မိုးရာသီမှာ ကလေးတွေကို ဘာတွေကျွေးလို့ ဘာတွေ မကျွေးသင့်ဘူးလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

မိုးလေးလည်းစရွာနေပြီ ကလေးတွေလည်းကျောင်းတက်ရာသီရောက်လာပြန်ပြီနော်။ကျောင်းနေအရွယ်ကလေးတွေအနေနဲ့ ကိုယ်ခန္ဓါကျန်းမာဖွံ့ဖြိုးဖို့အတွက် အာဟာရပြည့်ဝအောင် စားသုံးပေးဖို့လိုအပ်တယ်ဆိုပေမယ့် အသက်ကိုဉာဏ်စောင့်တယ်ဆိုတဲ့ စကားအတိုင်း အာဟာရဖြစ်တာကို စားမှ ခန္ဓါကိုယ်ကျန်းမာသန်စွမ်းမှာပါ။ ဒီတစ်ခေါက်တော့ မိုးစိုစိုမှာ ဘာတွေကို ကျွေးသင့်ပြီး ဘာတွေကိုရှောင်သင့်လဲဆိုတာပြောပြပေးပါရစေ။

မိုးရာသီမှာ သားသားမီးမီးတွေကိုကျွေးသင့်တာလေးတွေက

စွပ်ပြုတ် ပူပူနွေးနွေး – အာဟာရဖြစ်စေပြီး ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ ရာသီဥတုေအးတာကြောင့် အဖျားမဝင်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အသားတွေ နဲ့ အသီးအရွက်တွေနဲ့ စွပ်ပြုတ်ချိုချိုလေးပြုတ်ပြီး ခပ်နွေးနွေးလေးတိုက်ပေးပါ။

ကြက်သွန်ဖြူ – ကြက်သွန်ဖြူက ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားကိုကောင်းမွန်စေတဲ့အတွက် ကြက်သွန်ဖြူကိုလည်း ကလေးအတွက်ပြင်ဆင်တဲ့ အစားအစာတွေထဲမှာ ထည့်သွင်းပြင်ဆင်ပေးပါ။

အယ်လ်မွန်စေ့ – အယ်လ်မွန်စေ့မှာ အမျှင်ဓါတ်ပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းဗိုက်ပြဿနာကင်းစင်စေမှာပါ။ မိုးရာသီမှာဖြစ်တဲ့ အစာခြေစနစ်ဆိုင်ရာပြဿနာတွေကိုရှောင်ရှားနိုင်စေဖို့အတွက် အယ်လ်မွန်စေ့ကိုကျွေးပေးပါ။

သလဲသီး – သလဲသီးက ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူပြုပါတယ်။ ကလေးကို သလဲသီးကျွေးပေးလို့ရသလို သလဲသီးကို ကြိတ်ပြီးဖျော်ရည်အဖြစ်ဖျော်တိုက်လို့လည်းရပါတယ်။ ဗီတာမင် C ပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေပြီးရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။

ပဲပြား – ပဲပြားမှာ ပရိုတင်း ကယ်လ်ဆီယမ်သံဓါတ် နဲ့ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေမှာပါ။

ရေ – ရာသီဥတုကအေးနေတာကြောင့် ကလေးကရေမသောက်မိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မိဘတွေအနေနဲ့ ကလေးငယ်ကိုရေတိုက်ပေးပါ။ ခန္ဓါကိုယ်မှာရေဓါတ်ပြည့်ဝနေတာကလည်းရောဂါပိုးတွေကို တိုက်ထုတ်ရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။

ကြက်ဟင်းခါးသီး – ကြက်ဟင်းခါးသီးက အခါးဓါတ်ရှိတာကြောင့် ကလေးတော်တော်များများကတော့မကြိုက်ပါဘူးဖြစ်နိုင်ရင် နည်းနည်းလောက်တော့ဆေးဖြစ်ဝါးဖြစ်လေးကျွေးပေးပါ။ ကြက်ဟင်းခါးသီးကရောင်ရမ်းမှုကိုလျော့ကျစေနိုင်သလို မှိုပိုးတွေနဲ့ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိတာကြောင့် ကလေးကို မိုးတွင်းမှာရောဂါကင်းအောင် ကြက်ဟင်းခါးသီးကျွေးပေးပါ။

မက်မွန်သီး – မက်မွန်သီးမှာ ဗီတာမင် A နဲ့ ဗီတာမင် C တို့ပါဝင်တာကြောင့် မုတ်သုံရာသီမှာ ကလေးရဲ့ ဆံသားကို ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် အခုလိုမိုးရာသီမှာ ကလေးကို မက်မွန်သီးကျွေးပေးပါ။

မိုးရာသီမှာ သားသားမီးမီးတို့ကိုပေးမစားသင့်တာတွေက

သရက်သီး – အခုရာသီက သရက်သီးလှိုင်လှိုင်ပေါတာမှန်ပေမယ့် သားသားမီးမီးတို့ကိုတော့ မကျွေးပါနဲ့။ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်တာကြောင့်ပါ။

ယင်နားစာတွေ – မိုးရာသီမှာ ကလေးတွေကို လမ်းဘေးမှာရောင်းနေတဲ့ ဖုံးအုပ်ထားတာမရှိတဲ့ အစားအစာမျိုးတွေကို မကျွေးပါနဲ့။ မသန့်ရှင်းတဲ့ အစားအစာတွေက ကလေးကိုနာမကျန်းဖြစ်စေနိုင်ပါတယ်။

ဒိန်ချဉ် – ဒိန်ချဉ်က ခန္ဓါကိုယ်အတွက်ကောင်းတယ်ဆိုပေမယ့် မိုးရာသီမှာတော့ သားသားမီးမီးတွေကို မတိုက်သင့်ပါဘူး။ အကြောင်းကတော့ မုတ်သုံရာသီမှာ ကလေးတွေက ဖျားနာတတ်တာကြောင့် ဖျားနာနေတဲ့အခါ ဒိန်ချဉ်တိုက်မိရင်ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာတွေကို ပိုဆိုးစေနိုင်တာကြောင့်ပါ။

နို့ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေက အစာကြေခဲတယ်ဆိုတာကိုတော်တော်များများကသိထားပြီးသားပါ။ မိုးရာသီလိုမျိုးအေးမြနေတဲ့ အနေအထားမှာ ကလေးကို နို့နဲ့နို့ထွက်ပစ္စည်းတွေဝယ်ကျွေးမယ်ဆိုရင် အစာကြေခဲတဲ့ပြဿနာကိုရင်ဆိုင်ရနိုင်ပါတယ်။

အချိုရည် -အေးနေတဲ့ရာသီမှာ အလွယ်တကူချွဲကြပ်တာမျိုးဖြစ်နိုင်တာကြောင့် ကလေးကို အခုလိုမျိုး မိုးရာသီမှာ အချိုရည်တွေတိုက်တာ၊ သကြားလုံးကျွေးတာနဲ့ အချိုလွန်ကဲတဲ့ အစားအစာတွေကို မကျွေးသင့်ပါဘူး။

ရေခဲမုန့်၊ရေခဲချောင်း – တစ်ခါတလေအေးနေတဲ့အချိန်မှာမှ သားသားမီးမီးတွေကရေခဲချောင်းစားချင်တယ်၊ရေခဲမုန့်စားချင်တယ်ဆိုပြီး ပူဆာတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးစိတ်ချမ်းသာအောင်ကျွေးလိုက်မယ်မလုပ်ပါနဲ့။နေထိုင်မကောင်းတာ၊ချောင်းဆိုးတာ ရင်ကြပ်တာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာတွေထဲမှာရေခဲချောင်းနဲ့ရေခဲမုန့်ကိုထည့်ထားလိုက်ပါ။

လက်သုပ်စုံတွေ – လက်သုပ်စုံတွေ လက်လုပ်ချဉ်တွေက ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။ ဒီအစားအစာတွေမှာ ရောဂါပိုး ပါဝင်နေနိုင်ခြေက တော်တော်လေးများပါတယ်။ ဒါကြောင့် ကလေးကို မိုးရာသီမှာ လက်သုပ်စုံတွေ လက်လုပ်ချဉ်တွေ မကျွေးပါနဲ့။

လှီးထားပြီးသားသစ်သီးတွေ – ကလေးကို မိုးရာသီမှာ သစ်သီးတွေကျွေးတဲ့အခါသေချာရေဆေးပြီး ကိုယ်တိုင် အိမ်မှာပြင်ဆင်ကျွေးမွေးသင့်ပါတယ်။ အလွယ်တကူဝယ်လို့ရတဲ့ လှီးထားပြီးသားပြင်ဆင်ထားပြီးသားအသီးအနှံတွေကို မကျွေးပါနဲ့။ မမြင်ရတဲ့ရောဂါပိုးတွေ ကပ်ညှိနေနိုင်တာကြောင့်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပဲပိစပ် နဲ့ သတိပြုစရာများ

ပဲပိစပ် ပဲပိစပ်ဆီ ပဲနို့ ပဲပြား ပရိုတင်း ပဲပိစပ်ထုတ်ကုန် ရောဂါအခံ ကျန်းမာရေးပြဿနာ အကျိုးကျေးဇူး ဘေးထွက်ဆိုးကျိုး အကြောင်းရင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကလေးအတွက် အသင့်တော်ဆုံး အစားအစာများ

ကလေး အာဟာရ ကျန်းမာဖွံ့ဖြိုးဖို့ သစ်သီး  ဗီတာမင် C ဗီတာမင် A ကိုယ်ခံအား အမျှင်ဓာတ် အမြင်အာရုံ ဒိန်ချဉ် အရိုး နဲ့ သွား ကယ်လ်ဆီယမ် အစာခြေစနစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သက်သတ်လွတ် သမားတို့ အသားဓာတ် မချို့တဲ့စေဖို့

သက်သတ်လွတ် အသီးအရွက် အသားဓာတ် ကျန်းမာရေး အာဟာရ ချို့တဲ့ခြင်း အားနည်းခြင်း ပရိုတင်း အသား ငါး အပင်ထွက်ပရိုတင်း အာဟာရဓာတ်ချို့တဲ့ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ဘော်ဒီ တက်လာအောင် ဘာတွေ စားရမလဲ

ဘော်ဒီ ခန္ဓာကိုယ် ကြွက်သား လေ့ကျင့်ခန်း Gym အားကစား အချိုးအစား ဝိတ်တက် ပရိုတင်း အာဟာရဓာတ် အစားအသောက် ကြွက်သားတက် ဘော်ဒီတက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

တာအိုးရွက် နဲ့ ကျန်းမာရေး

တာအိုးရွက် နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 13, 2020 . 1 min read
ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး

ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 13, 2020 . 2 mins read
နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 9, 2020 . 1 min read
အရက်နာ ကျနေချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်မလဲ။

အရက်နာ ကျနေချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 9, 2020 . 2 mins read