ဂေါက်ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်
နနွင်းက ယူရစ်အက်ဆစ်ပမာဏကို ကျစေနိုင်ပါတယ်။ ယူရစ်အက်ဆစ်များတာက ဂေါက်ရောဂါဖြစ်စေဖို့ တွန်းအားပေးပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့က နနွင်းစားသုံးပေးတာပါ။ နနွင်းစားသုံးတာက ယူရစ်အက်ဆစ်ကို ကျစေနိုင်သလို သွေးတွင်းက အကျိုးမပြုကိုလက်စထရောတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ဂေါက်ရောဂါမဖြစ်အောင် ကာကွယ်ဖို့ နနွင်းကို စားသုံးပေးလို့ရပါတယ်။
Oxidative Stress တွေကြောင့် အဆစ်ရောင်နာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်
Oxidative Stress တွေက အဆစ်ရောင်နာဖြစ်စေဖို့ အဓိကတွန်းအားပေးနေပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကို စားသုံးဖို့ပါ။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်မယ့်နည်းလမ်းက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ နနွင်းကို စားသုံးပေးတာပါ။ လေ့လာမှုတွေအရ နနွင်းစားသုံးတာက အဆစ်ရောင်နာရောဂါ ရှိသူတွေမှာ oxidative stress ကြောင့် အဆစ်ရောင်ရမ်းနာကျင်တာကို သက်သာစေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။
ဒါကြောင့် နနွင်းကို ဟင်းချက်တဲ့အခါမှာဖြစ်ဖြစ်။ နွားနို့နဲ့ရောစပ်ပြီးဖြစ်ဖြစ်။ ပျားရည်နဲ့ရောစပ်ပြီးဖြစ်ဖြစ် ပုံမှန်လေးစားသုံပေးလို့ အဆစ်ရောင်နာကြောင့် နာကျင်မှုတွေကို သက်သာအောင်လုပ်ဆောင်ပေးလို့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။