ဘေဘီလေးတစ်ယောက်အတွက် သံဓာတ်က လိုအပ်တယ်ဆိုပေမယ့် လိုတာထက်ပိုတဲ့အခါ ဘေဘီလေးကို ထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ်။ ဒီတော့ ဘေဘီလေးတစ်ယောက်အနေနဲ့ အသက်အရွယ်အလိုက် လိုအပ်မယ့် သံဓာတ် ပမာဏအတိုင်း ဖြည့်ပေးတာက အကောင်းဆုံး နည်းလမ်းပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
ဘေဘီလေးတစ်ယောက်အတွက် သံဓာတ်က လိုအပ်တယ်ဆိုပေမယ့် လိုတာထက်ပိုတဲ့အခါ ဘေဘီလေးကို ထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ်။ ဒီတော့ ဘေဘီလေးတစ်ယောက်အနေနဲ့ အသက်အရွယ်အလိုက် လိုအပ်မယ့် သံဓာတ် ပမာဏအတိုင်း ဖြည့်ပေးတာက အကောင်းဆုံး နည်းလမ်းပါ။
သံဓာတ်ဆိုတာက ဘေဘီလေးတွေမှာ မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ဘေဘီလေးတိုင်းအတွက် လိုအပ်တဲ့ အာဟာရတစ်မျိုးပေါ့။ ဘေဘီလေးတွေအနေနဲ့ သံဓာတ်ကို မေမေ့နို့ချိုကနေ ရရှိနိုင်သလို သံဓာတ်ဖြည့်စွက်ထားတဲ့ ဘေဘီလေးတွေအတွက် ထုတ်လုပ်ထားတဲ့ ဖြည့်စွက်အာဟာရတွေကနေလည်း ရရှိနိုင်ပါတယ်။
သံဓာတ်က ဘေဘီလေးရဲ့ သွေးနီဥဆဲလ် ပမာဏကို တိုးစေနိုင်သလို လျင်မြန်စွာ ကြီးထွားလာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ သံဓာတ်နည်းလွန်းတာက ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သလို သွေးအားနည်းရောဂါ ဖြစ်စေပြီး ဘေဘီလေးရဲ့ အစားစားချင်စိတ်နဲ့ အာရုံစူးစိုက်မှုတွေအပေါ်မှာပါ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။
ဘေဘီလေးကြီးထွားဖို့အတွက် သံဓာတ်ပြည့်ဝဖို့ လိုသလို သံဓာတ် လိုတာထက် ပိုမသွားဖို့လည်းပါတယ်။ ဘေဘီလေးကို သံဓာတ် ပြည့်ဝအောင်ဖြည့်ပေးဖို့ လိုတယ်ဆိုပြီး သံဓာတ်တွေ ပြည့်ဝအောင် ကျွေးရာကနေ သံဓာတ်က လိုတာထက် ပိုမယ်ဆိုရင် ဘေဘီလေးမှာ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။
ဘေဘီလေးတွေ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် သံဓာတ်ကပြည့်ဝဖို့ လိုတယ်ဆိုပေမယ့် ဘေဘီလေးမှာ သံဓာတ်က လိုတာထက် ပိုများသွားတဲ့အခါ ခန္ဓာကိုယ်က သံဓာတ်တွေကို လိုတာထက်ပိုပြီး စုပ်ယူစုဆောင်းလိုက်ပါတယ်။ စားလိုက်တဲ့ အစားအစာကနေရသမျှ သံဓာတ်ကို ခန္ဓာကိုယ်က စုဆောင်းလိုက်တာပါ။
ဒီလိုနဲ့ သံဓာတ်တွေက အဆစ်တွေ၊ ကိုယ်တွင်းအင်္ဂါတွေဖြစ်ကြတဲ့ အသည်း၊ နှလုံး၊ ဦးနှောက်၊ ပန်ကရိယ နဲ့ အဆုတ်တွေထဲမှာ စုပုံသွားပါတယ်။ ဒီလို စုပုံမှုက အသည်းရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဆစ်နာတာ၊ ခြေကုန်လက်ပမ်းကျတာတွေကို ခံစားရနိုင်ပါတယ်။
ဒီပြဿနာတွေအပြင် ကလေးရဲ့ ကြီးထွားမှုကို ထိခိုက်စေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သံဓာတ် လွန်ကဲနေတာကို စောစောသိမယ်ဆိုရင်တော့ စောစောကုသပြီး နောက်ဆက်တွဲ ပြဿနာတွေကို အထိရောက်ဆုံး ရှောင်ရှားနိုင်မှာပါ။
အသက်၆ လမတိုင်ခင်အထိက ဘေဘီလေးတွေအနေနဲ့ သံဓာတ်ကို မိခင်နို့ကနေ ရရှိနိုင်ပေမယ့် အသက် ၆ လပြည့်ပြီးတဲ့အခါ ဖြည့်စွက်အာဟာရတွေကနေတဆင့်လည်း သံဓာတ်ကို ရရှိနိုင်ပါတယ်။
ဒီလို ဖြည့်ဆည်းပေးတဲ့အခါ ဘေဘီလေးရဲ့ သံဓာတ် လိုအပ်ချက်နဲ့ ကိုက်ညီစေဖို့ အသက် ၆ လက နေ တစနှစ်အရွယ် ဘေဘီလေးအတွက် တစ်နေ့ကို သံဓာတ် ၁၁ မီလီဂရမ်လောက် လိုအပ်ပါတယ်။ ဘေဘီလေးက တစ်နှစ်ကျော်ဆိုရင်တော့ သံဓာတ်ကို ၇ မီလီဂရမ်လောက် လိုအပ်မှာပါ။
ဘေဘီလေးကို သံဓာတ် လိုအပ်ချက် ပြည့်မီစေဖို့ သံဓာတ်ဖြည့်စွက်ထားတဲ့ အစားအစာတွေကို ကျွေးပေးလို့ရသလို အသား နဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်လိုမျိုး သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ကျွေးပေးလို့ရပါတယ်။
ဘေဘီလေးတွေမှာ သံဓာတ်က လိုတာထက် ပိုများသွားတဲ့အခါ
ဘေဘီလေးမှာ သံဓာတ်များနေတဲ့အခါ မေမေတို့အနေနဲ့
ကဲ ဘေဘီလေးမှာ သံဓာတ် ပိုလည်း မပို လိုလည်း မလိုစေဖို့ သေချာလေး ဂရုစိုက်ပေးလိုက်တော့နော်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။