backup og meta

ကိုယ့်ကလေး ဖျားနာမှုကင်းဝေးအောင် အစားအသောက်တွေကို ဒီလိုပြင်ဆင်ပေးပါ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Hello Sayarwon Panel မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကလေး ဖျားနာမှုကင်းဝေးအောင် အစားအသောက်တွေကို ဒီလိုပြင်ဆင်ပေးပါ။ ။

    မိဘဖြစ်သူတိုင်း ခံစားဖူးတဲ့ ကြောက်စရာ အိပ်မက်ဆိုးကြီး တစ်ခုရှိပါတယ်။ ဒါက ကိုယ်သေချာ ဂရုစိုက်နေရက်သားနဲ့ ကိုယ့်ကလေး နေမကောင်းဖြစ်သွားတာပါ။ ကလေးဆိုတာကလည်း နေမကောင်းဖြစ်ရင် ဘယ်နားက ဘယ်လိုနာတာ ဘယ်လိုခံစားရတာဆိုတာကို သဲသဲကွဲကွဲ မပြောနိုင်တဲ့အတွက် မိဘတွေ ပိုစိုးရိမ်တတ်ကြပါတယ်။ ကိုယ့်ကလေးကို ပန်းလေးတစ်ပွင့်လိုပဲ လန်းနေတာကို မြင်ချင်ကြတာ မိဘတိုင်းပါ။ ဒါကြောင့် မိဘတိုင်းရဲ့ အိပ်မက်ဆိုးတစ်ခုဖြစ်တဲ့ ကလေးဖျားနာတာတွေကနေကင်းဝေးဖို့ မိဘတွေဘက်က ဘယ်လို ပြုစုပေးရမလဲဆိုတာပြောပြပေးချင်ပါတယ်။

    ကိုယ်ခံအားစနစ်ကောင်းကောင်းဖွံ့ဖြိုးဖို့ ဒီအချက်တွေလိုအပ်ပါတယ် ။ ။

    ကိုယ်ခံအားစနစ်တစ်ရပ်ကောင်းကောင်းဖွံ့ဖြိုးဖို့ဆိုရင် ဒီအချက်တွေလိုအပ်ပါတယ်။ ။

    ကလေးဖျားနာမှုကင်းစေဖို့ အစားအသောက်တွေကို ဘယ်လိုပြင်ဆင်ပေးရမလဲ။ ။

    ကလေးတစ်ယောက် ကျန်းမာဖွံ့ဖြိုးဖို့အတွက်၊ ခုခံအားကောင်းစေဖို့အတွက်ဆို ကလေးတွေနေ့စဉ်စားတဲ့ အစားအသောက်တွေကသာ အဓိကပါ။ ဒါကြောင့် ကိုယ့်ကလေးအမြဲကျန်းမာနေအောင် မေမေတို့ဘယ်လိုအစားအသောက်တွေကို ပြင်ဆင်ပေးရမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။

    ခုခံအားကောင်းဖို့အတွက် စားသင့်တဲ့ အစာအးသောက်တွေ။ ။

    (၁) ဗီတာမင် Cပါတဲ့ အသီးတွေ ။ ။ အချဉ်အရသာရှိတဲ့သံပုရာသီးလိမ္မော်သီး၊ရှောက်ချိုသီးလိုမျိုး အသီးတွေက ဗီတာမင် C ကြွယ်ဝစွာပါဝင်ကြပါတယ်။ ဗီတာမင် C ကခန္ဓါကိုယ်ရဲ့သွေးဖြူဥဆဲလ်တွေထုတ်လုပ်မှုကို တိုးတက်စေသလို ကူးစက်ရောဂါပိုးတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။

    (၂) ချင်း ။ ။ ချင်းကလည်း ဗီတာမင် C လိုမျိုးအအေးမိဖျားနာချင်တာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဖျားနာနေတဲ့အခါ ချင်းကို စွပ်ပြုတ်ထဲ ထည့်စားတာ၊ရေနွေးထဲထည့်ပြီးသောက်တာမျိုးလုပ်ပေးလို့ရပါတယ်။ ချင်းရဲ့ကိုယ်ခံအားကိုကောင်းစေသလိုရောဂါတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    (၃) နနွင်း။ ။ နနွင်းကို ဟင်းချက်တဲ့အခါတော်တော်များများထည့်သုံးကြပါတယ်။ အဝါရောင်ရှိပြီး အရသာက နည်းနည်းတော့ သက်ပါတယ်။ ကျန်းမာရေးအတွက်တော့ တော်တော်လေးအထောက်အကူပြုပေးတဲ့ စားစရာတစ်မျိုးပါ။ နနွင်းမှာပါတဲ့ curcuminက အဖျားကျစေနိုင်ပါတယ်လို့ လေ့လာမှုအရ သိရပါတယ်။

    (၄) ဟင်းနုနွယ် ။ ။ ဗီတာမင် C၊ beta-carotene နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တဲ့ ကိုယ်ခံအားစနစ်ကို အထောက်အပံ့ပေးတဲ့ ဟင်းရွက်တစ်မျိုးပါ။ ဟင်းနုနွယ်ကနေရရှိတဲ့ အာဟာရဓာတ်တွေကိုပြည့်ပြည့်ဝဝရရှိချင်တယ်ဆိုရင်တော့ အရမ်းကျက်အောင် မကြော်ဘဲစားသုံးပေးလို့ရပါတယ်။ အခြားအစိမ်းရောင် အရွက်တွေကလည်း ကိုယ်ခံအားကိုကောင်းမွန်စေပါတယ်။

    (၅) ပန်းဂေါ်ဖီစိမ်း ။ ။ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် A၊ C နဲ့ E တို့ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးနဲ့သင့်တော်တဲ့ စားစရာတစ်ခုပါ။ ဒါတွေတင်မကသေးပါဘူး။ ပန်းဂေါ်ဖီစိမ်းမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

    (၆) ဒိန်ချဉ် ။ ။ ဒိန်ချဉ်ထဲမှာ ခန္ဓာကိုယ်ကို ကျန်းမာစေတဲ့ အာနိသင်တွေ များစွာပါဝင်နေပါတယ်။ မကြာသေးခင်ကလေ့လာမှုအရ ဒိန်ချဉ်မှာပါတဲ့ ဓာတ်တွေက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒိန်ချဉ်ကနေ ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်တဲ့ ဗီတာမင် Dကိုရရှိနိုင်ပါတယ်။

    (၇) အယ်လ်မွန်စေ့ ။ ။ ဗီတာမင် E ကလည်း ဗီတာမင် C လိုပဲ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကျန်းမာဖို့အတွက် အရေးပါပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ ဗီတာမင် E ပါဝင်အောင် စားသုံးပေးမယ်ဆိုရင် အရေပြားအပါအဝင် ခန္ဓါကိုယ်တစ်ခုလုံးကို ကျန်းမာနေစေမှာ အသေအချာပါ။

    (၈) ကြက်သွန်ဖြူ ။ ။ ကြက်သွန်ဖြူမှာ ဘက်တီးရီးယားတွေနဲ့ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်တဲ့allicin ပါဝင်နေပါတယ်။ ကြက်သွန်ဖြူ ပုံမှန်စားသုံးသူတွေက မစားသုံးသူတွေထက် အအေးမိဖျားနာနိုင်ခြေ ၂ ဆ ကနေ ၃ ဆလောက်အထိလျော့နည်းနေနိုင်တယ်၊ လို့လေ့လာမှု အရသိရပါတယ်။ တစ်ပတ်ကို ကြက်သွန်ဖြူ ၆ မွှာလောက်စားသုံးပေးမယ်ဆိုရင်အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းလျော့ကျစေနိုင်ပြီးအစာအိမ်ကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။

    ဒါ့အပြင် အာဟာရ အကုန်မျှတအောင် ရောဂါကာကွယ်ပေးတဲ့ ခုခံအားကောင်းစေတဲ့ အစာအုပ်စုအပြင် တစ်ခြား အင်အားဖြစ်စေသောအုပ်စု၊ ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးစေတဲ့ အုပ်စုထဲက အစားအသာက်တွေ ပါအောင်လည်း စားပေးဖို့ လိုပါတယ်။

    ဘယ်လိုပြင်ဆင်ပေးရမလဲ။ ။

    ကလေးတစ်ယောက်နေ့စဉ်စားတဲ့ အစားအသောက်တွေထဲမှာ အာဟာရမျှတအောင် ပြင်ဆင်ပေးဖို့က အရေးကြီးသလို သန့်ရှင်းတဲ့ အစားအသောက်တွေ ကလေးစားဖြစ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့်

    • ဈေးစဝယ်တည်းက သန့်ရှင်းလတ်ဆတ်တဲ့ အစားသောက်တွေကိုသာ ရွေးဝယ်ပါ။
    • အစားအသောက်တွေ ချက်ပြုတ်မယ့် မေမေကလည်း ဟင်းမချက်ခင်နဲ့ ကလေးအတွက် အစားအသောက် မပြင်ပေးခင် လက်ကို သေချာဆေးပါ။
    • ကိုယ်ချက်ပြုတ်တဲ့ မီးဖိုချောင်ကို ကြွက်ရန်တွေကနေ ကင်းဝေးစေဖို့ သန့်သန့်ရှင်းရှင်းထားပါ။
    • ကလေးကိုလည်း အစားမစားခင် လက်ဆေးဖို့ကလိုအပ်ကြောင်းနဲ့ အစားကို သပ်သပ်ရပ်ရပ်စားတတ်စေဖို့ သင်ထားပေးပါ။

    ကလေး နေ့တိုင်းစားတဲ့ အစားသောက်တွေထဲမှာ ခုခံအားတက်စေတဲ့ အစားအသောက်တွေလည်းပါမယ်၊ ကလေးက အာဟာရမျှတအောင်လည်း စားတယ်၊ အစားအသောက်တွေပြင်ဆင်ချက်ပြုတ်တဲ့နေရာမှာလည်း သန့်ရှင်းတယ်ဆိုရင် သင့်ကလေး ဖျားနာဖို့ဆိုတာ ဘယ်လိုမှကို မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ ။

    ရေးသားသူ- Dr Thin Yadanar@ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement