backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Febrile seizures in children (ကလေးများတွင်အဖျားကြောင့်တက်သောရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Febrile seizures in children (ကလေးများတွင်အဖျားကြောင့်တက်သောရောဂါ) ကဘာလဲ။

လျင်မြန်စွာ ကိုယ်ပူချိန်မြင့်တက်လာသော ကလေးများတွင်အဖျားကြောင့်တက်တတ်သည်။ သင့်ကလေးများ

တွင် အဖျားရှိကြောင်းသင်မသိနိုင်သည်လည်းဖြစ်နိုင်သည်။ ထိုသို့

တက်ခြင်းသည် ကိုယ်ပူချိန်တက်လာသည့် အချိန်ခဏအတွင်းတွင်ပင်ဖြစ်ပွားတတ်သည်။ ကိုယ်ပူချိန်သည်အလွန်မြင့်သွားသောအခါ တက်နိုင်ချေသည် ကုန်ဆုံးသွားနိုင်သည်။ ကလေးအများစုသည် 39*C အထက်တွင် ထိုရောဂါဖြစ်ပွားတတ်သည်။ အကယ်၍ အောက်ပါကဲ့သို့ဖြစ်ပါက တက်ခြင်းသည် အဖျားနှင့် ပတ်သတ်နိုင်သည်။

  • 24နာရီအတွင်းမှာ တစ်ခါတက်နေခြင်း
  • တခါတက်လျှင်15 မိနစ်ထက်မကြာခြင်း
  • တစ်ကိုယ်လုံးတုန်၍တက်ခြင်း ကိုယ်တစ်ခြမ်းသာမတက်ခြင်း
  • တက်သောကလေးသည် 6 လမှ 5နှစ်အတွင်းသာရှိခြင်း
  • ထိုကလေးတွင် အာရုံကြောရောဂါများမရှိခြင်း
  • ထိုကလေးတွင် အရင်ကတည်းက အဖျားကြောင့်တက်ဖူးခြင်း

အဖျားကြောင့်တက်ခြင်းသည် ထိတ်လန့်ဖွယ်ကောင်းသော်လည်း ကလေးကို အများအားဖြင့် ဘေးရန်မပေးနိုင်သည့်အပြင် ဦးနှောက် ထိခိုက်ခြင်း၊ဉာဏ်ရည်ထိခိုက်ခြင်း၊(သို့)ဉာဏ်ရည်နိမ့်ပါးခြင်း စသော နာတာရှည်ပြဿနာများကိုလည်း မဖြစ်စေနိုင်ပါ။

Febrile seizures in children (ကလေးများတွင်အဖျားကြောင့်တက်သောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ 2ရာခိုင်နှုန်းမှ 5ရာခိုင်နှုန်းသော ကလေးများတွင် ဖြစ်ပွားနိုင်ပါသည်။ ကလေးများတွင်နောက်ထပ်တက်နိုင်ပါသည်။

ထပ်၍တက်သွားနိုင်ချေမှာ အသက်ပေါ်မူတည်သော်လည်း 30မှ 50ရာခိုင်နှုန်းသော ကလေးများတွင် ပထမတခေါက်တက်ထားပြီးသော နှစ်ဝက်အတွင်း တွင် ပြန်တက်နိုင်ပါသည်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Febrile seizures in children (ကလေးများတွင်အဖျားကြောင့်တက်သောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

မိနစ်အနည်းငယ်အတွင်းတွင် အဖျားကြောင့်တက်ခြင်းသည် ပြီးသွားတတ်သော်လည်း ရှားပါးသောအခြေအနေများတွင် 15မိနစ်ထိကြာမြင့်နိုင်သည်။ ထိုကဲ့သို့တက်နေစဉ်တွင်ထိုကလေး၏တစ်ကိုယ်လုံးသည် တုန်ခြင်း၊တက်ခြင်းနှင့် တဆက်ဆက်လှုပ်ရမ်းခြင်း၊မျက်ဖြူလန်ခြင်းနှင့် ငြည်းညူကာ သတိလစ်ခြင်းတို့ဖြစ်နိုင်ပါသည်။ တက်နေစဉ် တခါတရံတွင် ကလေးများသည် အန်ခြင်း(သို့)ရှူးပေါက်ခြင်းတို့လည်း ပြုလုပ်တတ်သည်။ ရှူပ်ထွေးသော အဖျားကြောင့်တက်သောအခြေအနေများတွင် 15မိနစ်ထက်ကြာမြင့်နိုင်ပြီး 24နာရီတွင် တစ်ကြိမ်ထက်ပိုမိုဖြစ်ပွားနိုင်ပါသည်။ ကိုယ်အစိတ်အပိုင်းတခုခု

သည် တဆက်ဆက်တုန်ခြင်း(သို့)လှုပ်ရှားမှုပုံစံတခုခုလည်း ဖြစ်နေနိုင်သည်။ အဖျားသည် ဆက်၍ရှိနိုင်သော်လည်း အဖျားကြောင့်တက်ခြင်းသည် အလိုလိုပျောက်သွားတတ်သည်။ အချို့ကလေးများသည် တက်ပြီးသောအခါ အိပ်ချင်မူးတူးဖြစ်နေတတ်သောလည်း အချို့ကလေးများတွင်မည်သည့် အာနိသင်မျှ မကျန်တတ်ပေ။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအခြေအနေများတွင် အရေးပေါ်ကုသမှုကို ခံယူပါ။

  • ကလေးသည် 15မှ 20 စက္ကန့်ထက်ကြာ၍ အသက်ရှူရပ်သွားခြင်း(သို့)အသက်ရှူရာတွင်အလွန်ခက်ခဲနေခြင်း
  • တခါတက်လျှင်3မိနစ်ထက်ကြာခြင်း(သို့)ဒုတိယတခါထပ်တက်ခြင်း
  • တက်သောအခါ အဖျားတက်ခြင်း၊အန်ခြင်း၊ဆိုးဆိုးဝါးဝါးခေါင်းကိုက်ခြင်း၊အိပ်မရခြင်း၊တက်တက်ကြွကြွမရှိခြင်း၊ဇက်ခိုင်ခြင်း(သို့)ကလေး၏ခေါင်းတွင် ပျော့ပျောင်းဖုဖောင်းသောအကွက်တခုပေါ်လာခြင်း

အောက်ပါအခြေအနေများတွင် ဆရာဝန်နှင့်ပြသပါ။

  • ကလေးတွင် ပထမဦးဆုံး တက်ဖူးခြင်း(သို့) နောက်ထပ်တခါတက်ပါက ဘာလုပ်ရမည်ကို ဆရာဝန်နှင့် ဆွေးနွေးမေးမြန်းမှုမလုပ်ရသေးခြင်း။
  • 6လထက်ငယ်သောကလေး(သို့) 5နှစ်နှင့်5နှစ်အထက်ကလေးများတွင် တက်ခြင်း
  • ကိုယ်တစ်ခြမ်းတွင် သာတက်ခြင်း
  • အဖျားမတက်ပဲ တက်ခြင်း

အကြောင်းရင်းများ

Febrile seizures in children (ကလေးများတွင်အဖျားကြောင့်တက်သောရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

အဖျားကြောင့်တက်ခြင်းသည် မည်သည့်အကြောင်းကြောင့် ဖြစ်ပွားသည်ကို မည်သူမျှမသိကြသော်လည်း သက်သေအထောက်အထားများအရ အချို့သောဗိုင်းရပ်စ်ပိုးများနှင့် အချို့သောကလေးများ၏ဦးနှောက်များမှ ကိုယ်ပူရှိန်တက်လာသောအခါ တုံ့ပြန်မှုများတွင် ပတ်သတ်မှုရှိနေ

ကြောင်းတွေ့ရှိရသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Febrile seizures in children (ကလေးများတွင်အဖျားကြောင့်တက်သောရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အဖျားကြောင့်တက်သည့်မျိုးရိုးရှိသောကလေးများတွင် ပိုတက်နိုင်ချေများပြီး တက်ဖူးသောကလေးသုံးယောက်တွင် တစ်ယောက်သည် နောက်ထပ်တစ်ခါ ထပ်တက်နိုင်သည်။ ပို၍ငယ်သောကလေးများတွင် (15လအောက်များတွင်) ပထမဆုံးအဖျား

ကြောင့်တက်ဖူးသောအခါလည်း ထပ်ကာ အဖျားကြောင့်တက်နိုင်ချေများသည်။ အဖျားကြောင့်တက်သောကလေးအများစုသည် အသက်ငါးနှစ်ရှိကြသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Febrile seizures in children (ကလေးများတွင်အဖျားကြောင့်တက်သောရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည်သင့်ကလေးကို ကိုင်တွယ်စစ်ဆေးကာ သင့်အား တက်သွားသည့်အကြောင်းပြောပြခိုင်းတတ်သည်။ အများအားဖြင့် မည်သည့်အပိုဆောင်းကုသမှုမှ မလိုအပ်ပါ။ အကယ်၍သင့်ကလေးသည်1နှစ်အောက်ဖြစ်ပြီး အော့အန်ခြင်း(သို့)ဝမ်းလျှောခြင်းစသည့်အခြားသောရောဂါ

လက္ခဏာများရှိပါက စမ်းသပ်မှုများကို ပြုလုပ်ရနိုင်ပါသည်။

Febrile seizures in children (ကလေးများတွင်အဖျားကြောင့်တက်သောရောဂါ) ကို ဘယ်လိုကုသပါသလဲ

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကလေးများတွင်အဖျားကြောင့်တက်သောရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

သင့်ကလေးတက်နေစဉ်တွင် ထိခိုက်ဒဏ်ရာမရစေရန် ကာကွယ်ပေးပါ။

  • ကလေးကို ကြမ်းပြင်တွင် သက်သက်သာသာရှိပါစေ(သို့)ငယ်သောကလေးဖြစ်ပါက သင့်ပေါင်ပေါ်တွင် မျက်နှာကို မှောက်လျက်အပ်ထားပါ။ ကလေးကိုတင်းကျပ်စွာမချူပ်ကိုင်ထားပါနှင့်။
  • ကလေးကို ဘေးစောင်းခြင်းဖြင့် ပါးစပ်မှ အန်ဖက်(သို့) သွားရည်များကို ရှင်းလင်းအောင်လုပ်ပါ။ ထိုသို့ပြုလုပ်

ခြင်းဖြင့် အသက်ရှူလမ်းကြောင်းအားပိတ်နေသော လျှာကိုဖယ်ထုတ်ကာ ကလေးကိုအသက်ရှူနိုင်စေသည်။

ခေါင်းနှင့်မေးစေ့ကို မော့ထားကာ အသက်ရှူလမ်းကြောင်းကို ပွင့်လာအောင်လုပ်ပါ။

  • အဝတ်အစားများကို ချောင်ချောင်ချိချိဖြစ်နေပါစေ။
  • ကလေး၏ပါးစပ်ထဲသို့မည်သည့်ပစ္စည်းမှ မထည့်ပါနှင့်။ လျှာအားမကိုက်မိစေရန်နှင့် အနာတရဖြစ်ပွားစေနိုင်သောကြောင့်ဖြစ်သည်။
  • တည်ငြိမ်စွာနေနိုင်ရန်ကြိုးစားခြင်းဖြင့် ကလေးလည်းလိုက်ငြိမ်လာပါလိမ့်မည်။ ကလေးအား ညင်ညင်သာသာပြောဆို၍ စိတ်ငြိမ်းချမ်းအောင်ပြုလုပ်ပါ။
  • တက်သောအချိန်ကာလကို မှတ်သားထားပြီး တက်သောအချိန်ရှိကလေး၏အမူအရာကို

အနီးကပ်စောင့်ကြည့်လေ့လာပါ။ ကလေးဆရာဝန်ကို ပြန်ပြောပြနိုင်ရန်ဖြစ်သည်။

တက်ပြီးပါက သင့်ကလေးတွင် ဒဏ်ရာအနာတရရှိမရှိစစ်ဆေးပါ။

  • အကယ်၍ကလေးတွင်အသက်ရှူရန်ခက်ခဲနေပါက ခေါင်းကိုဘေးစောင်း၍ သင့်လက်ညိုးကိုသုံးကာကလေးပါးစပ်ထဲရှိ မည်သည့် အန်ဖက်(သို့)သွားရည်ကို မဆိုညင်သာစွာ ရှင်းလင်းဖယ်ထုတ်ပါ။ အသက်ရှူမှုကို အကူညီပေးနိုင်ရန်

ဖြစ်သည်။

  • အကယ်၍ကလေးသည် ဆရာဝန်အား ချက်ချင်းတွေ့ရန် မလိုပါက အေးမြသောအခန်းတွင် ကလေးအားထားကာ သိပ်ပါ။ တက်ပြီးလျှင်အိပ်ချင်သည်မှာ အဖြစ်များသည်။ ကလေးအားမကြာခဏသွားရောက်ကြည့်ရှူစစ်ဆေးပါ။ တက်ပြီးမိနစ်60အတွင်းတွင် ပုံမှန်အမူအရာနှင့် လှုပ်ရှားမှုအတိုင်းအတာတို့ကိုရောက်ရှိနိုင်ရပါမည်။
  • သင့်ကလေးတွင် အဖျားကြောင့်တက်ဖူးကာ သင့်ကလေးဆရာဝန်မှ မည်သို့ကလေးအား တက်ပြီးသောအခါပြုစုရမည်ကိုပြောပြပေးပြီးပါက ဆရာဝန်၏ညွှန်ကြားချက်များကို သေချာစွာလိုက်နာပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement