်စွမ်းရည်ကိုကောင်းမွန်စေမှာပါ။

ကလေးမှာ DHA မပြည့်ဝခြင်းက ဉာဏ်ရည်ဉာဏ်သွေးနဲ့ အမြင်အာရုံဆိုင်ရာ ပြဿနာတွေအများကြီးဖြစ်လာနိုင်ပါတယ်။ မိမိကလေးတွေကို ဉာဏ်ရည်မြင့်မားတဲ့ ကလေးအဖြစ် ကြီးပြင်းလာစေချင်တယ်ဆိုရင် ကိုယ့်ကလေးရဲ့ ဖြည့်စွက်စာထဲမှာ DHA ပါဝင်အောင် အမြဲဂရုစိုက်သင့်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.livestrong.com/article/351930-recommended-amounts-of-dha-epa-daily/

https://www.livestrong.com/article/356870-what-is-dha-used-for/

http://www.life-enhancement.com/magazine/article/686-dha-is-essential-for-brain-function-heart-health-and-more

https://www.umm.edu/health/medical/altmed/supplement/docosahexaenoic-acid-dha

ယခုပုံစံ

09/08/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးအဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်နည်း

ကလေးတွေမှာ လည်ချောင်းနာခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းများ



Aye Thi Mon မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement