ကလေးတွေမှာ တချို့က မွေးလာကတည်းက နှလုံးရောဂါလေးနဲ့ မွေးဖွားလာတတ်ပါတယ်။ ဒါကို ဆေးပညာအရ congenital heart disease (မွေးရာပါနှလုံးရောဂါ) လို့ ခေါ်ပါတယ်။ CDC အဆိုအရ အမေရိကန်မှာ လက်ရှိ မွေးရာပါ နှလုံးရောဂါရှိတဲ့ ကလေး တစ်သန်းနဲ့ လူငယ် တစ်သန်း ရှိတယ်လို့ ဆိုပါတယ်။ ဒီဘက်နှစ်ပိုင်းတွေမှာ ဆေးပညာတွေ တိုးတက်လာတဲ့အတွက် ရောဂါတွေကို အရင်ကထက် ပိုပြီးကောင်းအောင် ကုလာနိုင်တာကြောင့် မွေးရာပါနှလုံးရောဂါသည် ကလေးတွေဟာ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာကြပါပြီ။ ကုသလို့ပျောက်ကင်းတဲ့အတွက်ကြောင့် အသက်ရှင်နိုင်ခြေလည်း ပိုပြီး များလာပါပြီ။