တစ်ပါတ်ကို လေ့ကျင့်ခန်း ဘယ်လောက်လုပ်သင့်သလဲ။
လေ့လာချက်တွေအရ တစ်ပါတ်ကို အနည်းဆုံး လေ့ကျင့်ခန်း ၃ နာရီလုပ်သင့်ပါတယ်။ ဒီတော့ တစ်နေ့ နာရီဝက်လောက်ပေါ့။ ( ဒါမှမဟုတ်) တစ်နေ့ ၁ နာရီနဲ့ တစ်ပါတ်ကို လေ့ကျင့်ခန်း ၆ နာရီလုပ်ပေးလို့လည်းရပါတယ်။ ၃ နာရီထက်ကျော်ပြီးတော့တော့ လေ့ကျင့်ခန် မလုပ်သင့်ပါဘူး။
လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေ စားပေးရမှာလဲ။ ဘယ်နှစ်နာရီ ကြိုစားရမှာလဲ ။
လေ့ကျင့်ခန်းမလုပ်ခင် ၁နာရီ ( ဒါမှမဟုတ် ) နာရီဝက်လောက်အလိုက အစားစားသင့်ဆုံး အချိန်ပါ။ ဒါမှ အစာအိမ်ခြေဖို့ အချိန်ရပြီး စားလိုက်တဲ့ အစားအစာတွေကနေ အားအင်တွေ ရမှာ ဖြစ်ပါတယ်။ စားသင့်တာတွေကတော့ ကြက်ဥအကာ၊ ငှက်ပျောသီး၊ ပန်းသီးတို့ကတော့ စားပေးသင့်ဆုံး အရာတွေပါ။
သူများတွေ ပြောသလိုမျိုး gym သွားကစားရင် မိန်းကလေးတွေ ကြွက်သားတက်လာတယ်ဆိုတာ ဟုတ်လား ။ ။
မဟုတ်ပါဘူ။ gym သွားတဲ့ မိန်းကလေးတွေ ဗလတွေတက်လာတယ်၊ ကြွက်သားတွေထွက်လာပြီး ပိုဝလာတယ်ဆိုတာ မဟုတ်ပါဘူး။ gym မှာ ဝိတ်တုံးလေးတွေ မခိုင်းတာတော့ဟုတ်ပါတယ် ။ ဒါပေမယ့် ဒီ အလေးချိန်လောက်နဲ့ ကြွက်သားတွေ တက်လာမှာ မဟုတ်ပါဘူး။ တကယ်တော့ မိန်းကလေးတွေရဲ့ ကိုယ်ခန္ဓါက ယောက်ကျားလေးတွေထက် အဆီများတတ်ပြီး အဆီတစ်ထပ်ခံနေတာကြောင့် ကျစ်လာတဲ့ အသားတွေ ချက်ချင်းပေါ်မလာသေးတာဖြစ်ပါတယ်။ ဒါကို ဝလာပါပြီဆိုပြီး ဆက်မလုပ်ဘဲ gym ကို ရပ်လိုက်မယ်ဆိုရင်တော့ ကျစ်နေတဲ့အသားရော၊ နဂိုရှိပြီးသား အဆီရော ထပ်တိုးလာမယ့် အဆီရော ပေါင်းပြီး ပိုဝလာပါလိမ့်မယ်။ ဒီတော့ စလုပ်ပြီဆိုတည်းက ဆက်တိုက်လုပ်ပါ။ ၁လလောက်ဆော့ ၂ လလောက်နားတာမျိုး မလုပ်ပါနဲ့။
လေ့ကျင့်ခန်းလုပ်ရဲ့သားနဲ့ ဘာလို့ ဝိတ်မကျတာလဲ ။ ။
ကိုယ်အလေးချိန်အပေါ်သက်ရောက်နေတဲ့ အရာတွေ အများကြီးရှိပါတယ်။
- အဓိကကတော့ ကိုယ်လက်လှုပ်ရှားမှုနဲ့ အစားအသောက်ပေါ့။
- နောက်ပြီး တစ်နေ့လာလည်း ဒီလေ့ကျင့်ခန်းပုံစ့တွေပဲ လုပ်မယ်၊ နောက်ရက်တွေလည်း ဒီ ပုံစံတွေပဲ ဆိုရင်တော့ ကိုယ်ခန္ဓါက ကျင့်သားရသွားတဲ့အတွက် ထူးခြားပြောင်းလဲမှုတွေ မဖြစ်တတ်ပါဘူး။ ဒါ့ကြောင့် လေ့ကျင့်ခန်းအမျိုးအစားတွေ ထပ်နေခြင်းက သင့်ကို ဝိတ်မကျစေတဲ့အချက်ဖြစ်နေနိုင်ပါတယ်။
- ဆေးတွေ အထူးသဖြင့် သန္ဓေတားဆေးသောက်ဆေးတွေက ဟော်မုန်းအပြောင်းအလဲနဲ့ လူကိုဝစေတာကြောင့် သူတို့ကြောင့်လည်း လေ့ကျင့်ခန်းဘယ်လောက်လုပ်လုပ် မပိန်တာဖြစ်နိုင်ပါတယ်။
- နောက်ဆုံး တစ်ခုကတော့ ကိုယ်အလေးချိန်တက်တယ်ဆိုတိုင်း အဆီကို အပြစ်တင်လို့မရပါဘူး။ ကိုယ်အလေးချိန်ဆိုတာ ကြွက်သား အရိုးနဲ့ အဆီပြင်တွေ ၃ မျိုးပေါင်းနေတဲ့အရာပါ။ ဒီတော့ လေ့ကျင့်ခန်း မှန်မှန်လုပ်တယ် အစားလည်းဆင်ခြင်ရဲ့သားနဲ့ ပေါင်ချိန်စက်ပေါ် ဝိတ်များနေရခြင်းဟာ ကြွက်သားတွေတက်လာကြောင့် အဖြစ်နိုင်ဆုံးပါ။
လေ့ကျင့်ခန်းလုပ်တာ မနက်ပိုင်းက ပိုကောင်းလား။ ညနေပိုင်းကပိုကောင်းလား။
ဘယ်အချိန်မှာ လုပ်တာက ပိုကောင်းတယ်ဆိုတာမျိုး မရှိပါဘူး။ သူ့ဘာသာသူ ကောင်းကျိုးလေးတွေရှိပါတယ်။ မနက်ပိုင်းလုပ်တော့ သူ့အတွက်လိုအပ်တဲ့ energy ကို အဆီပြင်ကပဲ ဖြိုခွဲရတာဖြစ်တဲ့အတွက် ကိုယ်အလေးချိန် မြန်မြန်ကျစေပါတယ်။ ညနေပိုင်းကျတော့ တစ်နေ့လုံးစားထားတဲ့ အစားအသောက်တွေရဲ့ ကယ်လိုရီကို ပြန်လောင်ကျွမ်းစေလိုက်တာကြောင့် ကိုယ်အလေးချိန်ထပ်မတက်လာစေဘဲ ထိန်းထားပေးပါတယ်။ ညဘက်လေ့ကျင့်ခန်းလုပ်ရင်တော့ ကောင်းကောင်း အိပ်ပျော်စေမှာ အသေအချာပါ ။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။