backup og meta

မွေးရာပါ ပြာနှမ်းတဲ့ နှလုံးရောဂါရှိတဲ့ ကလေးတစ်ယောက်ကို ဘယ်လို ဂရုစိုက်ရမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးရာပါ ပြာနှမ်းတဲ့ နှလုံးရောဂါရှိတဲ့ ကလေးတစ်ယောက်ကို ဘယ်လို ဂရုစိုက်ရမလဲ။

    နှလုံးရောဂါဆိုတာ လူကြီးတွေဆီမှာတောင် မဖြစ်ချင်တာ ကလေးတွေမှာ မွေးရာပါပါလာတာဆိုတော့ ပိုဆိုးပြီပေါ့။ နှလုံးက ကိုယ်ခန္ဓါရဲ့ အလုပ်အများဆုံးနဲ့ အရေးအကြီးဆုံး အရာတစ်ခုလေ။ ဒါကိုမှ အကြောင်းမလှခဲ့လို့ ကိုယ့်ကလေးမှာ မွေးရာပါ နှလုံးရောဂါပါလာပြီဆိုရင်တော့ အခြား ပုံမှန်ကလေးတွေထက် ပိုဂရုစိုက်ပေးဖို့ လိုလာပါပြီ။

    ဒီဆောင်းပါးထဲမှာတော့ မွေးရာပါ နှလုံးရောဂါတွေထဲကမှ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ Tetralogy of Fallot ခေါ် မွေးရာပါပြာနှမ်းနှလုံးရောဂါရှိတဲ့ ကလေးကို ဘယ်လို ဂရုစိုက်စောင့်ရှောက်ရမလဲဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    Tetralogy of Fallot ဆိုတာ ဘာလဲ။

    ပြုစုရမယ့်အကြောင်းမပြောခင် ရောဂါအကြောင်းလေး အရင်ပြောပြချင်ပါတယ်။

    Tetralogy of fallot ဆိုတာ tetra ဆိုတဲ့အတိုင်း နှလုံးချို့ယွင်းချက် ၄ ခုပေါင်းထားတဲ့ ပြဿနာတစ်ခုပါ။ ဒီလို ချို့ယွင်းချက်ကြောင့် နှလုံးပုံစံမမှန်တော့တဲ့အပြင် သွေးထဲ ေအာက်ဆီဂျင်ပါဝင်လည်းနည်းသွားပြီး အောက်ဆီဂျင်နည်းတဲ့သွေးတွေ တစ်ကိုယ်လုံးမှာ လှည့်ပတ်စီးနေစေလို့ ပြာနှမ်းစေတဲ့ နှလုံးပြဿနာတစ်ခုပါ။ ရောဂါခံစားနေရတဲ့ကလေးတွေက အခြား ရွယ်တူကလေးတွေထက်ညှက်နေတတ်ပြီး၊ တစ်ချိန်လုံး ဂျီကျနေတာ ငိုတဲ့အချိန် နှုတ်ခမ်းတွေ၊ လက်သည်း တွေနဲ့ အသားအရေတွေ ပြာလာတာမျိုးတွေ ကြုံတွေ့ရလေ့ရှိပါတယ်။

    Tetralogy လေးမျိုးစပ်ဆိုတော့ ဒီ မွေးရာပါပြာနှမ်းတဲ့ နှလုံးရောဂါမှာ ပါဝင်နေတဲ့ ပြဿနာ ၄ မျိုးက

    • Pulmonary valve stenosis – နှလုံးကနေထွက်တဲ့ အဆုတ်သွေးလွှတ်ကြောမှာရှိတဲ့ အဆို့ရှင် ကျဉ်းနေလို့ အဆုတ်ဆီသွေးတွေကောင်းကောင်းမရောက်တာ
    • Ventricular septal defect.- နှလုံးအောက်ဘက်ခန်းနှစ်ခုကို ခြားထားတဲ့ ကြွက်သားကြီး မရှိဘဲနှလုံးတာကြောင့် မသန့်စင်ရသေးတဲ့ အောက်ဆီဂျင်နည်းတဲ့သွေးတွေကိုပဲ နှလုံးက ညှစ်ထုတ်နေလို့ တစ်ကိုယ်လုံးပြာနှမ်းနေတာ
    • Overriding aorta – ပုံမှန်ရှိသင့်တဲ့ပင်မနှလုံးသွေးကြောကြီးက ဘယ်ဘယ်မှာ ရှိနေသင့်တာပါ။ tetralogy of Fallot မှာတော့ဘယ်ဘက်မှာရှိသင့်တဲ့ ပင်မ နှလုံေးသွးကြောကြီးက ညာဘက်ရောက်နေတာကြောင့် သန့်စင်ပြီးသားသွေးတွေနဲ့ မသန့်စင်ရသေးတဲ့သွေးတွေကိ ုရောသွားစေပြီး အောက်ဆီဂျင်နည်းတဲ့သွေးတွေကို တစ်ကိုယ်လုံ းစီးစေပါတယ်။
    • Right ventricular hypertrophy – အပေါ်က ၃ ခုကြောင့် နှလုံးက သာမာန်ထက်ပိုအလုပ်လုပ်ရပြီး ကြာလာတဲ့အခါ ညာဘက်သွေးလှောင်ခန်းက ကြွက်သားတွေထူလာပြီး နှလုံးကြီးလာတတ်ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်း နှလုံးကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာ၊ အားနည်းတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

    အဓိကကုသမှု အနေနဲ့ကတော့ နှလုံးခွဲစိတ်ကုသတာဖြစ်ပြီး ခွဲစိတ်ဖို့ အသင့်မဖြစ်သေးတဲ့ကလေးတွေကိုတော့ သောက်ဆေးပေးတာ၊ ယာယီ ခွဲစိတ်မှုလေးတွေ အရင်လုပ်ပေးပါတယ်။ နောက်ပိုင်း ကလေးလည်း ခွဲစိတ်လို့ရတဲ့ အသက်ရောက်လာပြီ၊ ကျန်းမောရးအခြောအနေကလည်း စိတ်ချရပြီဆိုတော့မှ Intracardiac surgery ဆိုတဲ့ နှလုံးခွဲစိတ်ကုသမှုကို လုပ်ပေးပါတယ်။ ခွဲစိတ်ကုသတာက ပြဿနာဖြေရှင်းဖို့ အဓိက ကျတယ်ဆိုပေမယ့် မခွဲစိတ် နဲ့ ခွဲစိတ်ပြီးနောက်ပိုင်းတွေမှာ ကလေးကို ပြုစုတာကလည်းအရေးပါတဲ့ အရာတစ်ခုဖြစ်လို့နေပါတယ်။

    ဒီတော့ မွေးရာပါ ပြာနှမ်းနှလုံးရောဂါရှိနေတဲ့ ကိုယ့်ကလေးကို ဘယ်လို ပြုစုစောင့်ရှောက်ပေးရမလဲ ။

    • အစားအစာနှင့် အာဟာရကလေးက နှလုံးရောဂါအခံနဲ့မောမောနေတတ်လို့ အစာကျွေးတဲ့အခါ တစ်ခါတည်း အပြည့်အဝကျွေးမယ့်အစား နည်းနည်းချင်းစီ ခွဲကျွေးတာပိုကောင်းပါတယ်။ ကလေးက အခြားကလေးတွေလည်း အားနည်းနေတတ်တာကြောင့်လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဖြည့်စွက်အားဆေးတွေတိုက်ပေးဖို့လိုပါလိမ့်မယ်။
    • ပြေးရင်းလွှားရင်း မောပြီး ပြာနှမ်းလာတဲ့အခါ တအားငိုတဲ့အချိန် ဖြစ်တတ်တဲ့ Tet spells လို့ခေါ်တဲ့ ပြာနှမ်းခြင်းဖြစ်လာတဲ့အခါ ကလေးကို ကောက်ချီလိုက်ပြီး အငိုတတ်အောင်ချော့ပါ။ ကလေးငိုစေမယ့် အရာတွေအားလုံးရှောင်ပါ။
    • ဆော့နေချိန် ငိုနေချိန် ကလေးပြာပြီး အသက်ရှူကြပ်နေတာကို သတိထားမိရင် အဆုတ်ဆီ သွေးများများသွားစေဖို့ ကလေးဒူးနဲ့ရင်ဘတ်ကို ထိအောင် ကွေးခိုင်းလိုက်ပါ။ ဒါဟာ Tet spells လို့ခေါ်တဲ့ ပြာနှမ်းခြင်းကို ဆေးရုံဆေးခန်း မရောင်ခင်ဖြေရှင်းပေးနိုင်တဲ့ နည်းပါ။
    • tetralogy of Fallot ပြဿနာရှိတဲ့ ကလေးက သွားသွားလာလာပြေးဆော့ရင် ရောဂါပိုးဆိုလာတတ်တာကြောင့် တစ်ချို့ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မလုပ်အောင် တားထားဖို့လိုပါတယ်။ ဘယ်လို လှုပ်ရှားမှုတွေကို ကိုယ့်ကလေးမလုပ်ရဘူးလဲဆိုတာတော့ ဆရာဝန်နဲ့တိုင်ပင်ပါ။ နောက်ပြီး ကလေးပတ်ဝန်းကျင်က သူငယ်ချင်းတွေ ကျောင်းက ဆရာမတွေကို အသိပေးထားပါ။
    • tetralogy of Fallot နောက်ဆက်တွဲမှာ နှလုံးပိုးဝင် ရောင်ရမ်းခြင်းပြဿနာရှိသေးတာကြောင့် ဒီနှလုံးပိုးဝင်ရောင်ရမ်းတာကို ကာကွယ်ဖို့အတွက် ကလေးသွားနဲ့ ခံတွင်းကို သေချာ သန့်ရှင်းရေးလုပ်ပေးပါ။
    • ကလေးပတ်ဝန်းကျင်မှာ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်ငွေ့ကို ရှူတာက တစ်ဆင့်ခံဆေးလိပ်သောက်တာပဲဖြစ်လို့ အဆုတ်ကိုထိခိုက်စေပါတယ်။
    • ကလေးနှလုံးအားနည်းနေတာကြောင့် အခြားနောက်ဆက်တွဲ ရောဂါပိုးတွေ မဝင်အောင်ကလေးကို ထိုးသင့်တဲ့ကာကွယ်ဆေးတွေ အားလုံး ထိုးတားပေးပါ။
    • ကလေးသောက်ရမယ့်ဆေးတွေအားလုံပုံမှန်သောက်ဖြစ်အောင် စီစဉ်ပေးပါ။
    • နောက်ပြီး ကလေးအခြေအနေကို သေချာ စောင့်ကြည့်လေ့လာနိုင်အောင်ရက်ချိန်းပြန်ပြရမယ့်ရက်တွေကို မမေ့ဖို့ကလည်း အရေးကြီးပါသေးတယ်။

    ဘယ်လိုအချိန်မျိုးဆို ဆရာဝန်ဆီ မြန်မြန်သွားဖို့လိုမလဲ ။

    • ကလေးက ကိုယ်ပူပြီးအဖျားတက်နေမယ်
    • တစ်ချိန်လုံး ဂျီကျပြီး အငိုမတိတ်ဖြစ်နေမယ်
    • ကလေးအသက်ရှူကြပ်တာ၊ ပြာနှမ်းတာတွေ ပိုဆိုးလာမယ်
    • ကလေးက အရမ်းကို အားနည်းနေမယ်
    • ကလေးကို ပြုစုတဲ့အခါ ကလေးပြဿနာကို သေချာသိချင်တဲ့ အခါမျိုးတွေမှာ ဆရာဝန်ဆီပြန်သွားဖို့လိုအပ်ပါတယ် ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement