ဘေဘီလေးအတွက်အရေးပါတဲ့ ဇင့်

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

၉ လ လွယ်ပြီး ၁၀ လဖွားထားရတဲ့ ဘေဘီလေးကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာစေချင်တာက မေမေတိုင်းရဲ့ စိတ်ကူးပါ။ ဒီစိတ်ကူးလေးပြည့်ဝဖို့က ဘေဘီလေးကို လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝအောင် ဖြည့်ပေးဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာစေဖို့အတွက် အဓိကကျတဲ့ အခန်းကဏ္ဍနေပါဝင်နေတဲ့ သတ္တုဓာတ်လေးတစ်ခုအကြောင်းပြောပြပေးပါရစေ။

ဘေဘီလေးအတွက် အရေးပါတဲ့ သတ္တုဓာတ် ဇင့်

ဇင့်ဓာတ်က မွေးကင်းစအရွယ်ကနေစပြီး ဘေဘီလေးတော်တော်အရွယ်ရောက်တဲ့အထိ အရေးပါတဲ့ ဓာတ်တစ်ခုပါ။ ဒီသတ္တုဓာတ်က ဘေဘီလေးကို ကျန်းမာတဲ့ အရပ်နဲ့ကိုယ်အလေးချိန်ရရှိစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ တကယ်လို့ ဘေဘီလေးက ငယ်စဉ်မှာ ဇင့်ဓာတ်ကို လုံလောက်စွာမရရှိခဲ့ဘူးဆိုရင် ကြီးထွားဖွံ့ဖြိုးမှုနှေးတာအပြင် အခြားသောကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။

ဇင့်ဓာတ်က ဘေဘီလေးရဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံးထောက်ပံ့ပေးသလို မျိုးပွားအင်္ဂါ၊ ဦးနှောက်နဲ့ ကိုယ်ခံအားတို့အကောင်းဆုံးဖွံ့ဖြိုးစေဖို့လည်း ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့အတွက်လည်း အပြည့်အဝထောက်ပံ့ပေးပါသေးတယ်။ ဘေဘီလေးက အာရုံစိုက်မှုကောင်းပြီး ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေဖို့အတွက်လည်း ဇင့် ကအကောင်းဆုံးထောက်ပံ့ပေးထားပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကျောင်းနေအရွယ်လေးငယ်တွေမှာ အများဆုံးကြုံတွေ့နေရတဲ့ ပြဿနာတစ်ရပ်

ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများက ကျောင်းနေအရွယ်ကလေးငယ် ၇၀ ရာခိုင်နှုန်းလောက်မှာ ဇင့်ဓာတ်ချို့တဲ့နေတာကိုတွေ့ရပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းကတော့ အစားအသောက်တွေထဲမျာ ဇင့်ဓာတ်ပါဝင်မှုနည်းနေတာကြောင့် ဖြစ်နိုင်သလို ဇင့်ဓာတ်ကို လုံလောက်ပြည့်မီအောင် မစားသုံးမိတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘေဘီလေးတွေအနေနဲ့ကတာ့ မေမေ့နို့ကနေ ဇင့်ဓာတ်ကို ရရှိနိုင်တယ်ဆိုပေမယ့် လုံလောက်ပြည့်မီမှုတော့ မရှိသေးပါဘူး။ ဒါကြောင့် ဘေဘီလေးကို နို့တိုက်နေရချိန်မှာ မေမေက ဇင့်ဓာတ်ပါဝင်မှုများတဲ့ အစားအသောက်တွေကို စားသုံးပေးတာ၊ ဇင့် အားဖြည့်ဆေးဘေဘီလေးကို တိုက်ပေးတာမျိုးလုပ်ပေးလို့ရပါတယ်။

ကလေးကအရွယ်ရောက်လာတဲ့အခါမှာတော့ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို မေမေကပြင်ဆင်ကျွေးမွေးပေးဖို့လိုပါမယ်။ ဒါဆို ဘာတွေကျွေးရမလဲလို့ တွေးနေပြီလား။ ဒီအစားအသောက်လေးတွေ ဇင့်ဓာတ်ကြွယ်ဝတာကြောင့် ကလေးရဲ့ နေ့စဉ်စားသုံးမှုတွေထဲမှာ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။

ဘေဘီလေးဘဝကနေ အရွယ်ရောက်တဲ့အထိ ကျန်းမာတဲ့ကိုယ်အလေးချိန် ပြည့်မီတဲ့ အရပ်အမောင်း အပြင်ကိုယ်ခံအားကောင်းပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာစေဖို့ ဘေဘီလေးကို ဇင့်သတ္တုဓာတ်ပြည့်ဝအောင် ဖြည့်ပေးပါ မေမေတို့ရေ…………..

Read also:

Share now :

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 6, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 28, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။