ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင်
ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင် ဒါလေးကို အရင်ဖတ်ကြည့်လိုက်ပါ။ စတော်ဘယ်ရီ ဆိုတာက ကလေးတွေရော လူကြီးတွေပါ နှစ်သက်တဲ့ အသီးလေး တစ်မျိုးပေါ့။ အရောင်အသွေး အသွင်အပြင်အရကလည်း ကလေးကြိုက်တဲ့ ကာလာလေးပါ။ ဒီလိုမျိုး အရောင်အသွေး အသွင်အပြင်ရော အရသာကပါ ကလေးတွေကို နှစ်ခြိုက်စေတဲ့ စတော်ဘယ်ရီသီးလေးကို ဘေဘီလေးကို ကျွေးလို့ ရမလား! ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ စတော်ဘယ်ရီ ဆိုတာ စတော်ဘယ်ရီ ဆိုတာက ဘယ်ရီသီးမျိုးရင်းဝင် တစ်မျိုးပါ။ အရောင်က အနီရောင်ရဲရဲလေးနဲ့ အညှာတံကတော့ အစိမ်းရောင်လေးပါ။ အရသာက ချိုချိုချဉ်ချဉ်နဲ့ တော်တော်လေး စားကောင်းပါတယ်။ ဒီအတိုင်း စားလို့ ရသလို နို့စိမ်း၊ နို့ဆီတွေနဲ့ ခေါက်သောက်တာမျိုး လုပ်ပေးလို့လည်း ရပါတယ်။ စတော်ဘယ်ရီမှာ အခုလို အာဟာရဓာတ်လေးတွေလည်း ပါဝင်နေပါတယ်။ ဗီတာမင် C၊ […]