အေးနေတဲ့ရာသီမှာ အလွယ်တကူ ချွဲကျပ်တာမျိုးဖြစ်နိုင်တာကြောင့် ကလေးကို အခုလိုမျိုးမိုးရာသီမှာ အချိုရည်တွေတိုက်တာ၊ သကြားလုံးကျွေးတာနဲ့ အချိုလွန်ကဲတဲ့ အစားအစာတွေကို မကျွေးသင့်ပါဘူး။
တစ်ခါတလေအေးနေတဲ့အချိန်မှာမှ သားသားမီးမီးတွေက ရေခဲချောင်းစားချင်တယ်၊ ရေခဲမုန့်စားချင်တယ်ဆိုပြီး ပူဆာတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးစိတ်ချမ်းသာအောင် ကျွေးလိုက်မယ် မလုပ်ပါနဲ့။ နေထိုင်မကောင်းတာ၊ ချောင်းဆိုးတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာတွေထဲမှာ ရေခဲချောင်းနဲ့ ရေခဲမုန့်ကို ထည့်ထားလိုက်ပါ။
လက်သုပ်စုံတွေ၊ လက်လုပ်ချဉ်တွေက ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။ ဒီအစားအစာတွေမှာ ရောဂါပိုး ပါဝင်နိုင်ခြေက တော်တော်လေးများပါတယ်။ ဒါကြောင့် ကလေးကို မိုးရာသီမှာလက်သုပ်စုံတွေ၊ လက်လုပ်ချဉ်တွေ မကျွေးပါနဲ့။
ကလေးကို မိုးရာသီမှာ သစ်သီးတွေကျွေးတဲ့အခါ သေချာရေဆေးပြီး ကိုယ်တိုင် အိမ်မှာပြင်ဆင်ကျွေးမွေးသင့်ပါတယ်။ အလွယ်တကူဝယ်လို့ရတဲ့ လှီးထားပြီးသား၊ ပြင်ဆင်ထားပြီးသား အသီးအနှံတွေကို မကျွေးပါနဲ့။ မမြင်ရတဲ့ရောဂါပိုးတွေ ကပ်ညှိနေနိုင်တာကြောင့်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။