backup og meta

ကျောင်းပိတ်ရက်မှာ သားသားမီးမီးနဲ့ မေမေတို့ ဘာတွေအတူတူလုပ်ကြမယ် စိတ်ကူးလဲ.....


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောင်းပိတ်ရက်မှာ သားသားမီးမီးနဲ့ မေမေတို့ ဘာတွေအတူတူလုပ်ကြမယ် စိတ်ကူးလဲ.....

    မကြာခင်မှာ အိမ်ရဲ့ဆည်းလည်းလေးတွေ ဖြစ်ကြတဲ့ သားသားမီးမီးတို့ရဲ့ ကျောင်းပိတ်ရက်ရောက်လာတော့မယ်နော်။ ဒီအချိန်က မေမေရော သားသားမီးမီးတွေပါ စိတ်အလှုပ်ရှားဆုံးအချိန်ဆိုလည်း ဟုတ်ပါတယ်။ ပိတ်ရက်မှာ အိမ်မှာနေမယ့် သားသားမီးမီးတို့ကို တစ်ချိန်လုံး အော်မနေရစေဖို့ မေမေတို့အနေနဲ့ အခုကတည်းက ဘာတွေလုပ်မလဲဆိုတာကို အစီအစဉ်ချထားနိုင်မှ တော်ကာကျမှာနော်။ ဒီတော့ ပိတ်ရက်ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်မရှိသေးဘူးဆိုရင် ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။

    ကျောင်းပိတ်ရက်မှာ သားသားမီးမီးတွေနဲ့အတူ လုပ်ဆောင်နိုင်မယ့်အရာတွေက ဘာတွေများလဲ………….

    ကျောင်းပိတ်ရက်မှာ မေမေတို့အနေနဲ့ သားသားမီးတို့ရဲ့ တိုးတက်မှုအတွက်ဖြစ်ဖြစ် ချစ်ခင်မှုတွေတိုးလာစေဖို့ဖြစ်ဖြစ် ဒီလုပ်ဆောင်မှုလေးတွေကို အတူတူလုပ်ဆောင်လို့ရပါတယ်။

    အတူတူ ဈေးဝယ်ထွက်မယ်

    ဈေးဝယ်ထွက်တဲ့အခါသားသားမီးမီးတွေကို အတူခေါ်သွားပေးပါ။ ဒီလိုခေါ်သွားတာက သူတို့လေးတွေကို အတွေ့အကြုံရစေပြီး အစားကောင်းကောင်းစားစေဖို့လည်း အထောက်အပံ့ဖြစ်စေမှာပါ။ ဒီလိုလုပ်တာက မေမေနဲ့ ကလေးတို့ကြားမှာ သံယောဇဉ်လည်း ပိုတိုးစေနိုင်ပါတယ်။

    သစ်ပင်လေးတွေ အတူတူစိုက်ကြမယ်

    ဒါက ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သလို ကလေးကို သဘာဝတရား နဲ့ထိတွေ့ခွင့်ပေးတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေမှာပါ။

    အတူတူ ဟင်းချက်မယ်

    ကလေးက ငယ်သေးတယ်ဆိုရင် ဟင်းဝိုင်းမြည်းခိုင်းတာမျိုး ဘာဟင်းစားမယ်ဆိုတာကို အစီအစဉ်ဆွဲခိုင်းတာမျိုးလောက် လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို အစားစားချင်စိတ်ဖြစ်စေနိုင်သလို မေမေနဲ့ သူတို့လေးတွေကြားမှာ ယုံကြည်နားလည်မှုတွေတိုးလာစေမှာပါ။

    လေ့ကျင့်ခန်း အတူတူလုပ်မယ်

    ကလေးတွေနဲ့ အတူတူကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက မေမေရော ကလေးကိုပါကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ ဒါက စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပြီး မေမေနဲ့ ကလေးကို ချစ်ခြင်းမေတ္တာတိုးစေနိုင်မှာပါ။

    ခရီး အတူတူသွားမယ်

    မရောက်ဖူးသေးတဲ့နေရာကို ခရီးအတူတူသွားပြီး အတွေ့အကြုံသစ်တွေကို အတူရယူပါ။ ဒါက ကလေးကို အတွေ့အကြုံသစ်တွေရစေနိုင်သလို စိတ်ပျော်ရွှင်မှုတွေကို အပြည့်အဝ ပေးစွမ်းနိုင်မှာပါ။ ခရီးရှည် မသွားဖြစ်ရင်တောင် နေ့ချင်းပြန်ခရီးတိုလေးဖြစ်ဖြစ် သွားပါ။

    ပုံပြင်တွေ ပြောပြမယ်

    ကလေးတွေကို ပုံပြောပြတာက စကားလုံးတွေကြွယ်ဝစေနိုင်သလို အတွေးအမြင်သစ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ကလေးကို အိပ်ရာဝင်ချိန်မှာ ပုံပြောပြတာက သူတို့လေးတွေကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။

    ပန်းချီ အတူတူဆွဲမယ်

    ပန်းချီဆွဲတာက ကလေးရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းကို တိုးစေနိုင်သလို အာရုံစူးစိုက်နိုင်စွမ်းကောင်းစေပြီး လက်ချောင်းလေးတွေကို သန်စွမ်းစေနိုင်ပါတယ်။ ဒါကြောင့် အပျင်းလည်းပြေ ခံစားချက်တွေလည်းမျှဝေလို့ရပြီး ကလေးကိုလည်း ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံးဖွံ့ဖြိုးစေချင်တယ်ဆိုရင် ပန်းချီဆွဲပါ။

    ဂီတတူရိယာတစ်ခုခု အတူတူတီးခတ်ပါ

    ကလေးကို ဉာဏ်ရည်ဖွံ့ဖြိုးစွာ ကြီးပြင်းလာစေဖို့ဆိုရင် ငယ်စဉ်အချိန်မှာကတည်းက ဂီတ တူရိယာတစ်ခုခု တီးခတ်တတ်အောင်သင်ပေးပါ။ ကလေးကို သင်ပေးရင်း မေမေလည်း အတူတူသင်တဲ့အခါ နှစ်ဦးကြား ရင်းနှီးမှုပိုရမှာဖြစ်သလို ကလေးကိုလည်း အကောင်းဆုံး ဉာဏ်ရည်ဖွံ့ဖြိုးစေနိုင်မှာပါ။

    ပဟေဠိ အတူတူဖြေပါ

    ဒါက အပန်းပြေစေနိုင်သလို စဉ်းစားတွေးခေါ်နိုင်စွမ်းကိုလည်း တိုးစေနိုင်ပါတယ်။ စကားလုံးလေးတွေ ဆက်တာဖြစ်ဖြစ်၊ ရုပ်ပုံလေးတွေ ဆက်တာဖြစ်ဖြစ် လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက အပျင်းလည်းပြေစေပြီး ရင်းနှီးမှုလည်း ပိုရစေမှာပါ။

    ဒါတွေအပြင် ကလေးနဲ့အတူ ပြေးလွှားဆော့တာ၊ သူပြောပြတာလေးတွေကိုနားထောင်ပေးတာ။ သူသိချင်နေတဲ့ အရာလေးတွေကိုပြောပြပေးတာတွေလုပ်ရင်း ကလေးတွေနဲ့ သူတို့ရဲ့ နွေရာသီကျောင်းပိတ်ရက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလိုက်ပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement