ကျောင်းနေအရွယ်

၆နှစ်ကနေ ၁၂နှစ်ကြား ကျောင်းနေအရွယ်ကလေးက အရပ်ရော ကိုယ်အလေးချိန်ရော မြန်မြန်ဖွံဖြိုးနေပါပြီ။ ဘာသာစကား သင်ယူတာတွေ၊ လူမှုဆက်ဆံရေးတွေလည်း တိုးတက်လာပါပြီ။ ဒီအရွယ်ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်ပေးမလဲဆိုတာကို ဒီမှာ လေ့လာကြည့်နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျောင်းနေအရွယ်

အသက်နှစ်နှစ်နောက်ပိုင်းမှာ အာဟာရပြည့်ဝစေဖို့ မျှတတဲ့ အစားအစာများနဲ့အတူ ဖော်မြူလာနို့တိုက်စို့

ချစ်မဝတဲ့ သားသားမီးမီးတို့က မျက်စေ့ရှေ့တင် တရိတ်ရိတ် ကြီးပြင်းလာခဲ့တာကို ကြည့်နေရတာကလည်း မေမေဖြစ်ရခြင်းရဲ့ ပီတိတစ်မျိုးပါ။ ကလေးက ကျန်းလည်း ကျန်းမာမယ်။ အရပ်တွေ ကိုယ်အလေးချိန်တွေ ကလည်း အသက်အရွယ်နဲ့အလိုက် ကောင်းစွာ ဖွံ့ဖြိုးနေမယ်။ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှုကလည်း အားရလောက်တယ်ဆိုတာမျိုးက မေမေတိုင်း လိုချင်တဲ့ စိတ်ကူးဆန္ဒလေး တစ်ခုပေါ့။  ဒီဆန္ဒလေးကို ပြည့်ဝစေဖို့ဆိုရင် မဖြစ်မနေ ဖြည့်ဆည်းပေးရမှာလေး ရှိနေပါတယ်။ ဒါကတော့ ကလေးကို အာဟာရပြည့်ဝစေဖို့ သေချာလေး ဂရုစိုက် ပြင်ဆင်ပေးဖို့ပါ။ အထူးသဖြင့်ကတော့ အသက် ၂နှစ် နောက်ပိုင်းမှာပေါ့။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကလေးကို ဘယ်လိုလေးတွေ ပြင်ဆင်ပေးသင့်လဲ ဆိုတာကို ပြောပြပေးပါမယ်။ https://hellosayarwon.com/parenting/child-health/other-child-health-issues/good-mental-health-for-children/ အသက်နှစ်နှစ်နောက်ပိုင်းမှာ အာဟာရ ပြည့်ဝမျှတဖို့ အရေးကြီးသလား! အာဟာရ ပြည့်ဝမျှတဖို့အတွက်က ကလေးတစ်ယောက်ရဲ့ ဘယ်အသက်အရွယ်မှာ မဆို အရေးပါတဲ့ အချက်တစ်ခုဆိုပေမယ့် အသက်နှစ်နှစ်နောက်ပိုင်းမှာတော့ ပိုလို့ […]

ကျောင်းနေအရွယ် ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

သားသားမီးမီးတို့ အစာခြေစနစ်ကျန်းမာစေဖို့ ဘာတွေပြင်ဆင်ပေးကြမလဲ

အစာခြေစနစ် ဆိုတာက  သားသားမီးမီးတို့ ကျန်းမာဖွံ့ဖြိုးရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီလိုပြောရတာက အစာခြေစနစ်ဆိုတာက ဘက်တီးရီးယား ထရီလီယံပေါင်း များစွာရဲ့ နေအိမ်ဖြစ်နေလို့ပါ။ ဒီအစာခြေစနစ်ထဲက ဘက်တီးရီးယားတွေ မျှခြေညီပြီး ကျန်းမာနေမှ စားလိုက်သမျှ အာဟာရတွေ ပြည့်ပြည့်ဝဝ ရရှိပြီး ကိုယ်ခံအားရော ခန္ဓာကိုယ်ပါ ကျန်းမာဖွံ့ထွားမှာပါ။ အစာခြေစနစ်က သားသားမီးမီးတို့ရဲ့ ရေရှည်ကျန်းမာရေးအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံကောင်းတာ တစ်ချက်က နေ့စဉ် စားသုံးမှုက အစာခြေစနစ် ကျန်းမာစေဖို့ အများကြီး သက်ရောက်နေတာပါ။ ဒီတော့ သားသားမီးမီးတို့ အစာခြေစနစ် ကျန်းမာစေဖို့  ဘယ်လို စောင့်ရှောက်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အစာခြေစနစ်အပေါ် အစားအစာတွေရဲ့ သက်ရောက်မှု အစာခြေစနစ် ကျန်းမာရေးက စားသုံးလိုက်တဲ့ အစားအစာတွေနဲ့ တိုက်ရိုက် အချိုးကျနေပါတယ်။ အစာခြေစနစ်ထဲမှာ ရှိတဲ့ ဘက်တီးရီးယားလေးတွေက ဆီးချို၊ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကျောင်းနေအရွယ် သားသားမီးမီးတွေ လိုအပ်တဲ့ အာဟာရ

ကျောင်းနေအရွယ် ဖြစ်ကြတဲ့ ( အသက် ၆ နှစ်ကနေ ၁၂ နှစ်ကြား) သားသားမီးမီးတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ စားစရာတွေကို စားဖို့ လိုအပ်ပါမယ်။ ကြီးထွားနေတဲ့အရွယ်ဆိုပေမယ့် ကြီးထွားမှု နှေးကွေးတာမျိုး မဖြစ်စေဖို့အတွက် တစ်နေ့ကို အစား ၄ ကြိမ်ကနေ ၅ကြိမ်လောက် ကျွေးမွေးဖို့ လိုပါတယ်။ ဒီကာလမှာ ဘာကိုတော့ဖြင့် မစားချင်ဘူး။ ဘာကိုမှ ကြိုက်တာဆိုပြီး အစားရွေးတာမျိုးတော့ ရှိပါတယ်။ နောက်ပြီး မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ တီဗွီအစီအစဉ်တွေကို ကြည့်ပြီး အစားအသောက်ရွေးချယ်တာ၊ စားသောက်မှု အလေ့အထ ပြောင်းလဲတာတွေ ရှိနိုင်ပါတယ်။ ကျောင်းနေအရွယ် ကလေးတွေက အခြားအရွယ်မွေးချင်းတွေထက် အစားအစာတွေကို ပိုမို စုံလင်အောင် စားချင်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ကျောင်းမှာ စားသုံးတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းနေအရွယ် သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ဘယ်လိုကူညီမလဲ

ကလေးလေးက ရင်ခွင်ပိုက် ချီပိုးထားတဲ့ အရွယ်ကနေ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး လောကကြီးကို စူးစမ်းဖို့ အသင့်ဖြစ်နေတဲ့ ကျောင်းနေအရွယ် ကိုတောင် ရောက်လာခဲ့ပါပြီ။ ဒီအချိန်မှာ အရင်တုန်းကလို မေမေ လုပ်စေချင်တဲ့အတိုင်း တသွေမသိမ်း လိုက်နာတယ်ဆိုတာ ရှားလာပါပြီ။ ကလေးကြီးတွေလိုပဲ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတာတွေကို လုပ်ဆောင်စပြုလာပါပြီ။ ဒီကာလမှာ ကလေးကို စည်းကမ်းတွေ တင်းကျပ်မယ့်အစား ညှိညှိနှိုင်းနှိုင်းနဲ့ နွေးနွေးထွေးထွေး ဆက်ဆံပေးတာက နည်းလမ်းကောင်းပါ။ ကျောင်းနေအရွယ်ရောက်လာပြီဖြစ်တဲ့ ကလေးတွေဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ခံစားမှုပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးလာပါပြီ။ ကျောင်းနေအရွယ် သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကို အထောက်အကူဖြစ်စေဖို့ ဖေဖေမေမေတို့ ဘာလုပ်ပေးနိုင်မလဲဆိုတာ လေ့လာလိုက်ရအောင်နော်။ ကျောင်းနေအရွယ် သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကလေးလေးလည်း မဟုတ်တော့သလို လူကြီးလေးလည်း မဖြစ်သေးတဲ့ လူကြီးပေါက်စလေးတွေ ဖြစ်လာကြတဲ့ ကျောင်းနေအရွယ် သားသားမီးမီးလေးတွေမှာ အပြောင်းအလဲတွေ အများကြီး ရှိလာနိုင်ပါတယ်။ […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကျောင်းနေအရွယ် သားသားမီးမီးတို့ ဘယ်လို ဖွံ့ဖြိုးလာသလဲ

ကျောင်းနေအရွယ် သားသားမီးမီးတို့ ဘယ်လို ဖွံ့ဖြိုးလာသလဲ ...... ကျောင်းအရွယ်ကလေးလေးတွေကို ပျိုးထောင်ရတာက အတော်လေး စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံပါ။ ကလေးရဲ့ အသစ်အသစ်သော လှုပ်ရှားမှုလေးတွေ၊ လုပ်ဆောင်နိုင်စွမ်းလေးတွေကို မြင်ရတာ အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒီလိုအရွယ်မှာ ကျန်းမာတဲ့ နေထိုင်စားသောက်သူလေးဖြစ်ပြီး ထက်ထက်မြက်မြက် ရည်ရည်မွန်မွန်နဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့အတွက် အကောင်းဆုံး ပျိုးထောင်ပေးဖို့ လိုပါမယ်။ ဒီတော့ ကျောင်းနေအရွယ် သားသားမီးမီးတို့ ဘယ်လို ဖွံ့ဖြိုးလာသလဲ .... မေမေဖေဖေတို့အနေနဲ့ ဘယ်လိုတွေ ဂရုစိုက်ပေးဖို့ လိုမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။ ကျောင်းနေအရွယ် သားသားမီးမီးတို့ ဘယ်လို ဖွံ့ဖြိုးလာသလဲ ကျောင်းနေအရွယ် သားသားမီးမီးတွေက အသက်အရွယ်အလိုက် အခုလို ဖွံ့ဖြိုးလာတာပါ။ # အသက် ၆ နှစ် ကနေ ၇ နှစ်အတွင်း ကလေးတွေဟာ အသက် ၆ နှစ် […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတွေ စားသလောက် အာဟာရမဖြစ်တာ အူလမ်းကြောင်း ကျန်းမာရေး မကောင်းလို့များလား

ကောင်းမွန်တဲ့ အစာချေဖျက်မှု နဲ့ ကျန်းမာတဲ့ အစာခြေစနစ် တို့က ကလေးတစ်ယောက် ကြီးထွားဖွံ့ဖြိုးစေဖို့ နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကလေးတစ်ယောက်ဟာ ငယ်စဉ်ကတည်းက အူလမ်းကြောင်း ကျန်းမာရေး ကောင်းမှ ကိုယ်ခံအား ကောင်းပြီး ဖျားနာမှု ကင်းလို့  စားလိုက်သမျှ အစားအစာတွေမှာပါတဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ရရှိမှာ ဖြစ်ပါတယ်။ ကလေးစားလိုက်တဲ့ အစားအစာတွေကို အာဟာရတွေကို အူနံရံက ပြည့်ပြည့်ဝဝ မစုပ်ယူနိုင်တဲ့အခါ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန် အရပ်အမြင့် မရှိတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကလေးကို အာဟာရပြည့်အောင် ကျွေးပေးပါရက်နဲ့ ကလေးက စားသလောက် အာဟာရမဖြစ်ဘူး။ အူလမ်းကြောင်း ကျန်းမာရေး မကောင်းလို့များလား ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ် = ကောင်းမွန်တဲ့ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးတွေကို သဘာဝအတိုင်း ကိုယ်ခံအားတက်စေမယ့် နည်းလမ်းများ

ရာသီ အကူးအပြောင်းမှာ အိမ်က သားသားမီးမီးတွေ ဖျားနာမှာကို မေမေတိုင်း စိုးရိမ်ကြပါတယ်။ ကလေးတွေ ဖျားနာပြီဆိုရင် စိတ်ရောကိုယ်ပါ ပင်ပန်းရတာ မေမေတွေပါ။ ဒီတစ်ခေါက်တော့ ရာသီ အကူးအပြောင်းဆိုရင် သားသမီးတွေကို မဖျားအောင် ဘယ်လို လုပ်ပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။  ဘယ်လိုများ လုပ်ပေးလို့ ရမလဲဆိုပြီး သိချင်နေပြီလား ..... မေမေတို့ရေ။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ရာသီ အကူးအပြောင်းမှာ အိမ်ကသားသားမီးမီးတွေ ဖျားနာမှု ကင်းအောင် ဘယ်လို လုပ်ပေးရမလဲ ရာသီ အကူးအပြောင်းမှာ အိမ်က သားသားမီးမီးတွေ ဖျားနာမှု ကင်းအောင် လုပ်ပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ကလေးတွေရဲ့ ကိုယ်ခံအားကို အားဖြည့်ပေးတာပါ။ ကိုယ်ခံအား ကောင်းမှ ရောဂါတွေ ကူးစက်မှုကို ကာကွယ်နိုင်မှာပါ။ ဒါမှလည်း သားသားမီးမီးတို့က ဖျားနာမှု ကင်းပြီး […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးကို ကျွေးမွေးတဲ့အာဟာရက ကလေး ဦးနှောက်ဖွံ့ဖြိုးမှုကို ပြောင်းလဲစေပါတယ်

ကလေးတွေကို ကျန်းမာသွက်လက် ဉာဏ်ရည်ထက်မြက်သူတွေအနေနဲ့ ကြီးပြင်းလာစေချင်တဲ့ဆန္ဒ မိဘတိုင်းမှာ ရှိပါတယ်။ ဒီဆန္ဒကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်နိုင်စေဖို့ မိဘတိုင်းအနေနဲ့ ကလေးကို ငယ်စဉ်အရွယ်ကတည်းက စပြီး သေချာလေး ထိန်းကျောင်းပျိုးထောင်ပေးဖို့ လိုပါမယ်။ ဒီလို ကလေးတစ်ယောက်ကို ထိန်းကျောင်း ပျိုးထောင်တဲ့အခါ အာဟာရပိုင်းကစလို့ အပြုအမူပိုင်းအထိ အားလုံး ပါဝင်နေပါတယ်။ ကလေးကို ကျွေးမွေးတဲ့အာဟာရက ကလေး ဦးနှောက်ဖွံ့ဖြိုးမှုကို ပြောင်းလဲစေပါတယ်။ သားသားမီးမီးတို့ရဲ့ ဦးနှောက် ဖွံ့ဖြိုးမှု အကောင်းဆုံးအချိန် ကလေးရဲ့ ဖွံ့ဖြိုးမှု အကောင်းဆုံးအချိန်ဖြစ်တဲ့ ၂နှစ်အထက်ကနေ နောက်ပိုင်းကာလမှာ ကလေးရဲ့ ဦးနှောက်နဲ့ ကိုယ်ခန္ဓာဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေပါတယ်။ အဲဒီကာလအပိုင်းအခြားအတွင်းက ဘာသာစကား သင်ယူနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်း အပါအဝင် ဦးနှောက်ရဲ့ စီမံလုပ်ဆောင်ချက်တွေ ကို ထိန်းချုပ်မယ့် ဦးနှောက်အပိုင်းမှာပါ ဖွံ့ဖြိုးမှုတွေ ရှိလာမှာပါ။ ဒါကြောင့် အာဟာရပြည့်ဝဖို့ဟာ  ဒီလို […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

အွန်လိုင်းကနေ ကလေးကို စာသင် ပေးမယ်ဆိုရင်

ကိုဗစ်ကပ်ရောဂါဆိုးကြီး ဖြစ်တဲ့အခါကျတော့ ကလေးတွေကို အရင်လို ကျောင်းပို့ဖို့ ခက်လာပါတယ်။ ဒါပေမယ့် ကလေးရဲ့ ပညာရေးကလည်း အရေးကြီးတဲ့အတွက် လူကြီးတွေ Work from home လုပ်သလို ကလေးတွေကိုလည်း အွန်လိုင်းကနေ စာသင်ပေးလာကြပါတယ်။ နွေရာသီ ပန်းချီသင်တန်းတွေ၊ အင်္ဂလိပ်စာသင်တန်းတွေ စသဖြင့် ကလေးတွေကို အပြင်မှာ သင်သလိုမျိုး သင်နိုင်အောင် စီစဉ်လာကြပါတယ်။ ဒီလိုမျိုး အွန်လိုင်းကနေ ကလေးကို စာသင် ပေးတဲ့အခါ မိဘတွေရော ကလေးတွေပါ အသားမကျသေးဘဲ အခက်အခဲလေးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ အိမ်ကနေ စာသင်တဲ့ ကလေးကို ဘယ်လိုမျိုးကူညီနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ အွန်လိုင်းကနေ ကလေးကို စာသင်ပေးတဲ့အခါ ကြုံရနိုင်တဲ့ အခက်အခဲတွေ အွန်လိုင်းကနေ ကလေးကို စာသင် ပေးရတာက ကျောင်းသွားပို့လိုက်တာနဲ့ နည်းနည်းတော့ ကွာပါတယ်။ အွန်လိုင်းကနေ သင်တဲ့အခါ […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

သာမန်နို့တွေနဲ့ ဖွံ့ဖြိုးစကလေး ဖော်စပ်စာဖော်မြူလာနို့တွေ ဘာကွာခြားသလဲ၊၊

ရွေးချယ်စရာတွေ များလာတာက ကောင်းပေမယ့် အမှားလည်း များနိုင်သလို အရွေးရခက်စေပါတယ်။ ဒီလို ရွေးချယ်စရာ များတာကြောင့် ဘာရွေးလို့ ရွေးရမှန်းမသိဖြစ်ရတဲ့အထဲမှာ သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အာဟာရလိုအပ်ချက်ကို ဖြည့်ပေးမယ့် နို့ရွေးချယ်ရတာကလည်း တစ်ခု အပါအဝင်ပါပဲ။ အိမ်ရဲ့ ဆည်းလည်းလေးဖြစ်တဲ့ သားသားမီးမီးအတွက် အာဟာရပြည့်အောင် နို့တစ်မျိုးမျိုး ဒါမှမဟုတ် ဖြည့်စွက်အာဟာရတစ်မျိုးမျိုး တိုက်ချင်ပေမယ့် ဘာရွေးလို့ ရွေးရမှန်း မသိလို့ စိတ်ညစ်နေပြီလား မေမေဖေဖေ၊ ဖွားဖွား တီတီတို့ရေ ............ ဒီရွေးရခက်နေတဲ့ စိတ်ရှုပ်ထွေးစရာကိစ္စလေးကို ဖြေရှင်းနိုင်မယ့် အကြံကောင်းလေး မျှဝေချင်ပါတယ်။ သားသားမီးမီးတို့ကို အကောင်းဆုံးသော အရာတွေပဲ ပေးချင်တာက မိဘတိုင်း ဖိုးဖိုးဖွားဖွားတိုင်း တီတီတိုင်းရဲ့ ဆန္ဒပါ။ ဒီဆန္ဒလေးကို စိတ်ရှုပ်ထွေးမှု မရှိစေဘဲ ဖြည့်ပေးနိုင်ဖို့ ဆောင်းပါးလေးက ကူညီပေးနိုင်မှာပါ။ သားသားမီးမီးတို့ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်တဲ့အရာ ကလေးတွေ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးလာစေဖို့ဆိုရင် […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကလေးကို အပြင်ထွက်ကစားခွင့်ပေးလိုက်တာက ဘယ်လို အကျိုးကျေးဇူးတွေ ရစေမလဲ။

မိဘဆိုတာတော့ ကိုယ့်သားသမီးရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းဖို့၊ လုံခြုံဖို့ စိတ်ပူပန်တတ်တာ သဘာဝပါပဲ။ တချို့မိဘတွေကျတော့လည်း ပညာရေးဘက်ကို ဦးစားသိပ်ပေးလွန်းတဲ့အခါ ကိုယ့်ကလေး အပြင်ထွက်ကစားရင် စာလုပ်ချိန်နည်းသွားမှာ၊ ပညာရေးဘက်မှာ လစ်ဟင်းသွားမှာ သိပ်ကြောက်ပါတယ်။ ကိုယ့်ကလေးကို မျက်စိအောက်က တစ်ဖဝါးမခွာ ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင် ထားတာမှ စိတ်ချရတယ် ထင်ရပေမယ့် တကယ်တော့ ဆန့်ကျင်ဘက်ပါပဲ။ ကလေးဆိုတဲ့ အရွယ်က လောကကြီးရဲ့အလှအပတွေကို ရှာဖွေလေ့လာစူးစမ်းဖို့၊ အသစ်အဆန်းတွေကို တီထွင်ဖန်တီးဖို့၊ အနာဂတ်မှာ တစ်ယောက်တည်း ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်အောင် အခုကတည်းက မိဘတွေအနေနဲ့ သေချာပျိုးထောင်ပေးဖို့ အရေးကြီးပါတယ်။ စားချိန်တန် စား၊ စာလုပ်ချိန်တန် စာလုပ်၊ ကစားချိန်တန် ကစား၊ နားချိန်တန် နား၊ ဒီလို မျှတတဲ့ နေထိုင်မှုပုံစံကို ငယ်စဉ်ကတည်းက လုပ်ပေးမှ ကလေးတွေအတွက် ကျန်းမာကြံ့ခိုင်ပြီး တီထွင်ဖန်တီးတဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်