ချဉ်ပေါင်ဖူး က အကျိတ်ကို ကြေစေပြီး ဓာတ်တိုးဆန့်ကျင်အာနိသင်တွေရှိတာကြောင့် ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေပွားများမှုကို နှေးကွေးစေတယ်လို့ သိရပါတယ်။
- အရောင်ကျစေတယ်၊ ရောဂါပိုးသေစေတယ်
ဗီတာမင်စီ ကြွယ်ဝတဲ့ ချဉ်ပေါင်ဖူးက ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ရောင်ရမ်းမှုကို လျော့ကျစေပြီး ရောဂါပိုးကို ခုခံတိုက်ဖျက်နိုင်စွမ်းကြောင့် အအေးမိ၊ တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဖျားနေတဲ့အခါလည်း ဝေဒနာသက်သာစေဖို့ အထောက်အကူပြုပါတယ်။
အမျိုးသမီးတွေ ရာသီလာတဲ့အချိန် ကိုက်ခဲမှုဝေဒနာတွေကိုလည်း သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဟော်မုန်းပြန်လည်ထိန်းညှိနိုင်စေပြီး ရာသီလာချိန်မှာဖြစ်တတ်တဲ့ စိတ်အပြောင်းအလဲတွေ၊ စိတ်ကျခြင်းနဲ့ လွန်ကဲစွာ အစားစားခြင်းစတဲ့ လက္ခဏာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။
ဗီတာမင်တွေနဲ့ flavonoids တွေ ပါဝင်နေလို့ စိတ်ဓာတ်ကျခြင်းကို သက်သာစေနိုင်ပါတယ်။ ချဉ်ပေါင်ဖူးခြောက်ရေနွေးကြမ်းကို သောက်သုံးခြင်းအားဖြင့် အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး စိတ်နဲ့ခန္ဓာပြေလျော့စေတာကြောင့် စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျဝေဒနာကို သက်သာစေပါတယ်။
ချဉ်ပေါင်ဖူးခြောက်ရေနွေးကြမ်းက ဆီးရွှင်၊ ဝမ်းမှန်စေတာကြောင့် အစာချေဖျက်မှုကို ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်တဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်ကို ကျန်းမာစေလို့ အူကင်ဆာကိုကာကွယ်နိုင်ပါတယ်။
ချဉ်ပေါင်ဖူးရေနွေးကြမ်းကို အအေးအဖြစ်လည်း သောက်ကြပါတယ်။ သူ့ရဲ့သဘောသဘာဝက ခန္ဓာကိုယ်ကို အမြန်ဆုံးအေးမြစေတဲ့အာနိသင်ရှိပြီး နည်းနည်းသောက်ရုံနဲ့ ရေငတ်ပြေစေနိုင်ပါတယ်။
ချဉ်ပေါင်ဖူးက ခန္ဓာကိုယ်ရဲ့ ကစီဓာတ်နဲ့ ဂလူးကို့စ်စုပ်ယူနိုင်စွမ်းကို လျော့နည်းစေတာကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့ ကစီဓာတ်စုပ်ယူမှုကို ကူညီပေးတဲ့ amylase ထုတ်လုပ်မှုကို ဟန့်တားပေးလို့ အဆီကျကျစ်လျစ်စေမှာပါ။
သတိပြုစရာက
ချဉ်ပေါင်ဖူးခြောက်ရေနွေးကြမ်းဟာ သွေးတိုးကျစေတဲ့အစွမ်းရှိတာကြောင့် သွေးပေါင်ကျတတ်သူတွေ ချင့်ချိန်သောက်သုံးသင့်ပါတယ်။ ချဉ်ပေါင်ဖူးမှာ အချဉ်ဓာတ် ပါတာကြောင့် အများကြီးစားရင် အစာခြေစနစ် ပြဿနာ ရှိနိုင်ပါတယ်။ အလွန်အကျွံ မစားမိဖို့ လိုပါမယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ
နို့တိုက်မိခင်တွေနဲ့ အရမ်းငယ်တဲ့ ကလေးတွေ မစားသင့်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။