သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ပြောလို့တောင် မကုန်နိုင်တဲ့ နွားနို့ ရဲ့ ကောင်းကျိုးတွေ

ပြောလို့တောင် မကုန်နိုင်တဲ့ နွားနို့ ရဲ့ ကောင်းကျိုးတွေ

ကိုယ်နေ့တိုင်းသောက်နေတဲ့ နွားနို့ မှာ ကောင်းကျိုးတွေ အများကြီးရှိတယ်ဆိုတာကို သင်သိပါသလား။ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါတဲ့ ဒီနွားနို့ဟာ သောက်လို့ ကောင်းတဲ့ အပြင် သင့်ကျန်းမာရေး အတွက် အကျိုးပြုပေးတဲ့ အရာတွေ အများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။

ပြောလို့တောင် မကုန်နိုင်တဲ့ နွားနို့ ရဲ့ ကောင်းကျိုးတွေ

  • သွားနှင့် အရိုးများကို သန်စွမ်း ကြံ့ခိုင်စေတယ်။

နွားနို့မှာ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D တွေ ပါတာကြောင့် အရိုးနဲ့ သွားသန်မာစေဖို့ သူ့ကို နေ့တိုင်းသောက်သင့်တယ်ဆိုတာ ပြောစရာလိုမယ်တောင် မထင်ပါဘူး။ ငယ်ငယ်လေးထဲက နွားနို့သောက်လာခဲ့တဲ့ ကလေးတစ်ယောက်ဟာ ဖွံဖြိုးမှု အပိုင်းမှာ အခြားသူတွေထက် မြန်ဆန်သလို နွားနို့က အသက်ကြီးရင်ဖြစ်တတ်တဲ့ အရိုးပါးရောဂါ၊ အရိုးပွ ရောဂါတွေကိုလည်း ကာကွယ်ပေးဦးမှာပါ။

ပြောလို့တောင် မကုန်နိုင်တဲ့ နွားနို့ ရဲ့ ကောင်းကျိုးတွေ

  • နှလုံးကျန်းမာရေးကိုလည်း အားပေးတယ်။

နွားနို့ မှာပါတဲ့ ကယ်လ်ဆီယမ်ဟာ သွေးကြောတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်အားကို ပိုကောင်းစေလို့ သွေးကြောဖိအားများလို့ ဖြစ်ရတဲ့ သွေးတိုး ရောဂါကိုကာကွယ်ပေးပါတယ်။ ဒါ့အပြင် အိုမီဂါ 3 လည်း ပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တဲ့ အစားအသောက်တစ်ခုပါ။

ဦးနှောက် စွမ်းဆောင်ရည်ကိုလည်း မြင့်တက်စေတယ်။

ဗီတာမင် B တွေ ကြွယ်ဝစွာ ပါဝင်တဲ့ နွားနို့ ဟာ ဦးနှောက်စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေတဲ့အပြင် အာရုံကြောစနစ်ကိုလည်း သန်စွမ်းစေပါတယ်။

  • ညဘက် အိပ်မပျော်တဲ့သူများအတွက်လည်း နွားနို့က အားထားသင့်တဲ့ အရာတစ်ခုပါ။

နွားနို့မှာပါတဲ့ ဗီတာမင် B ကြောင့် သင့်အိပ်စက်ခြင်း စက်ဝန်းကို မျှတစေပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီးတိုင်း နွားနို့်သောက်ပေးရင် ညဘက်ကောင်းကောင်း အိပ်ပျော်စေပါတယ်။

  • ဆီးချိုသမားတွေ အတွက် သင့်တော့်တဲ့ အစားအသောက်တစ်ခုပါ။

သကြားမပါ အဆီထုတ်ထားတဲ့ နွားနို့ တစ်ခွက်ဟာ သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းညှိပေးလို့ ဆီးချိုသမားအတွက် နွားနို့ဟာ အထူးအားထားရတဲ့ အာဟာရဖြစ်စေတဲ့ အစားအသောက်တစ်ခုပါ။

ပြောလို့တောင် မကုန်နိုင်တဲ့ နွားနို့ ရဲ့ ကောင်းကျိုးတွေ

  • ဝိတ်ချနေတဲ့သူများအတွက် နွားနို့က အကျိုးပြုပါသေးတယ်။

နွားနို့မှာ ပရိုတင်း အများကြီးပါဝင်တာကြောင့် သောက်ပြီးတာနဲ့ သင့်ကို ဗိုက်ပြည့်လွယ်စေမှာဖြစ်ပြီး အဆီတွေကျကာ ကြွက်သားတည်ဆောက်မှု ကိုလည်း အားပေးပါသေးတယ်။

  • ရောင်ရမ်းခြင်းတွေကို ပြေလျော့စေတဲ့ ဓာတ်စာတစ်ခုပါ။

နွားနို့မှာပါဝင်တဲ့ အိုမီဂါ 3 fatty acid တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပေးတဲ့ ပစ္စည်းတွေကြောင့် နွားနို့ဟာ ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ အရာတစ်ခုပါ။

  • အစာအိမ် အက်ဆစ်တွေကိုပြင်းအားလျော့စေပါတယ်။

နွားနို့မှာ အက်ဆစ်ရဲ့ ပြင်းအားတွေကို ပြေလျော့စေတဲ့ alkali ဓာတ်တွေ အများကြီးပါပါတယ်။ ဒါကြောင့် အက်ဆစ်တွေ အများကြီးထွက်တတ်တဲ့ အစာအိမ်သမားများအတွက်ဆို နွားနို့က အားထားရာတစ်ခုပါ။

  • ကင်ဆာကိုလည်း ကာကွယ်ပေးပါတယ်။

နွားနို့မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အပြင် ဓာတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေ အများကြီးပါတာကြောင့် နွားနို့က ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ အရာတစ်ခုဆိုတာ ယုံမှားဖွယ်မရှိပါဘူး။ ။

နွားနို့ရဲ့ ကောင်းကျိုးတွေက ပြောလို့တောင် ကုန်မယ်မထင်ပါဘူး။ ဒီလောက်တောင် ကောင်းတဲ့ နွားနို့ကို နေ့တိုင်း ဘာလို့ မသောက်ဘဲနေကြမှာလဲ။ ဒါကြောင့်ကျန်းမာရေးအတွက်လည်း အကျိုးရှိ လူတိုင်းနဲ့လည်း သင့်တော်တဲ့ နွားနို့ကို တစ်နေ့တစ်ခွက် မှန်မှန်သောက်ပေးရအောင်နော်။

health-tool-icon

အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)

အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်

အမျိုးသား

အမျိုးသမီး

Verifying...

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 26/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။