သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

ချိုလိမ်စုပ်ခြင်းသည် သင့်ကလေးအတွက် ကောင်းမွန်ပါသလား

    ချိုလိမ်စုပ်ခြင်းသည် သင့်ကလေးအတွက် ကောင်းမွန်ပါသလား

    အများစုသော ကလေးများသည် တစ်ခုခုကို စုပ်နေတတ်ကြသည်။ အချို့သည် သူတို့၏လက်မနှင့် လက်ချောင်းများကို စုပ်နေတတ်ကြသည်ကို တွေ့ရသည်။

    ထို့ကြောင့် သူတို့၏မိခင်များက ချိုလိမ်များဝယ်ပေးထားရန်စဉ်းစားလာကြသည်။ ချိုလိမ်များသည် ကလေးများအတွက် အမှန်တကယ်သင့်တော်ပါသလား။

    ချိုလိမ်များနှင့် ပတ်သက်ပြီး သိသင့်သောအချက်များကို လေ့လာပြီး အရေးကြီးသော အကြံပေးချက်များကို လိုက်နာခြင်းဖြင့် သင့်ကလေးကို ချိုလိမ်များကို ဖြတ်သင့် မဖြတ်သင့်စဉ်းစားကြည့်ပါ။

    ချိုလိမ်စုပ်ခြင်း၏ကောင်းကျိုးများ

    အချို့သောကလေးများသည် အစာ တစ်ကြိမ်နှင့် တစ်ကြိမ်ကြားတွင် ချိုလိမ်များစို့တတ်ကြသည်။ ကောင်းသောအချက်များမှာ

    • ချိုလိမ်စို့နေခြင်းဖြင့် ဂျီကျတတ်သော ကလေးများကို ငြိမ်သွားစေသည်။
    • ချိုလိမ်သည် ကလေး၏အာရုံကို ခဏတာမျှလွှဲလိုက်သည့် သဘောဖြစ်သည်။
    • ချိုလိမ်စို့နေရင်း ကလေး အိပ်ပျော်သွားနိုင်သည်။
    • ကလေးများ လန့်နိုးသောအခါများတွင် ချိုလိမ်လေးငုံထားခြင်းဖြင့် သူ့ကို အကြောက်ပြေစေသည်။
    • ချိုလိမ်သည် ကလေးများရုတ်တရက်သေဆုံးခြင်းကိုလည်း လျော့နည်းစေပါသည်။

    ညဘက်နှင့် အိပ်ချိန်များတွင် ချိုလိမ်ငုံထားခြင်းဖြင့် ကလေးများရုတ်တရက်သေဆုံးခြင်းကိုလည်း လျော့နည်းစေပါသည်။ မိခင်သည် နို့တိုက်မိခင်ဖြစ်ပါက ကလေး အသက် ၃/၄ ပတ်ခန့်မှ ချိုလိမ်ကိုစအသုံးပြုသင့်ပြီး မိခင်သည် ကလေးအားထိန်းကျောင်းခြင်းတို့ အသားကျသွားသော အခါမှသာ ချိုလိမ်ကို ပေးငုံသင့်သည်။

    တစ်ခါသုံးချိုလိမ်များကို သုံးပါ။

    ကလေးများသည် ချိုလိမ်ကို မငုံတော့သည့်အခါတွင် ချိုလိမ်ကို လွှင့်ပစ်လိုက်ပါ။ တစ်ခါသုံးမဟုတ်လျှင် ရေနွေးဆူဆူမှာ ပြုတ်ပြီး ပြန်သုံးပါ။ ကလေးများသည် ချိုလိမ်ထက် လက်စုပ်ခြင်းကို ပိုအားသန်ပါက ထိုအကျင့်ကို ဖျောက်ရန် အတော်ကြိုးစားရမည်ဖြစ်သည်။

    ချိုလိမ်စုပ်ခြင်း၏ဆိုးကျိုးများ

    ချိုလိမ်စုပ်ခြင်းဖြင့်ကောင်းကျိုးများရှိသလို ဆိုးကျိုးများလည်းရှိပါသည်။

    • ချိုလိမ်များကို ကလေးမွေးကင်းစတွင် အသုံးပြုခြင်းသည် ကလေး၏မိခင်နို့သောက်သုံးမှုကို လျော့ကျစေပါသည်။
    • သင့်ကလေးသည ချိုလိမ်ကို အလွန်အမင်းတွယ်တာသွားနိုင်သည်။
    • ချိုလိမ်စုပ်ခြင်းဖြင့် နားအလယ်ပိုင်းပိုးဝင်ခြင်းကို ဖြစ်စေသည်။
    • ချိုလိမ်စုပ်ခြင်းသည် သွားကျန်းမာရေးကို လည်း ထိခိုက်စေသည်။

    သင့်ကလေးကို ချိုလိမ်ငုံခိုင်းမည်ဆိုလျှင် အောက်ပါအချက်များကို သတိပြုပါ။

    • ကလေးကို မိခင်နို့ကောင်းကောင်းစို့နိုင်သော အချိန်မှ ချိုလိမ်စုပ်ခိုင်းပါ။
    • ချိုလိမ်ကို ပထမဦးစားပေးအနေနှင့် အသုံးမပြုပါနှင့်။
    • ဆီလီကွန်နှင့် ပြုလုပ်ထားသော ၊ ဆေးကြောသန့်စင်မှုပြုလုပ်နိုင်သော ချိုလိမ်များကို အသုံးပြုပါ။
    • သင့်ကလေးကို သူ့ဘာသာသူ စုပ်တတ်အောင် သင်ပေးပါ။
    • စိတ်ချရအောင်ထားပါ။

    ချိုလိမ်များကို မှန်မှန်လဲပေးပါ။ ဝယ်ယူသည့်အခါတွင် လည်း ကလေး၏အသက်နှင့် ကိုက်ညီသော အရွယ်အစားကိုဝယ်ပါ။ ပျက်စီးနေသည်များရှိသလား သေချာအောင်ကြည့်ဝယ်ပါ။

    ချိုလိမ်များတွင် ကလစ်၊ ညှပ်တံများကို ဂရုပြုပါ။ သင့်ကလေး၏လည်ပင်းတွင် ချိုလိမ်ကို ကြိုးဖြင့် ဆွဲထားခြင်း၊ ပြုတ်မကျအောင် ညှပ်ပေးထားခြင်းတို့ကို မပြုလုပ်ပါနှင့်။

    ကလေးကို ဘယ်အချိန်မှာ ချိုလိမ်မပေးသင့်ဘူးလဲ။

    ကိုယ်အလေးချိန်တက်အောင် ကျွေးမွေးနေရသော ကလေးများကို ချိုလိမ် မပေးသင့်ပါ။ ထိန်းကျောင်းရခက်သော ကလေးများ၊ ကလေးအမေက နို့မထွက်သော ကလေးများကို ချိုလိမ်မပေးခြင်းက ပိုသင့်တော်ပါသည်။ ထို့ပြင် နားတွင်းရောဂါပိုးဝင်နေသော၊ ဝင်ဖူးသော ကလေးများကိုလည်း မပေးသင့်ပါ။

    လမစေ့ဘဲ မွေးသောကလေးများ၊ ကိုယ်အလေးချိန်မတက်သော ကလေးများအတွက် မိခင်များအနေနှင့် တစ်နည်းမဟုတ်တစ်နည်းစဉ်းစားနေပါလိမ့်မည်။

    ချိုလိမ်များသည် ကလေးငယ်များကို ရုတ်တရက်သေဆုံးခြင်းကို လျော့နည်းစေနိုင်သော ကောင်းကျိုးများရှိနေသောကြောင့် ချိုလိမ်အသုံးပြုမှုကို သင့် ဆရာဝန်နှင့် တိုင်ပင်ခြင်းသည် အကောင်းဆုံးဖြစ်ပါလိမ့်မည်။

    သင်သည် သင့်ကလေးကို ချိုလိမ်မသုံးစေချင်ပါက ၊ အထူးသဖြင့် မိခင်နို့ကိုသာလျှင် တိုက်ကျွေးမည်ဆိုပါက သင့်ဆန္ဒကို ကျန်းမာရေးစောင့်ရှောက်သူများအား ကြိုပြောထားပါ။

    သင်သည် သင့်ကလေးအား အိမ်ရောက်လျှင် ချိုလိမ်ဖြင့် ချော့သိပ်ရန် အစီအစဉ်မရှိပါက ဆေးရုံတွင် ကလေးကို မွေးပြီးခါစ ၁ရက် ၂ရက်တွင် ချိုလိမ်စို့ခိုင်းနေရန် မလိုအပ်ပါ။

    health-tool-icon

    ကလေးကာကွယ်ဆေးထိုး အချိန်ဇယား

    ကာကွယ်ဆေးထိုးအချိန်ဇယားကို အသုံးပြုပြီး သင့်ကလေး ဘယ်ကာကွယ်ဆေးကို ဘယ်အရွယ်မှာ ထိုးသင့်တယ်ဆိုတာကို လေ့လာလိုက်ပါ။

    ကလေးက ယောကျာ်းလေးလား၊ မိန်းကလေးလား

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Pacifiers: Pros, cons, and smart ways to use them
    http://www.babycenter.com/0_pacifiers-pros-cons-and-smart-ways-to-use-them_128.bc
    Accessed : 8 January 2017

    Pacifiers: Are they good for your baby?
    http://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/pacifiers/art-20048140?pg=1
    Accessed : 8 January 2017

    စာရေးသူ ဓာတ်ပုံbadge
    Dr. K Zin Thwe မှ ရေးသားသည်။ 6 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။