backup og meta

ကလိထိုးတာနဲ့ ပတ်သက်ပြီး ဖေဖေမေမေတို့ သိထားနိုင်တဲ့ Myths များစွာ


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလိထိုးတာနဲ့ ပတ်သက်ပြီး ဖေဖေမေမေတို့ သိထားနိုင်တဲ့ Myths များစွာ

    တော်တော်များများ လက်ခံထားကြတာက ကလိထိုးတာဟာ ကလေးကို တုံ့ပြန်မှု ကောင်းစေပြီး ဖွံ့ဖြိုးမှု မြန်ဆန်စေတယ် ဆိုတာပါ။ ဒီလိုထင်ရတာက ကလေးကို ကလိထိုးတဲ့အခါ ကလေးက ရယ်တယ်။ ငိုတယ်၊ အသံအမျိုးမျိုးနဲ့ အော်တယ် စတဲ့ တုံ့ပြန်မှုတွေ ကြောင့်ပါ။ ဒီလိုဆိုတာနဲ့ ကလေးရဲ့ နေ့စဉ် လှုပ်ရှားမှုတွေထဲမှာ ကလိထိုးတာကို ထည့်လိုက်လို့ မဖြစ်ပါဘူး။ ကလိထိုးတာက ကောင်းကျိုးထက် ဘေဘီလေးတွေအတွက် ဆိုးကျိုးပိုများနိုင်လို့ပါ။

    ဒါကြောင့် ဘေဘီလေးကို ကလိထိုးတာမျိုး မလုပ်ခင် ကိုယ် သိထားတာတွေ မှန်ရဲ့လားဆိုတာကို သိနိုင်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ရင်း ဆန်းစစ်ကြည့်စေချင်ပါတယ်။

    ဘေဘီလေးကို ကလိထိုးတာနဲ့ ပတ်သက်ပြီး သိထားနိုင်တဲ့ အလွဲများ

    တဆင့်စကားတဆင့်နားနဲ့ ဘေဘီလေးကို ကလိထိုးတာနဲ့ ပတ်သက်လို့ သိထားမိနိုင်တဲ့ အကြောင်းအရာလေးတွေကတော့

    Myth (1) – ကလိထိုးတာက ကလေးကို စကားပြောအောင် အထောက်အကူပြုနိုင်တယ်

    အချို့ကပြောကြတယ်။ ကလိထိုးတာက ကလေးကို စကားစပြောစေဖို့ အထောက်အကူပြုနိုင်တယ်လို့ပေါ့။ ကလိထိုးတာ လူတစ်ယောက်နဲ့တစ်ယောက်ကြားက ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုပါ။ ရလဒ်ကတော့ ကလေးက ထိန်းမရအောင် ရယ်တာပါပဲ။ ဒီလို ရယ်မောမှုကနေ ကလေးကို စကားစပြောစေဖို့ လှုံ့ဆော်ပေးနိုင်မယ်လို့ ယူဆလက်ခံထားကြတာပါ။

    ကလိထိုးတာက ကလေးကို ကသိကအောက် ဖြစ်စေပြီး ကလိထိုးတဲ့အခါ ရယ်တာက အလိုလျောက် တုံ့ပြန်မှု တစ်ခုသာ ဖြစ်ပါတယ်။ ဒီရယ်မောမှုက ပျော်ရွှင်မှုကို မပေးစွမ်းနိုင်သလို ကလေးကို စကားစပြောစေဖို့လည်း အထောက်အကူ မပြုနိုင်ပါဘူး။

    ကလေးကို စကားပြောစေချင်တယ်။ ဘာသာစကားစွမ်းရည် ကောင်းစေချင်တယ်ဆိုရင် စကားလုံးလေးတွေကို ဖတ်ပြတာ၊ ရုပ်ပုံလေးတွေကို ပြရင်း ဘာကောင်လေးပါဆိုပြီး အသံထွက် ဖတ်ပြတာ၊ အစား တစ်ခုခု စားတိုင်း ဘာရယ်လို့ ပြောပြီးခွံတာ၊ စာအုပ် ဖတ်ပြတာ၊ စကားပြောပေးတာတွေက ဘေဘီလေးကို စကားပြောစေဖို့ အကောင်းဆုံး အထောက်အကူပြုနိုင်မယ့် နည်းလမ်းပါ။

    Myth (2) – ကလိထိုးတာက ကလေးရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်

    ဒါက မှန်သလားဆိုတော့ အခုထိ ပြောပြရခက်နေဆဲပါ။ လုံလောက်တဲ့ သက်သေအထောက်အထား တစ်စုံတစ်ရာ တွေ့ရှိထားတာမျိုးလည်း မရှိသေးပါဘူး။ ကလေးတစ်ယောက် ပုံမှန် ကြီးထွားဖွံ့ဖြိုးမှု မရှိတာက ကလိထိုးတာကြောင့် မဟုတ်ဘဲ မွေးရာပါလည်း ဖြစ်နေနိုင်ပါတယ်။

    ကလိထိုးတာကြောင့် ကလေးကို အသက်ရှူရ ခက်စေတာ၊ အသက်ရှူ ရပ်စေတာ၊ တက်တာမျိုးတော့ ဖြစ်စေနိုင်ပါတယ်။

    Myth (3) – ကလိထိုးတာက ကလေးတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းပါ
    အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ကလိထိုးလို့ ရယ်တာက အလိုလျောက် တုံ့ပြန်မှု တစ်ခုသာဖြစ်ပြီး ကလေးကို ပျော်ရွှင်စေတဲ့ အပြုအမူ မဟုတ်ပါဘူး။ ကလေးကို ကလိ အလွန်အကျွံထိုးတာက ရင်ဘတ်အောင့်တာ၊ ဗိုက်အောင့်တာမျိုး ဖြစ်စေပြီး။ အသက်ရှူရခက်တာ၊ အသက်ရှူ ပြတ်တောင်းပြတ်တောင်းဖြစ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီလိုကနေ ကလေးက ကြို့ထိုးတာမျိုး ဖြစ်လာနိုင်ပါတယ်။
    ဒါကြောင့် ပြောချင်တာက ကလေးကို ကလိထိုးတာက လေ့ကျင့်ခန်း​ကောင်း မဟုတ်ပါဘူး။ အခန့်မသင့်ရင် ကလေးကိုတောင် ထိခိုက်စေနိုင်ပါသေးတယ်။
    Myth (4) – ကလိထိုးတာက မိဘနဲ့ကလေးကြားက ချစ်ခြင်းမေတ္တာကို တိုးစေတယ်

    မိဘတိုင်းက သားသားမီးမီးတို့ရဲ့ အချစ်ဆုံး ဖြစ်ချင်ကြသူတွေပါ။ ဒီလိုဆိုတာနဲ့ ကလေးကို ကလိထိုးပေးရင် ချစ်ခြင်းမေတ္တာ တိုးတယ်ဆိုတဲ့ စကားကို ယုံစားပြီး မလုပ်စေချင်ပါဘူး။ ကလိထိုးတာက ချစ်ခြင်းမေတ္တာ တိုးစေဖို့ အထောက်အကူ မပြုနိုင်ပါဘူး။ ဒါကြောင့် မိဘနဲ့ သားသားမီးမီးတို့ကြားက ချစ်ခြင်းမေတ္တာတိုးစေဖို့ဆိုရင် ကလေးကို ချစ်တယ်လို့ ပြောပေးတာ၊ ထွေးပွေ့ပေးတာ၊ ဆီလိမ်းပြီး နှိပ်နယ်ပေးတာ၊ စာဖတ်ပြတာ၊ အတူတူ ကစားတာ၊ အချိန်ပေးပြီး စကားပြောပေးတာမျိုး လုပ်ပေးပါ။ 

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement