အဆီပြန်တဲ့ဆံပင် သို့မဟုတ် အဆီပြန်တဲ့ ဦးရေပြားဟာ ကြည့်လို့လည်းအဆင်မပြေ နေရထိုင်ရလည်းအအဆင်မပြေဖြစ်စေပြီး အနံ့ကလည်း အဆင်မပြေလှပါဘူး။ ဒီလိုဖြစ်ခြင်းက သင့်နဖူးပြင်မှာ ဝက်ခြံတွေ ပိုဖြစ်စေနိုင်ပြီး သင့်ကိုယ်သင် ယုံကြည်မှုလည်းလျော့နည်းစေပါတယ်။
သင့်ရဲ့အဆီပြန်ပြီး ညစ်ပေနေတဲ့ဦးရေပြားဘဝကို အဆုံးသတ်လိုက်ဖို့အချိန်တန်ပါပြီ။
အဆီပြန်နေတဲ့ခေါင်းကို ဘယ်လိုဖြေရှင်းရမလဲဆိုတာသိဖို့ ပထမဆုံးအချက်က ဘာလို့အဆီတွေပြန်တဲ့ဦးရေပြားရှိနေရသလဲဆိုတာကို နားလည်ရမှာပါ။
တစ်ခါတလေ ဒီပြဿနာဟာ အပျိုဖော်ဝင်စပြုခြင်း၊ အပျိုဖြစ်ခြင်း၊ သိုင်းရွိုက်ပြဿနာ၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ တစ်ခါတလေမှာ သွေးဆုံးခြင်း စတဲ့ ယာယီဟော်မုန်းပြဿနာတွေကြောင့်ဖြစ်တတ်ပါတယ်။ အခြေခံအားဖြင့် သင့်ခန္ဓာကိုယ်က ဟော်မုန်းတွေစီးဆင်းနေတာကို တုံ့ပြန်ဖို့ အဆီတွေ(သင့်ဦးရေပြားက ပုံမှန်ထုတ်ပေးနေကျ အဆီတွေ) ကိုပိုပြီးထုတ်ပေးပါတယ်။
တချို့အခြေအနေမှာ အဆီပိုတွေအမြဲတမ်းထုတ်ပေးတယ်ဆိုတာ သင်ကိုယ်တိုင်ကြောင့်ပါ။ တစ်ခါတလေတော့လည်း ဒါက သင်အသုံးပြုတဲ့ ဆံသားထိန်းသိမ်းတဲ့ပစ္စည်းတွေက သင်နဲ့အဆင်မပြေတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
တကယ်လို့ ဒီလိုဖြစ်တာက ယာယီပဲဆိုရင် သို့မဟုတ် ချက်ချင်းကြီးဖြစ်လာတာမျိုးဆိုရင် သင့်မှာဟော်မုန်းပြဿနာရှိမရှိ ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး ဆေးကုသမှုခံယူသင့်ပါတယ်။
ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ဟာ အဆီပြန်တဲ့ဆံပင်တွေအတွက် အကျိုးရှိတဲ့ အိမ်တွင်းဆေးဝါးတစ်မျိုးပါ။ သူ့မှာပါဝင်တဲ့ acitic acid က ဦးရေပြားရဲ့ PH level ကို ထိန်းညှိပေးပြီး အဆီပိုတွေထွက်ခြင်းကိုထိန်းချုပ်ပေးကာ ဆံပင်ပေါ်မှာ အဆီတွေစုပုံနေခြင်းကို လျှော့ချပေးပါတယ်။
ဒါ့အပြင် သူက ဆံပင်အားဖြည့်ဆေး အဖြစ်အလုပ်လုပ်ပြီး သင့်ဆံပင်ကို ပျော့ပျောင်းတောက်ပနေစေပါတယ်။
သံပုရာရည်
သံပုရာသီးဟာ အဆီပြန်တဲ့ဆံသားတွေအပါအဝင် အခြားသော ဆံပင်ပြဿနာအမျိုးမျိုးနဲ့ ဦးရည်ပြားပုံစံအမျိုးမျိုးတို့အတွက် တကယ်ကောင်းမွန်ပါတယ်။ သံပုရာသီးမှာ ကျန်းမာသန်စွမ်းတဲ့ဆံပင်ဖြစ်ဖို့ အထူးလိုအပ်တဲ့ ဗီတာမင်တွေ နဲ့ သတ္တုဓာတ်တွေများစွာပါဝင်ပါတယ်။
သံပုရာသီးရဲ့ အက်ဆစ်ဓာတ်ဟာ ဦးရေပြားရဲ့ pH level ကို ထိန်းညှိပေးပြီး အဆီထွက်ခြင်းကို ထိန်းချုပ်ပေးပါတယ်။
လက်ဖက်
လက်ဖက်မှာ tannic acid လို့ခေါ်တဲ့ astringent ပါဝင်ပြီး ဦးရေပြားပေါ်က မွှေးညှင်းပေါက်တွေကို ကျဉ်းစေခြင်းဖြင့် အဆီပိုတွေစုနေခြင်းကို ကာကွယ်ပေးပါတယ်။
ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်မှာပါဝင်တဲ့ ဗီတာမင်တွေ သတ္တုဓာတ်တွေနဲ့ အင်ဇိုင်းတွေ (enzymes)တွေဟာ အဆီပြန်တဲ့ဆံသားတွေကို ပြုပြင်ဖို့ တကယ်အသုံးဝင်ပါတယ်။ ရှားစောင်းဟာ ဦးရေပြားမှာရှိတဲ့အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပြီး အဆီထွက်ခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့အပြင် သင့်ဆံပင်အရင်း (အမြစ်)တွေကိုပါ အာဟာရဖြည့်ပေးနိုင်ပါတယ်။
ဒါ့အပြင် ရှားစောင်းလက်ပပ်ရဲ့ နူးညံ့ချောမွတ်တဲ့သဘာဝက သင့်ဆံပင်ကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။
Baking soda (မုန့်ဖုတ်ဆိုဒါ)
Baking soda ရဲ့ ဆီစုပ်ယူနိုင်စွမ်းက အဆီပြန်တဲ့ဆံသားအတွက် အိမ်တွင်းဆေးအဖြစ်အသုံးပြုရာမှာ အတော်အသုံးဝင်ပါတယ်။ သူ့ရဲ့ alkakine သဘာဝကလည်း ဦးရေရဲ့ pH level ကို ထိန်းညှိပေးပြီး အနံ့ဆိုးထွက်ခြင်းကိုလျှော့ချပေးပါတယ်။
ဆိုဒါတစ်ဆ ရေ၃ဆရောပြီး ခပ်ပျစ်ပျစ်လေးလုပ်ပါ။ စိုထိုင်းထိုင်းဖြစ်နေတဲ့ဆံပင်ပေါ်လိမ်းပါ။ မိနစ်အနည်းငယ်ခန့်ထားပြီး ရေနွေးနဲ့ဆေးချပါ။ တစ်ပတ်ကို ၁ခါ (သို့)၂ခါ ပြုလုပ်နိုင်ပါတယ်။
သင်ခေါင်းလျှော်ဖို့အချိန်မရှိတဲ့အခါမျိုးမှာ baking soda ကို အစွမ်းထက်တဲ့ ခေါင်းလျှော်ရည် အဖြစ်အသုံးပြုနိုင်ပါတယ်။ soda အနည်းငယ်ကို လက်ထဲထည့်ပြီး ဆံပင်ကိုပွတ်ပေးပါ။ ပြီးတာနဲ့ အရည်အသွေးကောင်းတဲ့ brush နဲ့ ခေါင်းဖြီးပါ။ baking soda က အဆီတွေအားလုံးကိုစုပ်ယူသွားပါလိမ့်မယ်။
ကြက်ဥmask
ကြက်ဥတွေဟာ ဆံပင်ပျော့ပျောင်းစေဖို့အတွက် ကောင်းမွန်ပါတယ်။ ဒါ့အပြင် ကြက်ဥအကာက အဆီပြန်တဲ့ဆံပင်ကို ထိန်းချုပ်နိုင်ပြီး ကြက်ဥအနှစ်ကတော့ ပရိုတိန်းများပြီး ဆံပင်ကို အားပြည့်သန်စွမ်းစေပါတယ်။
ကြက်ဥအကာ ခွက်တစ်ဝက်ကို စိုထိုင်းနေတဲ့ဆံပင်ပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ်၂၀ခန့်အထိထားပါ။ နောက်ဆုံးဆေးချလိုက်ပြီး ခေါင်းလျှော်ရည်အပျော့စားနဲ့လျှော်ပေးပါ။ နှစ်ပတ် တစ်ကြိမ်လုပ်ပေးပါ။
ကြက်ဥအနှစ်၂လုံးကို ခေါက်ပြီး သံပုရာရည် စားပွဲတင်ဇွန်း ၂ဇွန်းနဲ့ရောပါ။ ဒီအရောကို စိုထိုင်းနေတဲ့ဆံပင်ပေါ်လိမ်းပြီး ၅မိနစ်ခန့်ထားကာ ခေါင်းလျှော်ရည်အပျော့စားနဲ့ ခေါင်းလျှော်ပါ။ တစ်ပတ်ကို ၂ကြိမ်(သို့) ၃ကြိမ် ပြုလုပ်နိုင်ပါတယ်။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးရဲ့ အက်စစ်ဓာတ်ပါဝင်တဲ့ ဂုဏ်သတ္တိဟာ ဦးရေပြားရဲ့ pH level ကိုထိန်းညှိပေးပြီး အဆီအထွက်များခြင်းကို ထိန်းချုပ်ပေးပါတယ်။ ခရမ်းချဉ်သီးကလည်း အနံ့ဆိုးတွေကို ဖယ်ရှားပေးပါတယ်။
ငှက်ပျောသီးနဲ့ ပျားရည်
ပြင်းထန်တဲ့ ခေါင်းလျှော်ရည်တွေနဲ့ အဆင်မပြေတဲ့ ပျော့ဆေးတွေသုံးတာက ဆံပင်ကိုပိုပြီးအဆီထွက်စေပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ ငှက်ပျောသီးနဲ့ပျားရည်ကိုသုံးပြီး အိမ်လုပ် ပျော့ဆေးလေးသုံးကြည့်ပါ။ ဒါက သင့်ဆံပင်ကို အာဟာရဖြည့်ပေးပြီး အဆီကင်းစေပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။