ပဋိဇီဝပိုးသတ်ဆေးေတွဆိုတာရောဂါပိုးတွေကိုတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ပြင်းဆေးဝါးတွေအဖြစ် အများစုက နားလည်ထားကြတယ်။ ဒါပေမယ့် သိပ်မသိတာတစ်ခုက ပဋိဇီဝဆေးတွေဟာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါတွေကိုပဲ ကုသပေးနိုင်တယ်ဆိုတာပါပဲ။ ရောဂါဖြစ်စေနိုင်တဲ့ပိုးတွေထဲမှာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယား ကွဲပြားသလို သူတို့ကို နှိမ်နင်းကုသရာမှာလည်းဆေးဝါးတွေမတူ၊အာနိသင်တွေမတူကြတာ သိထားသင့်တဲ့အချက်ပါ။