စားလိုက်တဲ့ အစာအာဟာရတွေကို နံရံတွေကနေ စုပ်ယူပေးပြီး ခန္ဓာကိုယ် အားဖြစ်စေဖို့ ထောက်ပံ့ပေးနေတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေးရှိပါတယ်။ ဒါကတော့ အူလေးတွေပါ။
ထွက်မှာ သေချာပြီလား။
စားလိုက်တဲ့ အစာအာဟာရတွေကို နံရံတွေကနေ စုပ်ယူပေးပြီး ခန္ဓာကိုယ် အားဖြစ်စေဖို့ ထောက်ပံ့ပေးနေတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေးရှိပါတယ်။ ဒါကတော့ အူလေးတွေပါ။
အူလေးတွေ ကျန်းမာမှ အစာအာဟာရတွေကို ကောင်းမွန်စွာ စုပ်ယူနိုင်ပြီး စိတ်ရော ကိုယ်ပါ ကျန်းမာတော့မှာပေါ့။ ဒီတစ်ခေါက်တော့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အူလေးတွေ ကျန်းမာစေဖို့ ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။
အစာခြေစနစ်ရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ အူလေးတွေ ကျန်းမာစေဖို့
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတဲ့ ကြက်သွန်ဖြူက အခြား အစိတ်အပိုင်းတွေကို ကျန်းမာစေသလို အူလေးတွေ ကျန်းမာစေဖို့လည်း ထောက်ပံ့ပေးပါတယ်။
ဒါ့အပြင် ကြက်သွန်ဖြူမှာ အကျိုးပြုဘက်တီးရီးယား အာဟာရ ပါဝင်နေတာကြောင့် အူလမ်းကြောင်းထဲက အကျိုးပြု ဘက်တီးရီးယားလေးတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။
ဒိန်ချဉ်က အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝတဲ့ အစားအစာ တစ်ခုဖြစ်တာကြောင့် အူတွေကို ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ အူအတွင်းက အဆိပ်အတောက်တွေနဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ မှိုပိုးတွေနဲ့ ဘက်တီးရီးယားတွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။
သရက်သီးက အမျှင်ဓာတ်ပါဝင်တာကြောင့် အူနံရံတွေကို ကျန်းမာစေပြီး အကျိုးပြုဘက်တီးရီးယားတွေကို အားဖြည့်ပေးပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အူလမ်းကြောင်းတစ်လျှောက်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
အူလေးတွေ ကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာတစ်မျိုးပေါ့။
ထောပတ်သီးက အာဟာရ ကြွယ်ဝသလို အူကျန်းမာရေးကို ထောက်ပံ့ပေးမယ့် အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊တို့လည်း ပါဝင်နေပါတယ်။ fructose ပါဝင်တာကြောင့် လေပွတာမျိုး ဖြစ်နိုင်ခြေကို လျှော့ချပေးပြီး အူလမ်းကြောင်းကို ကျန်းမာစေမှာပါ။
ဆေးဖက်ဝင်တဲ့ ကြက်သွန်နီက အူလေးတွေ ကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။ အကြောင်းကတော့ ကြက်သွန်နီမှာ အကျိုးပြု ဘက်တီးရီးယား အာဟာရ ပါဝင်တာကြောင့် အူတွင်းက အကျိုးပြု ဘက်တီးရီးယားတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်လို့ပါ။
ဟင်းနုနွယ် နဲ့ ကိုက်လန်တို့လိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ် ကြွယ်ဝသလို ဖောလိတ်၊ ဗီတာမင်A၊ ဗီတာမင် C နဲ့ ဗီတာမင် K တို့ ပါဝင်နေတာကြောင့် အူလမ်းကြောင်းထဲမှာ အကျိုးပြု ဘက်တီးရီးယားတွေကို တိုးပွားစေပြီး အူတွေကို ကျန်းမာစေပါတယ်။
ကဲ…အခုပြောခဲ့တာလေးတွေကို စားသုံးပြီး ခန္ဓာကိုယ် အာဟာရ ပြည့်ဝရေးအတွက် အရေးပါတဲ့ အူလေးရဲ့ ကျန်းမာရေးကို ဂရုစိုက်လိုက်နော်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Small & Large Intestine https://training.seer.cancer.gov/anatomy/digestive/regions/intestine.html Accessed Date 23 September 2020
Small bowel bacterial overgrowth https://medlineplus.gov/ency/article/000222.htm Accessed Date 23 September 2020