ခေါင်းစဉ်ကိုဖတ်ပြီးခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင်ဆိုတာကရှိမှမရှိဘဲ ဘယ်လိုဖြစ်နိုင်မှာလဲလို့များတွေးနေလား။ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးယူလို့ရပါတယ်။ လိုအပ်တဲ့လုပ်ဆောင်စရာတွေတော့ရှိတာပေါ့။ ဘာတွေများဖြစ်မလဲ။ ဖတ်ကြည့်လိုက်ပါနော်။
ခေါင်းစဉ်ကိုဖတ်ပြီးခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင်ဆိုတာကရှိမှမရှိဘဲ ဘယ်လိုဖြစ်နိုင်မှာလဲလို့များတွေးနေလား။ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးယူလို့ရပါတယ်။ လိုအပ်တဲ့လုပ်ဆောင်စရာတွေတော့ရှိတာပေါ့။ ဘာတွေများဖြစ်မလဲ။ ဖတ်ကြည့်လိုက်ပါနော်။
ခြင်လုံဇကာတပ်ဆင်အသုံးပြုပါ –နေအိမ်ရဲ့ တံခါးတွေနဲ့ ပြတင်းပေါက်တွေမှာ ခြင်လုံဇကာတွေတပ်ဆင်ပြီးနေအိမ်ထဲကိုခြင်တွေမဝင်ရောက်နိုင်အောင်ကာကွယ်ပါ။ခြင်လုံဇကာတပ်ဖို့အဆင်မပြေဘူးဆိုရင်ခြင်ထောင်အသုံးပြုပေးလည်းရပါတယ်။နောက်ထပ်လုပ်လို့ရတဲ့ နည်းလမ်းတစ်ခုကနေအိမ်တံခါးတွေကို လုံအောင်ပိတ်ပြီးလေအေးပေးစက်ဖွင့်ထားလို့လည်းရပါတယ်။လေအေးပေးစက်မရှိဘူးဆိုရင် ပန်ကာဖွင့်ထားလို့ရပါတယ်။
ငှက်မွေးပါ –နေအိမ်မှာ ငှက်ကလေးတွေမွေးထားတာကလည်းခြင်တွေကို နှိမ်နှင်းရာမှာ ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။ ကြက်လေးတွေ ငှက်လေးတွေကခြင်ကိုအစားအစာအဖြစ်စားသုံးကြပါတယ်။ ငှက်ကို သီးသန့်မမွေးနိုင်ဘူးဆိုရင်နေအိမ်အနီးဝန်းကျင်မှာ ငှက်အိမ်လေးတွေဆောက်လုပ်ပေးထားလိုက်ပါ။ အသိုက်လာဖွဲ့တဲ့ငှက်လေးတွေကခြင်နှိမ်နှင်းရေးကို တစ်ဖက်တစ်လမ်းက အကူအညီပေးပါလိမ့်မယ်။
ရေဝပ်နေတဲ့နေရာတွေထဲကိုကော်ဖီမှုန့်တွေဖြူးပေးပါ –ကော်ဖီမှုန့်မှာခြင်သားလောင်းလေးတွေကိုသေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ကော်ဖီကြိုက်တတ်သူတွေဆိုရင်တော့ ဒီနည်းလမ်းကအဆင်ပြေတာပေါ့နော်။ သုံးပြီးသားကော်ဖီမှုန့်တွေကိုနေအိမ်အနီးအပါးမှာရှိနေတဲ့ရေဝပ်နေတဲ့နေရာတွေမှာဖြူးပေးလိုက်ပါ။ ဒီနည်းလမ်းက အသုံးတည့်မယ့် ခြင်ကောင်ရေလျော့ချရေးလုပ်ငန်းစဉ်တစ်ရပ်ပါ။
ခြင်ပြေးစေတဲ့အပင်တွေစိုက်ပါ – တိုက်ခန်းနဲ့နေသူတွေဆိုရင်တော့ ဝရံတာဒါမှမဟုတ် အခန်းတွင်းမှာ၊ခြံနဲ့နေသူတွေဆိုရင်တော့နေအိမ်အနီးဝန်းကျင် နဲ့ ခြံထဲမှာခြင်ပြေးစေတဲ့အပင်တွေစိုက်ထားပြီးခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးလို့ရပါတယ်။ခြင်ပြေးစေဖို့ လာဗင်ဒါပန်းပင်၊ ပူစီနံပင်၊ကြောင်ဆေးပင်၊ ပင်စိမ်းပင်နဲ့ ကြက်သွန်ဖြူပင် (ကြက်သွန်မိတ်) တို့စိုက်ထားလို့ရပါတယ်။
ခြင်နိုင်ဆေးသုံးပါ –ခြင်ပြေးအောင်အသုံးပြုလေ့ရှိတဲ့ အခြေခံကျတဲ့ နည်းလမ်းတစ်ခုပါ။ခြင်နိုင်ဆေးဆိုတဲ့နေရာမှာလည်းခြင်ဆေးခွေကိုအသုံးပြုနိုင်သလိုခြင်ပြေးစက်၊ခြင်ဆေးစပရေးဆိုပြီး အမျိုးအစားတွေကို စုံလင်နေတာပါပဲ။ ကလေးငယ်ရှိသူတွေအနေနဲ့ကတော့ခြင်ဆေးထက် စပရေးကပိုအဆင်ပြေပါတယ်။ စပရေးကခြင်တင်မကဘဲ အခြားအင်းဆက်တွေကိုပါနှိမ်နှင်းပေးနိုင်တာကြောင့်ခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင်တင်မကဘဲ အင်းဆက်ကင်းစင်တဲ့ ပတ်ဝန်းကျင်ကိုပါ ဖန်တီးနိုင်စေမှာပါ။
အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကို အသုံးပြုပြီး ကိုယ်တိုင်နဲ့ မိသားစုဝင်တွေအတွက်ခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင်ကိုဖန်တီးကြည့်လိုက်ပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။